ဟိုပန်တွင် UWSA နှင့် ပြည်သူ မြေအငြင်းပွားမှုဖြစ်

သျှမ်းပြည်မြောက်ပိုင်း ဟိုပန်မြို့တွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) သည် ရုံးဆောက်ရန် အတွက် ပြည်သူပိုင် လယ်ယာမြေပေါ်ရှိ ရော်ဘာပင်များကို ခုတ်ထွင်ရှင်းလင်းလိုက်ကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။

ဟိုပန်မြို့ ရုံးကုန်းရပ်ကွက်အနီးတွင် ရှိသော ပြည်သူများ၏ မြေကွက် စုစုပေါင်း ၁၁ ခုကျော် ( ၂ ဧက နီးပါး) ကို “ဝ” တပ်ဖွဲ့ UWSA က သိမ်းယူရန် ပြင်ဆင်နေခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့မှစတင်ပြီး “ဝ” တပ်ဖွဲ့ UWSA ၏ တပ်သားများက အတင်းအဓမ္မ ဝင်ရောက်ပြီး ထိုလယ်ယာမြေပေါ်ရှိ ရော်ဘာပင်များကို ပိုင်ရှင်များ၏ ဆန္ဒမပါဘဲ ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း ကာယကံရှင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီမြေက ကျမတို့အဘိုးအဘွားပိုင်မြေ။ ကျမတို့ နေထိုင်လာတာက နှစ်ပေါင်း ၅၀ ကျော်ပြီ။’ ဝ’က သူတို့ရုံးစိုက်ချင်တယ်ဆိုပြီး ကျမတို့ကိုပြောတာ။ ကျမတို့လည်း ညှိနှိုင်းမှုလုပ်တယ်။ သူတို့က ကျမတို့ကို (၁၄၃) တပ်ရင်းထဲက မြေကိုပေးတယ်။ ကျမတို့က အဲ့နေရာကို မကြိုက်ပါဘူး။ ကျမတို့က ညှိနှိုင်းပေးဖို့ တောင်းဆိုတယ်။ ကျမတို့ ညှိနှိုင်းလို့မပြီးသေးတဲ့ခင်မှာဘဲ သူတို့က ဒီလိုလာလုပ်တာ” ဟု ၎င်းကပြောသည်။

လက်ရှိ “ဝ” တပ်ဖွဲ့ UWSA မှ သိမ်းယူရန် ပြင်ဆင်နေသော မြေကွက်များ စုစုပေါင်း ၁၁ မူကျော် ( ၂ ဧကနီးပါး) ရှိပြီး ဒေသခံများ၏ ရော်ဘာခြံအပါအဝင် အိမ်ထောင်စု (၈) စု ပိုင်ဆိုင်သော မြေကွက်များအား ပါဝင်ထားကြောင်း ဆိုသည်။

မြေသိမ်းခံရသည့် အမျိုးသားတစ်ဦးကတော့ အဆိုပါမြေကွက်များအား ခက်ခက်ခဲခဲဖြင့် ဝယ်ယူထားသောကြောင့် ယခုကဲ့သို့ သိမ်းယူလိုက်သည့်အပေါ် လက်မခံနိုင်ကြောင်း ပြောသည်။

“ဒီမြေကွက်ကို ကျနော်တစ်ယောက်ထဲ ပိုင်ဆိုင်တာမဟုတ်ပါဘူး။ ကျနော်တို့ မိသားစုတွေထဲက တစ်ယောက် နည်းနည်းနဲ့ ဒီမြေကွက်လေးကို ရအောင်ရှာထားရတာ။ ယူမယ်ဆိုလို့ရှိရင် ဒီမြေကွက်ကို သင့်တော်တဲ့အနေထားမျိုး ပြန်ပေးနိုင်ရင်တော့ ကျနော်တို့က လက်ခံလို့ရတာပေါ့”ဟု ၎င်းကပြောသည်။

ထို့ပြင် မြေကွက်များအားလုံး သိမ်းယူပြီး လျော်ကြေးအဖြစ် ပြန်ပေးမည်ဆိုသော်လည်း လက်ရှိအခြေအနေတွင် မြေကွက်ပြန်လည် ဝယ်ယူရန်မလွယ်တော့သဖြင့် နှစ်ဦးနှစ်ဖက်ပြေလည်အောင် ညှိနှိုင်းပေးစေလိုကြောင်း ဆိုသည်။

အဆိုပါ လယ်ယာမြေကိစ္စနှင့် ပတ်သက်ပြီး အစိုးရနှင့် လူထုကြား အဆင်မပြေမှုများ ဖြစ်ခဲ့သည့်အပေါ် ဗဟိုနှစ်ချုပ် အစည်းအဝေးအပြီး မြေရှင်တွေကို ထပ်မံခေါ်ယူကာ ညှိနှိုင်းဖြေရှင်းပေးရန် ရှိသည်ဟု UWSA ၏ ပြင်ပဆက်ဆံရေး တာဝန်ခံ ဦးညီရမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

” အခုရက်ပိုင်း ဗဟိုနှစ်ချုပ်အစည်းအဝေး လုပ်နေကြတာမို့ ပြီးသွားရင် ထပ်ခေါ်ယူညှိနှိုင်းဖြေရှင်းပေးမယ်လို့ သိရပါတယ်” ဟု ဦးညီရမ်းက ပြောသည်။

“ဝ” တပ်ဖွဲ့ UWSA မှ ရုံးဆောက်လုပ်ရန် ပြင်ဆင်ထားသော ထိုနေရာသည် ဟိုပန်မြို့ ရုံးကုန်းရပ်ကွက်ရှိ ဘောလုံးကွင်း၏ အနောက်ဖက်တွင် တည်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ် ပန်ဆန်းမြို့အနီး ယမ်းချက်စက်ရုံပေါက်ကွဲမှုဖြစ်၊ ထိခိုက်သေဆုံးသူများပြား

0
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ ပန်ဆန်း(ပန်ခမ်း) မြို့နယ်ရှိ သတ္တုတူးဖော်ရာတွင် အသုံးပြုသည့် ယမ်းချက်စက်ရုံတစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် သေဆုံးသူ အများအပြား ရှိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဧပြီ ၇ ရက်) ညနေပိုင်းတွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်သည့် ပန်ဆန်း (ပန်ခမ်း) မြို့အနီး...

သမ္မတဖြစ်လာသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို UWSA ဂုဏ်ပြုသဝဏ်လွှာပို့

0
စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရပြီးနောက် ဂုဏ်ပြုဝမ်းမြောက်ကြောင်း သဝဏ်လွှာကို 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မှ ပေးပို့ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နေပြည်တော်၌ ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်အမတ်...

မိုင်းဆတ် UWSA ပိုင် ကျောက်မီးသွေးစက်ရုံသစ်ကြောင့် နမ့်ခုတ်မြစ်ရေ အဆိပ်သင့်၊ ဒေသခံများ ကျန်းမာရေးထိခိုက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တောင်ဘက်ရှိ ဝမ်ဟုန် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံသစ်ကြောင့် နမ့်ခုတ်မြစ်ရေ ညစ်ညမ်းမှု ပိုမိုဆိုးရွားလာပြီး ဒေသခံများ၏ ကျန်းမာရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများအပေါ် ခြိမ်းခြောက်ခံနေရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ယမန်နေ့ (မတ်လ ၂၂ ရက်) တွင် ထုတ်ပြန်လိုက်သည်။ အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံသည်...

UWSA ထိန်းချုပ်နယ်မြေတွင် မြန်မာစာနှင့် ‘ဝ’စာပေကို အထူးသင်ယူရန် ညွှန်ကြား

0
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေရှိ ပညာရေးကဏ္ဍတွင် မြန်မာစာနှင့် ‘ဝ’စာပေကို အထူးသင်ယူရန် ညွှန်ကြားထားကြောင်း သတင်းသိရသည်။ မတ်လ (၃) ရက်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့နယ်တွင် လုပ်ငန်းနှစ်ချုပ်အစည်းအဝေး ကျင်းပခဲ့စဉ် “နိုင်ငံတော်မှ လုံးဝ ခွဲထွက်မည်မဟုတ်” ဆိုသည့်အတိုင်း ပညာရေးကဏ္ဍတွင် မြန်မာစာနှင့်...

တန့်ယန်းမြို့နယ်တွင် UWSA နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းပြီး သလင်းကျောက် တူးဖော်

0
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် ပန်ညောင်ကျေးရွာအုပ်စု လွိုင်လောဝ်တောင်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းပြီး သလင်းကျောက် တူးဖော်နေကြောင်း ဒေသခံပြောပြချက်အရ သိရသည်။ တန့်ယန်းမြို့နယ် လွိုင်လောဝ်(လွႆလၢဝ်)တောင်မှ ထွက်ရှိသော သလင်းကျောက်များကို ‘ဝ’တပ်ဖွဲ့ UWSA နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းတူးဖော်နေပြီး ပန်ညောင်ကျေးရွာအုပ်စုနှင့် မိုင်းကျိုင်ကျေးရွာအုပ်စု အစပ်ရှိ...