UWSA ထိန်းချုပ် မန်မန်ဆိုင်သတ္တုတွင်း ၂ နှစ်နီးပါး ပိတ်ထားရာမှ သံဖြူသတ္တု ပြန်လည်တူးဖော်မည်

သျှမ်းပြည် ‘ဝ’ဒေသအတွင်း UWSA ထိန်းချုပ် မိုင်းလင်းခရိုင်ရှိ မန်မန်ဆိုင် သတ္တုတွင်းကို ၂ နှစ်နီးပါး ပိတ်ထားရာမှ သံဖြူသတ္တု ပြန်လည်တူးဖော်နိုင်ရန် စိစစ်မှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

ဖေဖော်ဝါရီ (၁၀) ရက်မှ (၁၅) ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် ‘ဝ’ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၏ လုပ်ငန်းနှစ်ချုပ် အစည်းအဝေးတွင် ၂၀၂၅ ခုနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှု စီမံကိန်း (၉) ခုကို ချမှတ်ခဲ့ကြောင်း WSTV မှ ဖေဖော်ဝါရီ (၁၆) ရက်တွင် သတင်းထုတ်ပြန်သည်။

‘ဝ’တပ်ဖွဲ့ UWSA ၏ ၂၀၂၅ ခုနှစ်အတွင်း လုပ်ဆောင်မည့် စီမံကိန်း (၉) ခုထဲတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး၊ အွန်လိုင်းကျားဖြန့် တိုက်ဖျက်ရေးအပါအဝင် ၂ နှစ်နီးပါး ပိတ်ထားခဲ့သည့် မန်မန်ဆိုင်သတ္တုတွင်းကို ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်တူးဖော်မည် ဖြစ်ကြောင်း သိရသည်။

“နှစ်စဉ် ပုံမှန်လုပ်နေကြ နှစ်ချုပ်အစည်းအဝေးပါ။ မန်မန်ဆိုင် သတ္တုတွင်း ပြန်လည်ဖွင့်လှစ်နိုင်ဖို့ စိစစ်မှုတွေ ပြုလုပ်နေတုန်းပါ။ ရှေ့ဆက် ဒေသအဘက်ဘက်မှ ဖွံ့ဖြို့တိုးတက်ဖို့ အတွက်တွေပါပဲ။ ကျန်တာ ထွေထွေထူးထူးမရှိပါ”ဟု ‘ဝ’ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက သျှမ်းသံတော်ဆင့်ကို ဖြေကြားသည်။

ပုံစာ – UWSA ထိန်းချုပ် မိုင်းလင်းခရိုင်ရှိ မန်မန်ဆိုင်သတ္တုတွင်း

UWSA နှစ်ချုပ်အစည်းအဝေးတွင် ဒုအထွေထွေအတွင်းရေးမှူး ပေါက်အိုက်ခမ်း ဖတ်ကြားခဲ့သည့် ၎င်းစီမံကိန်းများထဲ ပြည်ပဆက်ဆံရေး တိုးမြှင့်ရန်၊ ကျန်းမာရေးစနစ် မြှင့်တင်ရန်၊ ပိုးလမ်းမစီမံကိန်း BRI နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းတို့ကို အခွင့်ကောင်းယူပြီး ‘ဝ’ဒေသတွင် စီးပွားရေးဇုန်တစ်ခု တည်ဆောက်ရန် ပါဝင်သည်။

‘ဝ’တပ်ဖွဲ့မှ ပြန်လည်ခွင့်ပြုမည့် မန်မန်ဆိုင်သတ္တုတွင်းကို ၂၀၂၃ နှစ်လယ်ပိုင်းက စတင်၍ သံဖြူတူးဖော်ခွင့် ပိတ်ထားခဲ့ရာမှ ၂ နှစ်နီးပါးအကြာ ယခုနှစ်ဆန်းပိုင်းမှ စတင်၍ လည်ပတ်နိုင်ရန် ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

UWSA ထိန်းချုပ် ‘ဝ’ဒေသသည် တရုတ်နိုင်ငံ၏ သံဖြူတင်သွင်းမှု အဓိကအရင်းအမြစ် ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဩဂုတ်လ (၁) ရက်နေ့တွင် သတ္တုသန့်စင်သည့် စက်ရုံများအားလုံးကို ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့စဉ် တရုတ်နိုင်ငံအပေါ် ရိုက်ခတ်မှု ကြီးမားခဲ့ကြောင်း နိုင်ငံတကာ သံဖြူအသင်း (ITA) က ဖော်ပြထားသည်။

အလားတူ ကမ္ဘာ့သံဖြူထုတ်လုပ်မှု (၁၀) ရာခိုင်နှုန်းခန့်မှာ ‘ဝ’ဒေသမှ ထွက်ရှိနေခြင်းကြောင့် ယခင်ပိတ်ပင်မှုသည် ကမ္ဘာ့သံဖြူ‌ဈေးလည်း မြင့်တက်ခဲ့သည်ဟု ဆိုသည်။

သို့သော် ၂၀၂၄ ဇွန်လအတွင်း ‘ဝ’ဒေသ စက်မှုနှင့် သတ္တုတွင်းဌာနမှ အလုပ်သမားလစာ ပေးဆောင်နိုင်ရန် ခက်ခဲနေမှု အကြောင်းပြကာ မန်မန်ဆိုင် သတ္တုတွင်းရှိ လက်ကျန် သံဖြူသတ္တုများကို တင်ပို့ရောင်းချခွင့်ပြုပြီး သံဖြူ (၁၁၈၅၂) တန် ကျန်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ပုံစာ – UWSA ထိန်းချုပ် မိုင်းလင်းခရိုင်ရှိ မန်မန်ဆိုင်သတ္တုတွင်း

ထို့အပြင် ၂၀၂၂ မေလဆန်းပိုင်းက UWSA ထိန်းချုပ် မိုင်းလင်းခရိုင်ရှိ မန်မန်ဆိုင်သတ္တုတွင်း၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် သတ္တုတွင်းအလုပ်သမားနှင့် ပတ်ဝန်းကျင်မှ လူ(၁၀) ဦးထက်မနည်း သေဆုံးပြီး (၂၀) ကျော် ဒဏ်ရာရရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ်ဒေသ ခရစ်ယာန်ဝတ်ပြုကျောင်းများ ပိတ်ထားခိုင်း၊ အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှုရှိနေဟုဆို

0
သျှမ်းပြည် 'ဝ'တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ ပိတ်သိမ်းခံရပြီး အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှု ရှိနေကြောင်း စုံစမ်းသိရသည်။ လတ်တလောတွင် နာမည်ကြီးနေသည့် ခရစ်ယာန်ဘာသာရေးအမည်ခံ "ယေရှုတရုတ်မ”ဆိုသည့် ဂိုဏ်းအဖွဲ့ကြောင့် 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA ထိန်းချုပ်ဒေသ ပန်ဆန်း၊ မိုင်းပေါက်၊ နားဝီးနှင့် ၁၇၁ တောင်ပိုင်းစစ်ဒေသ...

စစ်အစိုးရ ရက်(၁၀၀) စီမံချက်အလွန် ‘ဝ’တပ်ဖွဲ့ UWSA နေပြည်တော်ခရီးစဉ် ထွက်ပေါ်

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...

မြန်မာ-ထိုင်းနယ်စပ်ရှိ အဖြိုက်နက်သိုက်များ တရုတ်နှင့် ရုရှား အပြိုင်လုနေ

0
မြန်မာ-ထိုင်းနယ်စပ်အနီး မိုင်းတုံမြို့နယ်ရှိ လွယ်ချီလိတ်တောင်တန်းတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့မှ ကုမ္ပဏီများက အဖြိုက်နက်သတ္တုသိုက်များကို အပြိုင်အဆိုင် တူးဖော်ရန် ကြိုးပမ်းနေကြကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်သည်။ လွယ်ချီလိတ်တောင်၏ တောင်ဘက်ခြမ်းတွင် တရုတ်ကုမ္ပဏီတစ်ခုသည် 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ပူးပေါင်းကာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှစ၍...