စစ်ကောင်စီ တြိဂံတိုင်းစစ်ဌာနချုပ်သည် UWSA နှင့် ထိုင်းစစ်တပ်ကြား အငြင်းပွားနေသည့် နယ်စပ်သို့သွားရောက်

မြန်မာ-ထိုင်းနယ်စပ် မိုင်းတုံမြို့နယ်အတွင်း ထိုင်းစစ်တပ်နှင့် ‘ဝ’တပ်ဖွဲ့ UWSA အကြား နယ်နိမိတ်အငြင်းပွားနေသည့် နယ်စပ်အနီးသို့ စစ်ကောင်စီ၏ တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင် သွားရောက်စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၁၀ ရက်) ညနေ ၅ နာရီခန့်တွင် မိုင်းတုံမြို့နယ် နားကောင်းမူးကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-(၆၅) သို့ ကားအစီးရေ (၂၀) ခန့်ဖြင့် တြိဂံတိုင်းစစ်ဌာနချုပ် (တသခ) တိုင်းမှူး ရောက်ရှိလာပြီး UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသ မုံးထမြို့နှင့် ပါချီး နယ်စပ်ဂိတ် သို့ ဆက်လက်သွားရောက်နေကြောင်း ဒေသခံများက ပြောသည်။

“မနေ့က ၅ နာရီဝန်းကျင် တိုင်းမှူးက ‘ဝ’ ၁၇၁ ဌာနကို ဆင်းသွားတယ်။ တိုင်းမှူးက ဒီနေ့ ပါချီးတက်မယ်၊ မုံးထ သွားမယ်လို့ ကြားရတယ်။ ၁၈ ရက်နေ့ နီးပြီဆိုတော့ နယ်စပ်ပြဿနာ အဖြေရှာပြီး ရှင်းမယ်လို့ အကြမ်းဖျင်းသိရတယ်၊ လုံခြုံရေးတွေ အပြည့်နဲ့ လာတယ်”ဟု မိုင်းတုံဒေသခံ အသက်(၄၀) ကျော်အရွယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

UWSA

လက်ရှိတွင် ကျိုင်းတုံမြို့အခြေစိုက် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တသခ တိုင်းမှူး တာဝန်ယူထားသူမှာ ဗိုလ်ချုပ်စိုးလှိုင်ဖြစ်ကြောင်း သိရသည်။

ထိုင်းစစ်တပ်နှင့် နယ်နိမိတ်ပြဿနာ ဖြစ်ပွားနေသည့် UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသသို့ တြိဂံဒေသတိုင်းမှူး ရောက်ရှိနေသော်လည်း ၎င်းနှင့် ထိုင်းနယ်စပ်အရေး တွေ့ဆုံဆွေးနွေးခြင်း မရှိကြောင်း ‘ဝ’ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ပြောဆိုသည်။

“တိုင်းမှူးလာတာ မှန်ပါတယ်၊ နယ်မြေတပ်တွေ သွားရောက်စစ်ဆေးတာ ဖြစ်မှာပါ။ ကျနော်တို့နဲ့ တွေ့ဆုံဖို့မရှိပါ၊ ထိုင်းနဲ့လည်း တွေ့ဆုံဖို့ မရှိပါ။ ထိုင်းနယ်စပ် ကိစ္စရပ် လောဆယ် ငြိမ်သွားပါပြီ။ ကျနော်တို့ဘက်ကတော့ အားလုံးပုံမှန်ပါပဲ”ဟု ဦးညီရမ်းက သျှမ်းသံတော်ဆင့်ကို ဖြေကြားသည်။

အခြားတဘက်တွင် ထိုင်း-မြန်မာနယ်စပ်ရှိ ‘ဝ’တပ်ဖွဲ့ UWSA တပ်စခန်း (၉) နေရာကို ထိုင်းစစ်တပ်က ဒီဇင်ဘာလ (၁၈) ရက် နောက်ဆုံးထားပြီး ရွှေ့ပြောင်းပေးရန် တောင်းဆိုခဲ့ပြီးနောက် ဒေသခံများအကြား နှစ်ဘက်တပ်ဖွဲ့ စစ်ရေးတင်းမာနေကြောင်း ပျံ့နှံ့နေပြီး ပါချီး နယ်စပ်ဂိတ်လည်း ပိတ်ပင်ခံရမည်ကို စိုးရိမ်နေသည်ဟု ဆိုသည်။

“ဒေသခံတွေက ပါချီး ပိတ်ပစ်မှာ စိုးရိမ်နေကြတယ်၊ ပိတ်မယ်လို့လည်း ပြောနေကြတယ်။ စစ်ဖြစ်မှာကို စိတ်ပူကြတာပေါ့။ ဘာလို့လဲဆိုတော့ ထိုင်းက ၁၈ ရက် နောက်ဆုံးထား ဖြေရှင်းဖို့ရယ်၊ စစ်ဖြစ်လာရင် ‘ဝ’နဲ့ တစ်ဖွဲ့ထဲ မဟုတ်ဘဲ သျှမ်းနဲ့ပါ ကူးသွားနိုင်ကြတယ်”ဟု မိုင်းတုံဒေသခံ ၎င်းအမျိုးသားက ဆက်ပြောသည်။

သို့သော် UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသ လက်အောက်ခံ တပ်စခန်းများနှင့် ထိုင်းစစ်တပ်တို့အကြား စစ်ရေးတင်းမာမှု အခြေအနေမှာ ကောလာဟလ သာဖြစ်ပြီး မီဒီယာအချို့က ချဲ့ကားပြောဆိုခြင်းနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုံ့ချကြောင်း ‘ဝ’တပ်ဖွဲ့က ဒီဇင်ဘာလ (၈) ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

“အခု ‘ဝ’နဲ့ ထိုင်းနဲ့ ဖြစ်နေတာ နှစ်ဘက်စလုံးက စဉ်းစားဖို့လိုတယ်။ သို့သော်လည်း ‘ဝ’နောက်မှာ တရုတ်ရှိတယ်၊ ဒီတရုတ်ကိုလည်း စဉ်းစားဖို့လိုတယ်။ နောက်တခုက ပိုင်ရှင်လို့ အများက မှတ်ယူတဲ့ ဗမာက တစ်ခွန်းမှ သူကမပြောဘူး။ သူက ဘာရည်ရွယ်ချက်ရှိလို့ မပြောတာလဲ၊ ဒါမှမဟုတ် မပြောချင်တာလား ဒါတွေ အကုန်လုံးကို တွက်ရမယ်”ဟု စစ်ကောင်စီ၏ ထိုင်းနယ်စပ်အရေး ရပ်တည်ချက်နှင့် ပတ်သက်ပြီး ဝါရင့်တော်လှန်ရေးရဲဘော်တစ်ဦးက သုံးသပ်ပြောဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၁၈) ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ထိုင်းစစ်တပ်နှင့် UWSA တောင်ပိုင်း (၁၇၁)စစ်ဒေသမှ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံခဲ့စဉ် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ဘက် ထိစပ်နေသည့် နယ်နိမိတ်မျဉ်းပေါ်ရှိ UWSA တပ်စခန်း (၉) နေရာကို တစ်လအတွင်း တပ်ဆုတ်ခွာပေးရန် ထိုင်းစစ်တပ်မှ ပြောဆိုခဲ့ကြောင်း ထိုင်းနှင့် မြန်မာ မီဒီယာများတွင် ဖော်ပြခဲ့ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ်ဒေသ ခရစ်ယာန်ဝတ်ပြုကျောင်းများ ပိတ်ထားခိုင်း၊ အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှုရှိနေဟုဆို

0
သျှမ်းပြည် 'ဝ'တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ ပိတ်သိမ်းခံရပြီး အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှု ရှိနေကြောင်း စုံစမ်းသိရသည်။ လတ်တလောတွင် နာမည်ကြီးနေသည့် ခရစ်ယာန်ဘာသာရေးအမည်ခံ "ယေရှုတရုတ်မ”ဆိုသည့် ဂိုဏ်းအဖွဲ့ကြောင့် 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA ထိန်းချုပ်ဒေသ ပန်ဆန်း၊ မိုင်းပေါက်၊ နားဝီးနှင့် ၁၇၁ တောင်ပိုင်းစစ်ဒေသ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

စစ်အစိုးရ ရက်(၁၀၀) စီမံချက်အလွန် ‘ဝ’တပ်ဖွဲ့ UWSA နေပြည်တော်ခရီးစဉ် ထွက်ပေါ်

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...