တန့်ယန်းကျားဖြန့်လုပ်ကိုင်သူ အယောက် (၅၀) ဝန်းကျင်ထပ်မံ ဖမ်းဆီးရမိ

သျှမ်းပြည် တန့်ယန်းမြို့နယ် နောင်ဟီးကျေးရွာတွင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသူ(၅၀)ဝန်းကျင်ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် (ဒီဇင်ဘာလ ၂ ရက်) တန့်ယန်းမြို့နယ် နောင်ဟီးကျေးရွာတွင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူ အယောက် (၅၀)ဝန်းကျင်ထဲတွင် တရုတ်နိုင်ငံသားအပါအဝင် မြန်မာနိုင်ငံသား အယောက်(၃၀)ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိပြီး၊ မည်သို့ အရေးယူဆောင်ရွက်သွားမည်ကို မသိရှိရသေးကြောင်း တန့်ယန်း ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“၂ ရက်နေ့တုန်းက ရဲနဲ့စစ်တပ်က သွားဖမ်းတာ။ အယောက် (၅၀ )ဝန်းကျင်ထိရှိတယ် အဲထဲမှာ တရုတ်တင်မကဘူး မြန်မာနိုင်ငံသား ၃၀ လောက်တောင်ပါတယ်။ အခုတော့ သူတို့ဖမ်းထားတယ် ဘယ်လို အရေးယူဆောင်ရွက်သွားမှာကို မသိရသေးဘူး။ ကွန်ျပျူတာတွေ လက်နက်ခဲယမ်းနဲ့ စတားလင့် (Starlink)စက် ပစ္စည်းတွေ တော်တော်များများ ဖမ်းမိထားတယ်”ဟု ၎င်းက ပြောသည်။

ယခုဖမ်းဆီးရမိသူများသည် နိုဝင်ဘာ ၁၉ရက် “ဝ”တပ်ဖွဲ့ UWSA ဖမ်းဆီးရမိသည့်သူ (၃၀၀)ကျော်မှ ပြန်လွှတ်ထားသည့်သူများလည်း ပါဝင်ကြောင်းသိရသည်။
“အခုဖမ်းမိတဲ့ ၅၀ကျော်က အရင် နိုဝင်ဘာ ၁၉ရက်နေ့က ဖမ်းရလို့ ပြန်လွှတ်လာတဲ့သူတွေ။ သူတို့က ပြန်လွှတ်လာပြီး ပြန်သွားလုပ်တဲ့သူတွေပါ” ဟု နောင်ဟီးဒေသခံ အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ပြီးခဲ့သည့် (နိုဝင်ဘာလ ၁၉)ရက်နေ့ တန့်ယန်းမြို့နယ်အတွင်း UWSA ဖမ်းဆီးရမိခဲ့သည့် အွန်လိုင်းကျားဖြန့် လုပ်ကိုင်သူ (၁၀၀၀) ကျော်ထဲမှ ကျန် (၃၀၀) ကျော်မှာ မြန်မာနိုင်ငံသားများဖြစ်ကြောင်း သိရပြီး ၎င်းတို့ကို စစ်ဆေးမေးမြန်းပြီး ပြန်လည်လွှတ်ပေးထားသူ ဖြစ်နေကြောင်း နောင်ဟီး ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့ပြင် ဖမ်းဆီးခံရသည့် တရုတ်နိုင်ငံသားများကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့် UWSA တပ်ဖွဲ့တို့က တရုတ်နိုင်ငံသို့ ချက်ချင်းလွှဲပြောင်းခဲ့သော်လည်း မြန်မာနိုင်ငံသားများကိုဖမ်းမိပါက ပိုက်ဆံကောက်ယူပြီး ပြန်လွှတ်ပေးလေ့ရှိကြောင်းလည်း ၎င်းအမျိုးသမီးက ဆက်ပြောသည်။

“တရုတ်ဆိုရင် တရုတ်ကို လွှဲပေးလိုက်တယ်။ တကယ်တော့ ဟန်ပြဖမ်းတာပဲ။တကယ်တော့ အခွန်မဆောင်လို့ ဝင်ဖမ်းတာပါပဲ။ ဖမ်းတာပဲရှိတာပျောက်သွားတာမှမရှိတာ။ အခုလည်း စစ်တပ်ကို အခွန်မဆောင်လို့ ဝင်ဖမ်းတာပဲလေ” ဟု ၎င်းက ဆိုပြန်သည်။
တန့်ယန်းမြို့နယ်အတွင်း စစ်ကောင်စီနှင့် UWSA တပ်ဖွဲ့တို့သည် ကျားဖြန့်လုပ်ငန်းလုပ်ဆောင်သူများကို ဝင်ရောက်ဖမ်းဆီးမှုပြုလုပ်နေသော်လည်း လက်ရှိမှာ ကျားဖြန့် ပပျောက်ခြင်းမရှိသကဲ့သို့ ကျားဖြန့်ဖမ်းဆီးခံရသူများလည်း ပြန်လွှတ်လာကာ ၎င်းလောကထဲသို့ ထပ်မံသွားလုပ်နေသေးကြောင်း တန့်ယန်းဒေသခံများက ပြောဆိုသည်။

“ အခုက အလုပ်အကိုင်ရှားပါးတော့ လူငယ်တွေက ငွေနောက်လိုက်သလို မိဘတွေကလည်း ငွေလိုတော့ ကျားဖြန့်လုပ်ကိုင်မှုက စွဲဆောင်မှုတခုပဲ။ လက်နက်ကိုင်တွေကလည်း ဟန်ပြဖမ်းနေတာပါ။ ဖမ်းပြီး ပပျောက်ဘူး ပိုတိုးလာတာပဲရှိတယ်”ဟု တန့်ယန်းမြို့ အသက် ၄၅နှစ်အရွယ်ရှိ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ပြီးခဲ့သည့် (နိုဝင်ဘာလ ၁၉ ရက်)တွင် “ UWSA” ဝင်ရောက်တပ်စွဲထားသည့် တန့်ယန်းမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သည့် အွန်လိုင်းကျားဖြန့် လုပ်ကိုင်နေသူ (၁၀၀၀) ကျော်အထဲမှ တရုတ်နိုင်ငံသား (၇၆၂)ဦးကို ပန်ဝိုင်မြို့နယ်ရှိ တရုတ်-မြန်မာ နယ်စပ်ဂိတ်မှတဆင့် တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကြောင်း UWSA မှ သတင်းထုတ်ပြန်သည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အမြစ်ပြတ်ရှင်းလင်းခြင်း” ယုံတမ်းစကား – မြန်မာ့ကျားဖြန့်အင်ပါယာ နှင့် မြေအောက်နိုင်ငံတော်

0
ကျားဖြန့်နှင့် ငွေလိမ်လုပ်ငန်းများအကြောင်း သျှမ်းသံတော်ဆင့် (Shan Herald Agency for News) နှင့် ခေတ်သစ်မီဒီယာတို့၏ လတ်တလော အစီရင်ခံစာများသည် သတင်းခေါင်းကြီးပိုင်းများ ဖြစ်လာခဲ့သည်။ ကျားဖြန့်ကို အမြစ်ပြတ်ချေမှုန်းလိုက်ပြီဆိုသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) ၏ ပြောကြားချက်သည် ယုံကြည်နိုင်မည်လား သို့မဟုတ် တရုတ်နိုင်ငံက...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

၁၀၂၇ စစ်ဆင်ရေးအပြီး သျှမ်းပြည်အတွင်းပိုင်းသို့ ကျားဖြန့်ဂိုဏ်းများ အလုံးအရင်း ပျံ့နှံ့လာ

0
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ဂိုဏ်းများသည် “၁၀၂၇ စစ်ဆင်ရေး” အပြီးတွင် နယ်စပ်ဒေသများမှတစ်ဆင့် သျှမ်းပြည် အတွင်းပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ အလုံးအရင်းဖြင့် ပျံ့နှံ့ရွှေ့ပြောင်းလာကြောင်း စုံစမ်းသိရှိရသည်။ စစ်ကော်မရှင်၏ ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာပါ ထုတ်ပြန်ချက်များအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ ၂၇...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...

ကျေးသီး ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၃ ဦး ထပ်မံဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့် လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၃ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၀ ရက်) တွင် စစ်ကောင်စီတပ် စစ်ကြောင်းများက ကျေးသီးမြို့နယ်အတွင်း ရှာဖွေဖော်ထုတ်ရာမှ ကျေးသီးမြို့၊ ဝမ်ဖွန်းကျေးရွာ၏ မြောက်ဘက် နှင့်...