မြန်မာ-ထိုင်းနယ်စပ်ရှိ UWSA (၁၇၁)စစ်ဒေသ တပ်စခန်း (၉) နေရာကို ဆုတ်ခွာရန် ထိုင်းစစ်တပ် တောင်းဆို

မြန်မာ-ထိုင်းနယ်စပ်တလျှောက်ရှိ ‘ဝ’တပ်ဖွဲ့ UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသ လက်အောက်ခံ တပ်စခန်း (၉) နေရာကို တစ်လအတွင်း တပ်ဆုတ်ခွာပေးရန် ထိုင်းစစ်တပ်က တောင်းဆိုထားကြောင်း စုံစမ်းသိရသည်။

နိုဝင်ဘာလ (၁၈) ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ထိုင်းစစ်တပ်နှင့် ‘ဝ’တပ်ဖွဲ့ UWSA တောင်ပိုင်း(၁၇၁) စစ်ဒေသမှ (၆) ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံခဲ့စဉ် နယ်စပ်ဒေသ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ဘက် ထိစပ်နေသည့် နယ်နိမိတ်မျဉ်းပေါ်ရှိ UWSA တပ်စခန်း (၉) နေရာကို တစ်လအတွင်း တပ်ဆုတ်ခွာပေးရန် ထိုင်းစစ်တပ်မှ ပြောဆိုခဲ့ကြောင်း ဝါရင့်တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောဆိုသည်။

“ဝ ကိုယ်စားလှယ်တွေက ထိုင်းစစ်တပ်ရဲ့ အထူးကိုယ်စားလှယ်တွေနဲ့ ချင်းမိုင်မှာ လာတွေ့တယ်။ ဝ ဘက်ကတော့ ထိုင်းနယ်စပ်မှာ ရှိနေတဲ့ ၁၇၁ စစ်ဒေသရဲ့ ကိုယ်စားလှယ်တွေ လာတယ်။ သူတို့ကလည်း ထိုင်းဘက်က ဖိတ်ခေါ်လို့ လာတာဖြစ်တယ်။ အဲ့မှာ တွေ့တာနဲ့ နယ်စပ်မှာ ရှိတဲ့တပ်တွေကို ရုပ်သိမ်းဖို့ တခါတည်းပြောတယ်”ဟု ဝါရင့်တော်လှန်ရေး ရဲဘော်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုင်း-မြန်မာနယ်စပ်မျဉ်းပေါ်က ဝ တပ်ဖွဲ့

ထိုင်းစစ်တပ်မှ မယ်ဟောင်ဆောင်ခရိုင် ထိုင်း-မြန်မာ နယ်စပ်တကြောရှိ UWSA တပ်စခန်း (၉) နေရာကို ဒီဇင်ဘာလ (၁၈) ရက် နောက်ဆုံးထား၍ တစ်လအတွင်း တပ်ဆုတ်ပေးရန် ပြောဆိုခဲ့ခြင်းကြောင့် နှစ်ဘက်တပ်များမှ အသင့်အနေအထား စစ်ပြင်ဆင်နေကြောင်း ဒေသခံများအကြား ပျံ့နှံ့သွားသည်ဟု ဆိုသည်။

“မဆုတ်ပေးရင် တိုက်မှာဆိုတဲ့ ပုံစံနဲ့ အဲ့လိုမျိုးဖြစ်တာ ဟိုးလေးတကျော် ဖြစ်သွားတာပေါ့။ ထိုင်းတပ်မတော်ကို မေးတော့ နယ်စပ်အခြေအနေ ဘာမှ ထူးထူးခြားခြား မပြောင်းလဲသေးပါဘူး အရင်ကလိုပါပဲ။ မီဒီယာကရေးတဲ့ အခု ချက်ချင်းပဲ ချတော့မလို ရေးသွားတာ အဲ့လိုမျိုး မဟုတ်ပါဘူး။ ဝ ဘက်တော့ မဆုတ်ဘူးလို့ တင်းခံထားတာမျိုး မဟုတ်ဘူး”ဟု ၎င်းဝါရင့် တော်လှန်ရေးရဲဘော်က ဆက်ပြောသည်။

အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသ စစ်ဦးစီးအဖွဲ့ဝင်က ၎င်းတို့ လက်ရှိတပ်ခန်းချထားသည့် နေရာများသည် ယခင်က MTA တပ်များ အခြေချခဲ့သည့် နေရာများဖြစ်ပြီး MTA လက်နက်ချပြီးနောက်တွင် လာရောက်အစားထိုးခြင်းသာ ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု ဝါရင့်တော်လှန်ရေးရဲဘော်ထံမှ သိရသည်။

“နယ်စပ်ဆိုတာ အစိုးရချင်းပဲ ဆုံးဖြတ်လို့ရတယ်၊ ကျနော်တို့က အစိုးရ မဟုတ်ဘူး။ ဒီနယ်စပ်က ဗမာဘက်ပိုင်း ဖြစ်တယ်၊ ထိုင်းဘက်ပိုင်းဖြစ်တယ်လို့ ကျနော်တို့ ဆုံးဖြတ်ခွင့် မရှိဘူး။ ဆုံးဖြတ်ခွင့် ရှိတဲ့လူတွေ ပြောဖို့လိုတယ်၊ အဲ့တာကြောင့် ကျနော်တို့နဲ့ ပြောမယ့်အစား နေပြည်တော်နဲ့ ပြောပါဆိုပြီး သူတို့လည်း ပြန်သွားတယ်။ ဝ ရဲ့ အကြောင်းပြချက်က ဘယ်လိုနည်းနဲ့မဆို ခိုင်လုံတယ်လို့ ပြောရမှာပေါ့”ဟု ၎င်းက သျှမ်းသံတော်ဆင့်ကို ပြောဆိုသည်။

UWSA

ထိုင်း-မြန်မာနယ်စပ်ရှိ နယ်နိမိတ်ကိစ္စရပ်များနှင့် ပတ်သက်ပြီး နိုင်ငံတော်အချင်းချင်း ဆွေးနွေးရမည့် ကိစ္စဖြစ်ပြီး နိုင်ငံတော်ခေါင်းဆောင်များကိုလည်း သတင်းပို့ထားပြီးဖြစ်ကြောင်း ‘ဝ’ပြင်ပဆက်ဆံရေး တာဝန်ခံဖြစ်သူ ဦးညီရမ်းက ‘ဝ’လူငယ့်အသံကွန်ရက် မီဒီယာသို့ ယမန်နေ့ (နိုဝင်ဘာလ ၂၅ ရက်) တွင် ဖြေကြားထားသည်။

‘ဝ’တပ်ဖွဲ့ UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသသည် လွန်ခဲ့သည့် နှစ် (၃၀) ကျော် ဗိုလ်ချုပ်ခင်ညွှန့် လက်ထက်မှ စတင်၍ ထိုင်းနယ်စပ်တလျှောက်တွင် တပ်စခန်းများ စတင်အ‌ခြေချခဲ့သော်လည်း ထိုင်း-မြန်မာ မည်သည့်ပိုင်နက် နယ်နိမိတ်တွင် ပါဝင်နေသည်ကို မည်သူမျှ အသိအမှတ်ပြုခဲ့ဖူးခြင်း မရှိကြောင်း ဆိုသည်။

အလားတူ ယမန်နှစ် ဇွန်လအတွင်းကလည်း တာချီလိတ်မြို့တွင် ပြုလုပ်ခဲ့သည့် မြန်မာ-ထိုင်း နယ်စပ်ကော်မတီ (TBC) အစည်းအဝေးတွင် ထိုင်းအာဏာပိုင်များက စစ်ကောင်စီထံ နယ်စပ်မျဉ်းတလျှောက် အခြေစိုက်ထားသည့် UWSA တပ်စခန်း (၅) ခုကို ဆုတ်ခွာပေးရန် တောင်းဆိုခဲ့ရာ လက်ခံမည်မဟုတ်ကြောင်း UWSA ဘက်မှ တုံ့ပြန်ပြောဆိုခဲ့သည်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်အတွင်း တည်ရှိပြီး ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် ‘ဝ’တပ်ဖွဲ့ တောင်ပိုင်းစစ်ဒေသ (၁၇၁) တွင် တပ်မဟာ (၅) ခု၊ တပ်ရင်း (၂၅) ခုဖြင့် ဖွဲ့စည်းထားပြီး ‘ဝ’လူဦးရေ တစ်သိန်းခန့် နေထိုင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မြန်မာ-ထိုင်းနယ်စပ်ရှိ အဖြိုက်နက်သိုက်များ တရုတ်နှင့် ရုရှား အပြိုင်လုနေ

0
မြန်မာ-ထိုင်းနယ်စပ်အနီး မိုင်းတုံမြို့နယ်ရှိ လွယ်ချီလိတ်တောင်တန်းတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့မှ ကုမ္ပဏီများက အဖြိုက်နက်သတ္တုသိုက်များကို အပြိုင်အဆိုင် တူးဖော်ရန် ကြိုးပမ်းနေကြကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်သည်။ လွယ်ချီလိတ်တောင်၏ တောင်ဘက်ခြမ်းတွင် တရုတ်ကုမ္ပဏီတစ်ခုသည် 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ပူးပေါင်းကာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှစ၍...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...