ထိုင်းစစ်တပ်နှင့် UWSA အရာရှိငယ်များ နယ်စပ်တည်ငြိမ်ရေး တွေ့ဆုံဆွေးနွေး

မြန်မာ-ထိုင်းနယ်စပ်တလျှောက် ထိုင်းစစ်တပ်နှင့် ‘ဝ’တပ်ဖွဲ့ UWSA အရာရှိငယ်များအကြား နယ်နိမိတ်အငြင်းပွားမှု ပြဿနာဖြေရှင်းရန် နယ်စပ်တည်ငြိမ်ရေးကိစ္စ မြေမြင်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။

ဒီဇင်ဘာလ (၁၈) ရက်တွင် ထိုင်းစစ်တပ်နှင့် ‘ဝ’တပ်ဖွဲ့ UWSA အကြား နယ်နိမိတ်အငြင်းပွားမှု ဖြစ်ပွားနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာတွင် နှစ်ဘက်တပ်ဖွဲ့ အရာရှိငယ်များအကြား တွေ့ဆုံခဲ့ပြီး နယ်စပ်တည်ငြိမ်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း ‘ဝ’ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်းက သျှမ်းသံတော်ဆင့်ကို အတည်ပြုသည်။

“ထိုင်းနယ်စပ်အရေး နိုင်ငံအချင်းချင်း အလွတ်သဘော ဆွေးနွေးကြတာ တပိုင်းပေါ့၊ နယ်စပ်တည်ငြိမ်ရေးတွေအတွက် မနေ့က မြေပြင်မှာ ရှိကြတဲ့ ကျနော်တို့ အရာရှိငယ် တချို့နဲ့ ထိုင်းဘက်က အရာရှိတချို့ တွေ့ဆုံကြပြီး နားလည်မှုယူကြတာ ရှိပါတယ်”ဟု ဦးညီရမ်းက သျှမ်းသံတော်ဆင့်ကို ယမန်နေ့ (ဒီဇင်ဘာလ ၁၉ ရက်)တွင် ဖြေကြားသည်။

၎င်းတွေ့ဆုံမှုအတွင်း အသေးစိတ် ဆွေးနွေးမှု အချက်အလက်များ မသိရှိရသော်လည်း UWSA တပ်စခန်းများ ဖယ်ရှားပေးမည့် အချိန်ကာလကို ထိုင်းစစ်တပ်ဘက်မှ ထပ်မံပြောကြားခဲ့ကြောင်း ထိုင်းမီဒီယာများတွင် ဖော်ပြသည်။

ပုံစာ – ထိုင်းစစ်တပ်နှင့် UWSA အရာရှိငယ်များ နယ်စပ်တည်ငြိမ်ရေး တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ – ThaiArmedForce)

ထို့နောက် ထိုင်းတော်ဝင်စစ်တပ်မှ ချင်းမိုင်ခရိုင်နှင့် မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ ပြည်သူများ စိုးရိမ်ပူပန်မှု မရှိကြရန် ဒီဇင်ဘာလ (၁၉) ရက်စွဲဖြင့် ကြေညာချက်တစ်ခု ထပ်မံထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ဒုတိယပတ်အတွင်းကလည်း ထိုင်းစစ်တပ်ဘက်မှ မြန်မာ-ထိုင်းနယ်စပ် RCSS ဌာနချုပ်အနီးရှိ UWSA တပ်မဟာ (၇၇၈)နယ်မြေ ခိုင်းလုံဒေသသို့ ကိုယ်စားလှယ်စေလွှတ်ပြီး ဆွေးနွေးခဲ့သည့် အပြင် ဒီဇင်ဘာလ (၆) ရက်တွင် UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသခေါင်းဆောင် “တာ့ဆမ်ရုန်း”နှင့် ထိုင်းစစ်တပ် အထူးတပ်ဖွဲ့မှ ဗိုလ်ချုပ်ကြီးများ တာချီလိတ်မြို့တွင် တွေ့ဆုံခဲ့သည်ဟု သိရသည်။

အခြားတစ်ဘက်တွင် ထိုင်းစစ်တပ်နှင့် ဝ’တပ်ဖွဲ့ UWSA အကြား အငြင်းပွားနေသည့် နယ်စပ်ပြဿနာကို နှစ်နိုင်ငံ နယ်ခြားကော်မတီမှတဆင့် ဆွေးနွေးသွားမည် ဖြစ်ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာလ (၁၆) ရက်တွင် ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ် ပန်ဆန်းမြို့အနီး ယမ်းချက်စက်ရုံပေါက်ကွဲမှုဖြစ်၊ ထိခိုက်သေဆုံးသူများပြား

0
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ ပန်ဆန်း(ပန်ခမ်း) မြို့နယ်ရှိ သတ္တုတူးဖော်ရာတွင် အသုံးပြုသည့် ယမ်းချက်စက်ရုံတစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် သေဆုံးသူ အများအပြား ရှိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဧပြီ ၇ ရက်) ညနေပိုင်းတွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်သည့် ပန်ဆန်း (ပန်ခမ်း) မြို့အနီး...

သမ္မတဖြစ်လာသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို UWSA ဂုဏ်ပြုသဝဏ်လွှာပို့

0
စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရပြီးနောက် ဂုဏ်ပြုဝမ်းမြောက်ကြောင်း သဝဏ်လွှာကို 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မှ ပေးပို့ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နေပြည်တော်၌ ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်အမတ်...

မိုင်းဆတ် UWSA ပိုင် ကျောက်မီးသွေးစက်ရုံသစ်ကြောင့် နမ့်ခုတ်မြစ်ရေ အဆိပ်သင့်၊ ဒေသခံများ ကျန်းမာရေးထိခိုက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တောင်ဘက်ရှိ ဝမ်ဟုန် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံသစ်ကြောင့် နမ့်ခုတ်မြစ်ရေ ညစ်ညမ်းမှု ပိုမိုဆိုးရွားလာပြီး ဒေသခံများ၏ ကျန်းမာရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများအပေါ် ခြိမ်းခြောက်ခံနေရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ယမန်နေ့ (မတ်လ ၂၂ ရက်) တွင် ထုတ်ပြန်လိုက်သည်။ အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံသည်...

UWSA ထိန်းချုပ်နယ်မြေတွင် မြန်မာစာနှင့် ‘ဝ’စာပေကို အထူးသင်ယူရန် ညွှန်ကြား

0
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေရှိ ပညာရေးကဏ္ဍတွင် မြန်မာစာနှင့် ‘ဝ’စာပေကို အထူးသင်ယူရန် ညွှန်ကြားထားကြောင်း သတင်းသိရသည်။ မတ်လ (၃) ရက်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့နယ်တွင် လုပ်ငန်းနှစ်ချုပ်အစည်းအဝေး ကျင်းပခဲ့စဉ် “နိုင်ငံတော်မှ လုံးဝ ခွဲထွက်မည်မဟုတ်” ဆိုသည့်အတိုင်း ပညာရေးကဏ္ဍတွင် မြန်မာစာနှင့်...

တန့်ယန်းမြို့နယ်တွင် UWSA နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းပြီး သလင်းကျောက် တူးဖော်

0
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် ပန်ညောင်ကျေးရွာအုပ်စု လွိုင်လောဝ်တောင်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းပြီး သလင်းကျောက် တူးဖော်နေကြောင်း ဒေသခံပြောပြချက်အရ သိရသည်။ တန့်ယန်းမြို့နယ် လွိုင်လောဝ်(လွႆလၢဝ်)တောင်မှ ထွက်ရှိသော သလင်းကျောက်များကို ‘ဝ’တပ်ဖွဲ့ UWSA နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းတူးဖော်နေပြီး ပန်ညောင်ကျေးရွာအုပ်စုနှင့် မိုင်းကျိုင်ကျေးရွာအုပ်စု အစပ်ရှိ...