Tuesday, January 27, 2026

‘ဝ’ဒေသ ပန်ဆန်းဂိတ်ကြီးနှင့် ဆောဖားဂိတ်၊ တာလော့ဂိတ် ကုန်ပစ္စည်းတင်သွင်းခွင့် တရုတ်စတင်ကန့်သတ်

မြန်မာ-တရုတ်နယ်စပ်ရှိ ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ပန်ဆန်းဂိတ်ကြီးနှင့် ဆော့လော်ဂိတ်တို့တွင် တရုတ်နိုင်ငံဘက်မှ ကုန်ပစ္စည်းတင်သွင်းခွင့် စတင်ကန့်သတ်လိုက်ကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာလ (၂၄) ရက်မှ စတင်ပြီး မြန်မာ-တရုတ်နယ်စပ်တလျှောက် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များရှိ ပန်ဆန်းဂိတ်ကြီးနှင့် ဆောဖားဂိတ်တို့တွင်
စားသုံးဆီ၊ စက်သုံးဆီ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး စသည့် ကုန်ပစ္စည်းတင်သွင်းခွင့်ကို တရုတ်နိုင်ငံဘက်မှ စတင်ကန့်သတ်လိုက်ကြောင်း ‘ဝ’ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက အတည်ပြုသည်။

“ဂိတ်တခုပိတ်ပြီး ကျန်ဂိတ် ကန့်သတ်တာ မှန်ပါတယ်။ နမ့်တစ်မြို့နားက မန်ခါးဂိတ်ပိတ်တာ တစ်လကျော်လောက်ရှိပြီ”ဟု ဦးညီရမ်းက ယနေ့နံနက်ပိုင်းတွင် သျှမ်းသံတော်ဆင့်ကို အတည်ပြု ပြောဆိုသည်။

‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် မြန်မာ-တရုတ် နယ်စပ်တလျှောက်ရှိ မိုင်းမော-ပန်ဝိုင်ဂိတ်၊ ဆောဖားဂိတ်၊ ပန်ဆန်းဂိတ်ကြီးနှင့် မိုင်းလားတပ်ဖွဲ့ NDAA ထိန်းချုပ်ထားသည့် မိုင်းလား-တာလော့ဂိတ်တို့တွင် တရုတ်ဘက်မှ ကုန်ပစ္စည်း တင်သွင်းခွင့်ကို အောက်တိုဘာလ (၂၄) ရက်မှ စတင်ကန့်သတ်လိုက်ခြင်းဖြစ်သည်။

ပုံစာ – ၂၀၂၃ ခုနှစ်အတွင်း ‘ဝ’ထိန်းချုပ် တရုတ်နယ်စပ်ဂိတ်မှ အွန်လိုင်းကျားဖြန့်လုပ်ကိုင်သူများကို လွှဲပြောင်းနေစဉ်

တရုတ်နိုင်ငံဘက်မှ ကန့်သတ်ပိတ်ပင်လိုက်သည့် ကုန်ပစ္စည်းများမှာ လျှပ်စစ်ပစ္စည်းများ၊ တရုတ်နိုင်ငံထုတ် မြေပုံစာအုပ်နှင့် ပိုစတာများ၊ မူးယစ်ဆေးဝါးနှင့် ဓာတုဆက်စပ်ပစ္စည်းများ၊ စစ်ဝတ်စုံကဲ့သို့ စစ်အသုံးအဆောင် ပစ္စည်းများ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၊ ဆေးဝါးများ၊ စားသုံးဆီ၊ စက်သုံးဆီများ၊ စက်ရုံသုံး စက်ပစ္စည်းများ စသည်တို့ကို တင်ပို့ခွင့် မပြုကြောင်း ယူနန်ပြည်နယ် ကုန်သွယ်ရေးဌာနမှ အောက်တိုဘာလ (၂၅) ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

၎င်းနောက်တွင် ‘ဝ’ဒေသအတွင်း ကုန်ပစ္စည်းများကို ဈေးတင်မရောင်းရန်၊ ဈေးကွက်အတွင်း ကုန်ဈေးနှုန်းကစားခြင်း သို့မဟုတ် ကုန်ဈေးနှုန်း မြင့်တက်သည့် သတင်းအမှားများ ဖြန့်ဝေခြင်းတို့ ပြုလုပ်သည်ကို တွေ့ရှိပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အချက်(၇) ချက်ပါ ကြေညာချက်တစ်စောင်ကို UWSA မှ အောက်တိုဘာလ (၂၅) ရက်နေ့တွင် ချက်ချင်းထုတ်ပြန်ခဲ့သည်။

“ကုန်စျေးနှုန်း တည်ငြိမ်ရေးအတွက် စည်းကမ်းချက် ထုတ်ပြန်မှုရှိပြီး မလိုက်နာသူများနဲ့ ကောလာဟလ ဖြန့်သူများကို အရေးယူမှု ပြုလုပ်တာရှိပါတယ်”ဟု ‘ဝ’ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်ကလည်း ဟိုပန်မြို့နယ်အတွင်း ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် နမ့်တစ်မြို့ မန်ခါးနယ်စပ်ဂိတ်ကို တရုတ်နိုင်ငံဘက်မှ ပိတ်လိုက်ခြင်းကြောင့် ပြည်သူများအတွက် စားသောက်ကုန် တင်သွင်းရန် ခက်ခဲနေပြီး ဟိုပန်၊ ပန်လုံ၊ မိုင်းမော၊ ပန်ဝိုင်နှင့် နမ့်တစ်ဒေသတို့တွင် ကုန်စည်စီးဆင်းမှု ရပ်တန့်နေကြောင်း သိရသည်။

တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းနှင့် ‘ဝ’ခေါင်းဆောင်တို့ ဩဂုတ်လနောက်ဆုံးပတ် တွေ့ဆုံဆွေးနွေးမှုအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လောက်ကိုင်၊ ကွမ်းလုံ၊ သိန္နီနှင့် လားရှိုးဒေသသို့ ဖြတ်(၅)ဖြတ် လုပ်ဆောင်ရန် ဖိအားပေးခံရပြီးနောက် UWSA ထိန်းချုပ်သည့် နယ်စပ်ဂိတ်များပါ ပိတ်ဆို့ခံရပြီး စစ်ဆေးမှု တင်းကြပ်လာခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားနိုင်သည့် လောက်ကိုင် ရန်လုံကျိုင်းဂိတ်၊ ချင်းရွှေဟော်ဂိတ်၊ ဝမ်တိန်-ပန်ဆိုင်းဂိတ်၊ ကျင်းစန်းကျော့ဂိတ်နှင့် မုံးကိုးဂိတ်တို့ကို “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း ပြန်လည်စတင်စဉ်က တရုတ်နိုင်ငံဘက်မှ ပိတ်ထားခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီနှင့် ယူနန်ပြည်နယ်အကြား တရားဝင် ကုန်သွယ်မှု ပြုလုပ်နေသည့် မူဆယ်-ရွှေလီ နယ်စပ်ဂိတ်၊ ကချင်ပြည်နယ်ရှိ ကန်ပိုက်တီ နယ်စပ်ဂိတ်တို့တွင်လည်း တရုတ်ဘက်မှ စားနပ်ရိက္ခာနှင့် စက်သုံးဆီ တင်သွင်းခွင့် ပိတ်လိုက်ခြင်းကြောင့် ကုန်ဈေးနှုန်း မြင့်တက်လာကြောင်း ဒေသခံများက ပြောဆိုသည်။

မြန်မာ-တရုတ် နယ်စပ်တလျှောက် စစ်ကောင်စီထိန်းချုပ်နိုင်သည့် နယ်စပ်ဂိတ် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ထိန်းချုပ်သည့် နယ်စပ်ဂိတ်စုစုပေါင်း (၇) ဂိတ် ဆက်လက်ဖွင့်လှစ်ထားသော်လည်း ပို့ကုန်သွင်းကုန် စစ်ဆေးမှု တင်းကြပ်ပြီး အခြား (၈) ဂိတ်မှာ ပိတ်ထားကြောင်း ယူနန်ပြည်နယ် ကုန်သွယ်ရေးဌာန ထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...