သံလွင်မြစ်ပေါ်ရှိ တရုတ်ရေကာတာစီမံကိန်း တည်ဆောက်ရေး UWSA မှ လမ်းခင်းပေးနေဟု SSFIM ထုတ်ပြန်

သျှမ်းပြည် တန့်ယန်းမြို့နှင့် ၁၃ မိုင်ကျော် ကွာဝေးသော သံလွင်မြစ်ပေါ်မှ တရုတ်ရေကာတာစီမံကိန်း တည်ဆောက်ရေးအတွက် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA မှ လမ်းခင်းပေးနေသည်ဟု ရှမ်းပြည်ရင်းနှီးမြုပ်နှံမှု လေ့လာစောင့်ကြည့်ရေးအဖွဲ့ SSFIM ကထုတ်ပြန်ထားသည်။

ဇူလိုင် ၁၀ ရက်နေ့မှစတင်ပြီး UWSA တပ်ဖွဲ့သည် တပ်သားဦးရေ ၂,၀၀၀ ကျော်ဖြင့် သံလွင်မြစ်ကူး၍ တန့်ယန်းမြို့သို့ ရောက်လာပြီးသည့်နောက် ထိုသို့စီမံကိန်းများဖြစ်တည်ဆောက်ရေးအတွက် UWSA က လိုလိုလားလား ဖြည့်ဆည်းကူညီပေးခဲ့သည်ဟု ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။

UWSA တပ်သားများ

“လက်ရှိရေကာတာစီမံကိန်းနေရာမှာ UWSA တပ်စွဲထားပါတယ်။ ပြီးတော့ ရေကာတာတည်ဆောက်မဲ့နေရာကို တရုတ်လုပ်ငန်းရှင်တွေကိုခေါ်လာပေးတာရှိနေပါတယ်” ဟု SSFIM တာဝန်ရှိသူ စိုင်းခမ်းလူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် တည်ဆောက်မည့် မန်တုံရေကာတာ စီမံကိန်းနှင့် နောင်ဖာရေကာတာစီမံကိန်းနှစ်ခုလုံးသည် BOT စနစ်ဖြင့် တည်ဆောက်ရန် စီစဉ်ထားသော စီမံကိန်းများဖြစ်ပြီး ထွက်ရှိလာမည့်စွမ်းအင်း၏ အနည်းဆုံး ၅၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့ရန်လျားထားသည်ဟု ဖော်ပြထားသည်။

ထိုစီမံကိန်း တည်ဆောက်ရန်အတွက် (၂၀၀၉ ခုနှစ် ဒီဇင်ဘာလ) ကတည်းက တရုတ်ဒုသမ္မတ ရှီကျင်းဖျင့် နေပြည်တော်သို့လာရောက်စဉ်က လက်မှတ်ရေးထိုးခဲ့သလို သဘောတူညီမှုစာချုပ်ကို (၂၀၁၄ ခုနှစ် မေလ) ဦးသိန်းစိန်အစိုးရလက်ထက်တွင် လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

နောင်ဖာရေကာတာစီမံကိန်းရှေ့ဆက်လုပ်ဆောင်မှုနှင့် ပတ်သက်၍ ပြည်သူလူထုအပါအဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီမှ စုပေါင်းပြီး ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်းက ပြင်းပြင်းထန်ထန် ကန့်ကွတ်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

သို့သော် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ရေး၊ နိုင်ငံရေး မတည်မငြိမ်မှုကြား UWSA ထိန်းချုပ်ထားရာဒေသ မန်တုံရေကာတာစီမံကိန်းကို တိတ်တဆိတ် တည်ဆောက်ခွင့်ပြုနေသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“အဓိကထိခိုက်မှုကတောရေကာတာတည်ဆောက်ပြီးနောက်ဆက်တွဲအခြေအနေတွေပါ။သံလွင်မြစ်ကရေကာတာတွေက တကယ်လို့တခုဆောက်မယ်ဆိုရင် ရှိတဲ့ရေကာတာအကုန်မဖြစ်မနေဆက်ဆောက်ရမှာပါ။ ခုနောင်ဖာနဲ့မန်တုံရေကာတာစီမံကိန်းသာဖြစ်သွားရင် သျှမ်းပြည်တွင်းတင်သာမက မြန်မာတစ်ပြည်လုံးက သံလွင်ရေကာတာစီမံကိန်းတွေကို ဆက်ပြီးတော့ လုပ်ရမှာပါ” ဟု စိုင်းခမ်းလူက ပြောသည်။

ရေကာတာတည်ဆောက်မှုကြောင့် ယခုနှစ်အတွင်း ရှမ်းပြည်အတွင်း မကြုံစဖူးရေးလွမ်းမိုးမှုများဖြစ်ပေါ်စေခဲ့ပြီး အန္တရာယ်ရှိသော ရေလွမ်းမိုးမှုများကို မီးမောင်းထိုးပြနေသည်ဟု ဆိုသည်။

“ဒီအရာတွေရဲ့သဘာဝပတ်ဝန်းကျင်အပေါ်သက်ရောက်မှူက အရမ်းကိုကြောက်စရာကောင်းပါတယ်။မြစ်ဝှမ်းနဲ့မြစ်လက်တက်တွေမှာ ရေတွေမြင့်တက်လာပြီး အနိမ့်ပိုင်းဒေသတွေမှာရေလွမ်းမိုးတာ၊ ဇီဝမျိုးစုံမျိုးကွဲတွေပျောက်ကွယ်နိုင်တာ မျိုးစုံကြုံရနိုင်ပါတယ်။ အခုသံလွင်မြစ်ဟာ ငလျင်ကြောနဲ့အပြိုင်စီးနေတာပါ။ အဲ့အတွက်ပဲ တရုတ်ပြည်ထဲကရေကာတာစီမံကိန်းတွေတောင် ရပ်ထားရတာပါ။ ခဏ ကပြောသလိုရေပမာဏများတဲ့အခါ ငလျင်လှုပ်လာရင် မိုးများလာရင် နောက်ဆက်တွဲအန္တရာယ်တွေကပူရပါတယ်” ဟု စိုင်းခမ်းလူက ထပ်လောင်းပြောသည်။

တရုတ်အနေဖြင့် သံလွင်ရေကာတာ စီမံကိန်းများအပေါ် လူထု၏ ဆန့်ကျင်ကန့်ကွက်မှုများကို ဂရုပြုပြီး မြန်မာပြည် အရှေ့ပိုင်း၏ အဓိကအသက်သွေးကြောပေါ်တွင် တည်ဆောက်ရန် စီစဉ်နေမှုများကို လျင်မြန်စွာ ပယ်ဖျက်သင့်ကြောင်း၊ စင်္ကာပူနိုင်ငံအနေဖြင့်လည်း Surbana Jurong’s ကုမ္ပဏီခွဲ SMEC ကို နောင်ဖာနှင့် မန်တုံရေကာတာစီမံကိန်းနှစ်ခုလုံးတွင်ပါ၀င်နေမှုအားအမြန်ရပ်တန့်သင့်ကြောင်း တောင်းဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ်ဒေသ ခရစ်ယာန်ဝတ်ပြုကျောင်းများ ပိတ်ထားခိုင်း၊ အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှုရှိနေဟုဆို

0
သျှမ်းပြည် 'ဝ'တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ ပိတ်သိမ်းခံရပြီး အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှု ရှိနေကြောင်း စုံစမ်းသိရသည်။ လတ်တလောတွင် နာမည်ကြီးနေသည့် ခရစ်ယာန်ဘာသာရေးအမည်ခံ "ယေရှုတရုတ်မ”ဆိုသည့် ဂိုဏ်းအဖွဲ့ကြောင့် 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA ထိန်းချုပ်ဒေသ ပန်ဆန်း၊ မိုင်းပေါက်၊ နားဝီးနှင့် ၁၇၁ တောင်ပိုင်းစစ်ဒေသ...

စစ်အစိုးရ ရက်(၁၀၀) စီမံချက်အလွန် ‘ဝ’တပ်ဖွဲ့ UWSA နေပြည်တော်ခရီးစဉ် ထွက်ပေါ်

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...

မြန်မာ-ထိုင်းနယ်စပ်ရှိ အဖြိုက်နက်သိုက်များ တရုတ်နှင့် ရုရှား အပြိုင်လုနေ

0
မြန်မာ-ထိုင်းနယ်စပ်အနီး မိုင်းတုံမြို့နယ်ရှိ လွယ်ချီလိတ်တောင်တန်းတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့မှ ကုမ္ပဏီများက အဖြိုက်နက်သတ္တုသိုက်များကို အပြိုင်အဆိုင် တူးဖော်ရန် ကြိုးပမ်းနေကြကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်သည်။ လွယ်ချီလိတ်တောင်၏ တောင်ဘက်ခြမ်းတွင် တရုတ်ကုမ္ပဏီတစ်ခုသည် 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ပူးပေါင်းကာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှစ၍...