Tuesday, January 27, 2026

UWSA ထိန်းချုပ်သည့် ဟိုပန်မြို့နယ် စက်သုံးဆီ အလုအယက်ဝယ်ယူနေ

သျှမ်းပြည် ဟိုပန်မြို့နယ်တွင် တရုတ်နိုင်ငံဘက်မှ ကုန်သွယ်ရေးလမ်းကြောင်းပိတ်မည့် သတင်းကြောင့် စက်သုံးဆီများကို အလုအယက် ဝယ်ယူနေကြကြောင်း စုံစမ်းသိရသည်။

ယနေ့ (အောက်တိုဘာလ ၂၄ ရက်) နံနက်အစောပိုင်းမှ စတင်ပြီး ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် တရုတ်နိုင်ငံဘက်မှ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်မည့် သတင်းကြောင့် စက်သုံးဆီများကို အလုအယက် ဝယ်ယူနေကြပြီး ဈေးနှုန်းမြင့်တက်လာနေကြောင်း ဒေသခံများက ပြောသည်။

“ကုန်သွယ်ရေးလမ်း ပိတ်ကုန်ပြီလို့ ကြားတယ်၊ ဓာတ်ဆီလုဝယ်နေကြပြီ တစ်မြို့လုံး။ မိန်းပန်းရှမ်းမှာ ဆီထည့်ဖို့ တန်းစီတာ စည်ကားနေတာပဲ။ အစောပိုင်း (၇)ယွမ် အခုက (၈)ယွမ်၊ ခနနေ ထပ်တက်လာမလား မသိဘူး။ ကွက်သစ်မှာ နမ့်ခုံးဆီဆိုင်က (၁၀) ယွမ်ရှိတော့မယ်”ဟု ဟိုပန်ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ (အောက်တိုဘာလ ၂၃ ရက်) မှ စတင်၍ ယနေ့နံနက်ပိုင်းအထိ ဟိုပန်မြို့တွင် စက်သုံးဆီဈေးနှုန်းမှာ (၂)ကြိမ်မက ဈေးတက်သွားပြီး ဓာတ်ဆီတစ်လီတာလျှင် မြန်မာကျပ်ငွေ ၆ ထောင်မှ တစ်သောင်းကျော်အထိ မြင့်တက်သွားကြောင်း ဟိုပန်ဒေသခံများထံမှ သိရသည်။

ဟိုပန်မြို့နှင့် ဖောင်ဆိပ်တံတားသာ ခြားထားပြီး အောက်တိုဘာလ (၂၀) ရက်နေ့က စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခံခဲ့ရသည့် ကွမ်းလုံမြို့နယ် နမ့်ဟူးကျေးရွာသည် ကိုးကန့်ဒေသသို့ ကုန်ပစ္စည်းသယ်ယူနိုင်ရန် အရေးပါသည်။

ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်ကလည်း မြန်မာ-တရုတ်နယ်စပ် ဟိုပန်မြို့နယ်အတွင်း ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် နမ့်တစ်မြို့ မန်ခါးနယ်စပ်ဂိတ်ကို တရုတ်နိုင်ငံဘက်မှ စတင်ပိတ်လိုက်ကာ ကုန်ပစ္စည်းသယ်ယူခွင့်ကို ကန့်သတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ‘ဝ’ဒေသရှိ ဆောဖားဂိတ်နှင့် ပန်ဆန်းဂိတ်ကြီးတို့တွင်လည်း စစ်ဆေးမှု တင်းကြပ်လာခြင်းကြောင့် ပြည်သူများအတွက် စားသောက်ကုန် တင်သွင်းရန် ခက်ခဲနေပြီး ဟိုပန်၊ ပန်လုံ၊ ပန်ဝိုင်နှင့် နမ့်တစ်ဒေသတို့တွင် ကုန်စည်စီးဆင်းမှု ရပ်တန့်နေကြောင်း သိရသည်။

အောက်တိုဘာလ ဒုတိယပတ်မှ စတင်ပြီး မြန်မာ-တရုတ်နယ်စပ်တလျှောက်ရှိ ညီနောင်မဟာမိတ် ထိန်းချုပ်ထားနိုင်သည့် နယ်စပ်ဂိတ်များအပြင် မူဆယ်နှင့် မိုင်းလားကဲ့သို့ စစ်ကောင်စီလက်အောက် နယ်စပ်ဂိတ်များကိုလည်း တရုတ်အာဏာပိုင်များမှ ပို့ကုန်သွင်းကုန် စစ်ဆေးတင်းကြပ်လျက်ရှိပြီး တရုတ်ဘက်မှ တင်သွင်းကုန်များ ပိတ်ဆို့ခံရမှု ရှိနေကြောင်း နယ်စပ်ကုန်သည်များက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...

ဟိုပန် UWSA မှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်သူတစ်ဦးကို သေဒဏ်ချ

0
သျှမ်းပြည် ဟိုပန်မြို့နယ်ရှိ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) တရားစီရင်ရေး ကော်မတီမှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်ခဲ့သူ အမျိုးသားတစ်ဦးကို သေဒဏ် ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၇ ရက်) နံနက်ပိုင်းတွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် တရားစီရင်ရေး အခမ်းအနားဟု ခေါင်းစဉ်တပ်ပြီး လောင်းကစားအကြွေးကြောင့်...

UWSA နှင့် NDAA ကြား တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများ ဆွေးနွေး

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့သို့ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA လက်အောက်ရှိ တရားစီရင်ရေးကော်မတီ ကိုယ်စားလှယ်အဖွဲ့ သွားရောက်ပြီး တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများ ဆွေးနွေးခဲ့ကြကြောင်း သတင်းသိရသည်။ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ NDAA ၏ ဖိတ်ကြားချက်အရ UWSA လက်အောက်ခံ တရားစီရင်ရေးကော်မတီသည် NDAA လက်အောက်ခံ အထူးဒေသ(၄) ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာ...

မက်မန်းမြို့ကို ‘ဝ’ဒေသ ရုံးစိုက်ရာမြို့အဖြစ် စစ်ကော်မရှင် ပြောင်းလဲသတ်မှတ်

0
သျှမ်းပြည် မက်မန်းမြို့နယ်ကို ‘ဝ’ဒေသ ရုံးစိုက်ရာမြို့အဖြစ် စစ်ကော်မရှင်က ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သတင်းသိရသည်။ အောက်တိုဘာလ (၃၁) ရက်တွင် ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် သျှမ်းပြည်အတွင်း ‘ဝ’ဒေသအတွက် ရုံးစိုက်ရာမြို့အဖြစ် မက်မန်းမြို့ကို ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ယာယီသမ္မတ တာဝန်ယူထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ...

ထိုင်း-မြန်မာနယ်စပ်တွင် တူးဖော်နေသည့် မြေရှားနှင့်ရွေလုပ်ငန်း တရုတ်အစိုးရ ပါဝင်ပတ်သက်နေ

0
ထိုင်း-မြန်မာနယ်စပ် သတ္တုတွင်းလုပ်ငန်းများကြောင့် ဒေသခံ တစ်သန်းကျော်၏ ကျန်းမာရေးကို ခြိမ်းခြောက်နေသော်လည်း တရုတ်အစိုးရမှ ကျောထောက်နောက်ခံ ပြုထားသော ကုမ္ပဏီတစ်ခုသည် ယင်းသတ္တုတူးဖော်မှုလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေသည်။ တရုတ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသော China Investment Mining အမည်ရ ကုမ္ပဏီသည် အာဏာသိမ်းပြီးနောက် ၂၀၂၃ နှစ်လယ်ပိုင်းကတည်းက သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်...