လူငယ်များကို မက်လုံးပေးပြီး တန့်ယန်းမြို့နယ်တွင် အွန်လိုင်းငွေလိမ်ဂိုဏ်း ပြန်လည်ပတ်နေ

သျှမ်းပြည် တန့်ယန်းမြို့နယ်တွင် ကျားဖြန့်ဟု လူသိများသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းလုပ်ငန်များ ပြန်လည်ပတ်နေပြီး ဒေသခံ လူငယ်များကို မက်လုံးပေး အလုပ်ခေါ်နေကြောင်း စုံစမ်းသိရသည်။

အဆိုပါ ကျားဖြန့်လုပ်ငန်းများသည် တန့်ယန်းမြို့နယ် နောင်လိုင်ကျေးရွာအုပ်စု ပန်လောင်ကျေးရွာ အနီးတဝိုက်တွင် တည်ရှိပြီး မြို့နှင့် ၃ နာရီခန့် ကွာ‌ဝေးသည်။

၎င်းကျားဖြန့်လုပ်ငန်းများကို ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၏ တပ်မဟာ (၃၁၈) နှင့် (၇၁၃) တို့က လုံခြုံရေး တာဝန်ယူပေးထားကြောင်း အသက် ၂၅ ဝန်းကျင် ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပန်လောင်ရွာကနေ တန့်ယန်းဆို နေ့ချင်း ပြန်သွားလို့ရတယ်။ အဲ့နေရာနဲ့ တန့်ယန်းသွားရင် အနည်းဆုံး ၃ နာရီ လောက်ပဲ ဆိုင်ကယ်စီးရမှာ။ ပန်လောင်က မန်ပန်အကျော်ပဲ။ တန်ယန်း၊ နောင်လိုင်၊ လွယ်မော်သွားတဲ့ လမ်းဘက်မှာ ရှိတာ။ အရင်က ပြည်သူ့စစ် တာဝန်ယူတာ၊ ပြီးတော့ TNLAတွေ တာဝန်ယူတာ။ အခုက ‘ဝ’တွေ လုံခြုံရေး ပြန်ယူပေးနေတာ”ဟု အသက် ၂၅ ဝန်းကျင် ၎င်းဒေသခံအမျိုးသမီးက ပြောသည်။

တန့်ယန်းမြို့

ယခင်က သံလွင်မြစ်တကြောရှိ မန်ပန်ပြည်သူ့စစ် ပိုင်သည့် ရာဘာခြံများကို မြေကော်ကားများဖြင့် မြေများပြန်ညှိကာ လက်ရှိတွင် ကျားဖြန့် လုပ်ငန်းများ လုပ်ကိုင်သည့် နေရာဖြစ်နေကြောင်း တန့်ယန်းမြို့နယ်မှ စစ်ရေး၊ နိုင်ငံရေး လေ့လာသူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အရင်က ပြည်သူ့စစ်တွေရဲ့ ရော်ဘာခြံတွေကို အခု အကုန်မြေကော်ကားနဲ့ကော်ပြီး လောင်းကစားရုံတွေ လုပ်နေကြတာ။ သံလွင်မြစ်တလျှောက်ကို ‘ဝ’တွေက လောင်းကစားတွေလည်း လုပ်ခွင့်ပေးထားတယ်လေ။ တောထဲမှာ လုပ်တာဆိုတော့ တော်ရုံလူတွေတောင် မဝင်နိုင်ဘူး”ဟု ၎င်းစစ်ရေးလေ့လာသူက ပြောသည်။

ကျားဖြန့်လုပ်ငန်း လုပ်ကိုင်ရန်အတွက် ၎င်းကျေးရွာအနီးတဝိုက်ရှိ အသက် ၂၀ နှစ်အောက် လူငယ်များကိုသာ ခေါ်ယူနေသကဲ့သို့ ကျားဖြန့်လုပ်သူများကို ဟင်းချက်ပေးမည့်သူမှ စ၍ ခေါ်ယူနေကြောင်း အသက် ၂၅ ဝန်းကျင် ဒေသခံ အမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

“ပြီးခဲ့တဲ့ အပတ်ကတောင် ကျမတို့ကို ခေါ်နေတာ။ သူတို့က ပန်လောင်နားမှာ ရုံးဖွင့်ရင် ပန်လောင်က လူတွေပဲ ခေါ်တာ။ လူငယ်ပိုင်းတွေကိုပဲ ခေါ်တာ။ တန့်ယန်းက လူတွေတောင် မယူဘူး။ လိုင်းပေါ်မတင်ဘူး၊ တိုးတိုးတိတ်တိတ်လေး ခေါ်ကြတာ” ဟု အသက် ၂၅ ဝန်းကျင် ၎င်းအမျိုးသမီးက ပြောသည်။

စစ်ရေးပဋိပက္ခဖြစ်ပွားချိန်နှင့် အလုပ်အကိုင် ရှားပါးမှုတို့ကြောင့် ငွေရှာဖွေရန် ခက်ခဲသည့် အချိန်ကို အခွင့်ကောင်းယူကာ ကျားဖြန့်လုပ်ငန်းဖြင့် ဒေသခံများကို မက်လုံးပေး မြှူဆွယ်နေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

ကျားဖြန့်လုပ်ငန်းတွင် ၎င်းတို့ကို ဟင်းချက်ပေးရန်အတွက် အခြေခံလစာ တရုတ်ယွမ်ငွေ ၁ သောင်းကျော် (မြန်မာကျပ်ငွေ ကာလပေါက်ဈေး သိန်း ၉၀ ခန့်) မှစ၍ မက်လုံးပေး ခေါ်ဆောင်မှုများရှိကြောင်း အသက် ၂၅ အရွယ်ရှိ အမျိုးသမီး တစ်ဦးက ပြောသည်။

တန့်ယန်းမြို့နယ်တွင် ကျားဖြန့်လုပ်ငန်းများ ပြန်လည် စတင်နေသည့် သတင်း မပေါက်ကြားရန် စိုးရိမ်နေပြီး ဖုံးကွယ်ထားကာ အွန်လိုင်းပေါ်တင်သည့် ဒေသခံများကိုပါ ဖမ်းဆီးမှုများ ပြုလုပ်ကြောင်း ၎င်းအမျိုးသမီးက ဆက်ပြောသည်။

ကျားဖြန့်လုပ်ငန်းသို့ သွားရောက်လုပ်ကိုင်မည့် လူငယ်များအတွက် မိဘများကလည်း တားဆီးရန် လိုအပ်ကြောင်း၊ ကျားဖြန့်လုပ်ငန်းသည် အသက်အန္တရာယ် စိန်ခေါ်မှုကြီးမားသည့် လုပ်ငန်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ကျားဖြန့်လုပ်ငန်းကို အဖက်ဖက်မှ ဆန့်ကျင်နေပြီး လက်ရှိ အမြစ်ပြတ်ချေမှုန်းနိုင်ခြင်း မရှိသေးသည့် အကြောင်းရင်းသည် လက်နက်ကိုင်များ ပါဝင်ပတ်သက်မှု ရှိနေခြင်းဖြစ်သည်ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ပြောဆိုလိုက်သည်။

တန့်ယန်းမြို့နယ်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် ( SSPP/SSA) တို့ သွားလာလှုပ်ရှားနေကြောင်း သိရသည်။

အလားတူ သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အထိ ကျားဖြန့် ဟု လူသိများသည့် အွန်လိုင်း ငွေလိမ်ဂိုဏ်းများ ရောက်ရှိနေပြီး ဒေသခံ လူငယ်များကို မက်လုံးပေး အလုပ်ခေါ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံရှိ Tai Chang ငွေလိမ်ဂိုဏ်းအား ဖော်ထုတ်ပေးနိုင်ပါက အမေရိကန်ဒေါ်လာ ၁၀ သန်း ဆုကြေးပေးမည်ဟု ကြေညာ

0
မြန်မာနိုင်ငံအတွင်း အခြေစိုက်သည့် "တိုင်းချန်" (Tai Chang) အွန်လိုင်းငွေလိမ်စင်တာများနှင့် ဆက်နွှယ်နေသော ငွေကြေးခဝါချမှုများကို ဖော်ထုတ်နိုင်ရန် သတင်းပေးနိုင်သူအား အမေရိကန်ဒေါ်လာ ၁၀ သန်းအထိ ဆုကြေးပေးမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံတကာ မူးယစ်ဆေးဝါးနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ ဗျူရို (INL) က ထုတ်ပြန်ကြေညာသည်။ ယနေ့ (ဧပြီလ ၂၄...

UWSA ထိန်းချုပ် ပန်ဆန်းမြို့အနီး ယမ်းချက်စက်ရုံပေါက်ကွဲမှုဖြစ်၊ ထိခိုက်သေဆုံးသူများပြား

0
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ ပန်ဆန်း(ပန်ခမ်း) မြို့နယ်ရှိ သတ္တုတူးဖော်ရာတွင် အသုံးပြုသည့် ယမ်းချက်စက်ရုံတစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် သေဆုံးသူ အများအပြား ရှိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဧပြီ ၇ ရက်) ညနေပိုင်းတွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်သည့် ပန်ဆန်း (ပန်ခမ်း) မြို့အနီး...

သမ္မတဖြစ်လာသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို UWSA ဂုဏ်ပြုသဝဏ်လွှာပို့

0
စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရပြီးနောက် ဂုဏ်ပြုဝမ်းမြောက်ကြောင်း သဝဏ်လွှာကို 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မှ ပေးပို့ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နေပြည်တော်၌ ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်အမတ်...

မိုင်းဆတ် UWSA ပိုင် ကျောက်မီးသွေးစက်ရုံသစ်ကြောင့် နမ့်ခုတ်မြစ်ရေ အဆိပ်သင့်၊ ဒေသခံများ ကျန်းမာရေးထိခိုက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တောင်ဘက်ရှိ ဝမ်ဟုန် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံသစ်ကြောင့် နမ့်ခုတ်မြစ်ရေ ညစ်ညမ်းမှု ပိုမိုဆိုးရွားလာပြီး ဒေသခံများ၏ ကျန်းမာရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများအပေါ် ခြိမ်းခြောက်ခံနေရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ယမန်နေ့ (မတ်လ ၂၂ ရက်) တွင် ထုတ်ပြန်လိုက်သည်။ အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံသည်...

UWSA ထိန်းချုပ်နယ်မြေတွင် မြန်မာစာနှင့် ‘ဝ’စာပေကို အထူးသင်ယူရန် ညွှန်ကြား

0
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေရှိ ပညာရေးကဏ္ဍတွင် မြန်မာစာနှင့် ‘ဝ’စာပေကို အထူးသင်ယူရန် ညွှန်ကြားထားကြောင်း သတင်းသိရသည်။ မတ်လ (၃) ရက်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့နယ်တွင် လုပ်ငန်းနှစ်ချုပ်အစည်းအဝေး ကျင်းပခဲ့စဉ် “နိုင်ငံတော်မှ လုံးဝ ခွဲထွက်မည်မဟုတ်” ဆိုသည့်အတိုင်း ပညာရေးကဏ္ဍတွင် မြန်မာစာနှင့်...