Tuesday, January 27, 2026

လူငယ်များကို မက်လုံးပေးပြီး တန့်ယန်းမြို့နယ်တွင် အွန်လိုင်းငွေလိမ်ဂိုဏ်း ပြန်လည်ပတ်နေ

သျှမ်းပြည် တန့်ယန်းမြို့နယ်တွင် ကျားဖြန့်ဟု လူသိများသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းလုပ်ငန်များ ပြန်လည်ပတ်နေပြီး ဒေသခံ လူငယ်များကို မက်လုံးပေး အလုပ်ခေါ်နေကြောင်း စုံစမ်းသိရသည်။

အဆိုပါ ကျားဖြန့်လုပ်ငန်းများသည် တန့်ယန်းမြို့နယ် နောင်လိုင်ကျေးရွာအုပ်စု ပန်လောင်ကျေးရွာ အနီးတဝိုက်တွင် တည်ရှိပြီး မြို့နှင့် ၃ နာရီခန့် ကွာ‌ဝေးသည်။

၎င်းကျားဖြန့်လုပ်ငန်းများကို ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၏ တပ်မဟာ (၃၁၈) နှင့် (၇၁၃) တို့က လုံခြုံရေး တာဝန်ယူပေးထားကြောင်း အသက် ၂၅ ဝန်းကျင် ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပန်လောင်ရွာကနေ တန့်ယန်းဆို နေ့ချင်း ပြန်သွားလို့ရတယ်။ အဲ့နေရာနဲ့ တန့်ယန်းသွားရင် အနည်းဆုံး ၃ နာရီ လောက်ပဲ ဆိုင်ကယ်စီးရမှာ။ ပန်လောင်က မန်ပန်အကျော်ပဲ။ တန်ယန်း၊ နောင်လိုင်၊ လွယ်မော်သွားတဲ့ လမ်းဘက်မှာ ရှိတာ။ အရင်က ပြည်သူ့စစ် တာဝန်ယူတာ၊ ပြီးတော့ TNLAတွေ တာဝန်ယူတာ။ အခုက ‘ဝ’တွေ လုံခြုံရေး ပြန်ယူပေးနေတာ”ဟု အသက် ၂၅ ဝန်းကျင် ၎င်းဒေသခံအမျိုးသမီးက ပြောသည်။

တန့်ယန်းမြို့

ယခင်က သံလွင်မြစ်တကြောရှိ မန်ပန်ပြည်သူ့စစ် ပိုင်သည့် ရာဘာခြံများကို မြေကော်ကားများဖြင့် မြေများပြန်ညှိကာ လက်ရှိတွင် ကျားဖြန့် လုပ်ငန်းများ လုပ်ကိုင်သည့် နေရာဖြစ်နေကြောင်း တန့်ယန်းမြို့နယ်မှ စစ်ရေး၊ နိုင်ငံရေး လေ့လာသူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အရင်က ပြည်သူ့စစ်တွေရဲ့ ရော်ဘာခြံတွေကို အခု အကုန်မြေကော်ကားနဲ့ကော်ပြီး လောင်းကစားရုံတွေ လုပ်နေကြတာ။ သံလွင်မြစ်တလျှောက်ကို ‘ဝ’တွေက လောင်းကစားတွေလည်း လုပ်ခွင့်ပေးထားတယ်လေ။ တောထဲမှာ လုပ်တာဆိုတော့ တော်ရုံလူတွေတောင် မဝင်နိုင်ဘူး”ဟု ၎င်းစစ်ရေးလေ့လာသူက ပြောသည်။

ကျားဖြန့်လုပ်ငန်း လုပ်ကိုင်ရန်အတွက် ၎င်းကျေးရွာအနီးတဝိုက်ရှိ အသက် ၂၀ နှစ်အောက် လူငယ်များကိုသာ ခေါ်ယူနေသကဲ့သို့ ကျားဖြန့်လုပ်သူများကို ဟင်းချက်ပေးမည့်သူမှ စ၍ ခေါ်ယူနေကြောင်း အသက် ၂၅ ဝန်းကျင် ဒေသခံ အမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

“ပြီးခဲ့တဲ့ အပတ်ကတောင် ကျမတို့ကို ခေါ်နေတာ။ သူတို့က ပန်လောင်နားမှာ ရုံးဖွင့်ရင် ပန်လောင်က လူတွေပဲ ခေါ်တာ။ လူငယ်ပိုင်းတွေကိုပဲ ခေါ်တာ။ တန့်ယန်းက လူတွေတောင် မယူဘူး။ လိုင်းပေါ်မတင်ဘူး၊ တိုးတိုးတိတ်တိတ်လေး ခေါ်ကြတာ” ဟု အသက် ၂၅ ဝန်းကျင် ၎င်းအမျိုးသမီးက ပြောသည်။

စစ်ရေးပဋိပက္ခဖြစ်ပွားချိန်နှင့် အလုပ်အကိုင် ရှားပါးမှုတို့ကြောင့် ငွေရှာဖွေရန် ခက်ခဲသည့် အချိန်ကို အခွင့်ကောင်းယူကာ ကျားဖြန့်လုပ်ငန်းဖြင့် ဒေသခံများကို မက်လုံးပေး မြှူဆွယ်နေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

ကျားဖြန့်လုပ်ငန်းတွင် ၎င်းတို့ကို ဟင်းချက်ပေးရန်အတွက် အခြေခံလစာ တရုတ်ယွမ်ငွေ ၁ သောင်းကျော် (မြန်မာကျပ်ငွေ ကာလပေါက်ဈေး သိန်း ၉၀ ခန့်) မှစ၍ မက်လုံးပေး ခေါ်ဆောင်မှုများရှိကြောင်း အသက် ၂၅ အရွယ်ရှိ အမျိုးသမီး တစ်ဦးက ပြောသည်။

တန့်ယန်းမြို့နယ်တွင် ကျားဖြန့်လုပ်ငန်းများ ပြန်လည် စတင်နေသည့် သတင်း မပေါက်ကြားရန် စိုးရိမ်နေပြီး ဖုံးကွယ်ထားကာ အွန်လိုင်းပေါ်တင်သည့် ဒေသခံများကိုပါ ဖမ်းဆီးမှုများ ပြုလုပ်ကြောင်း ၎င်းအမျိုးသမီးက ဆက်ပြောသည်။

ကျားဖြန့်လုပ်ငန်းသို့ သွားရောက်လုပ်ကိုင်မည့် လူငယ်များအတွက် မိဘများကလည်း တားဆီးရန် လိုအပ်ကြောင်း၊ ကျားဖြန့်လုပ်ငန်းသည် အသက်အန္တရာယ် စိန်ခေါ်မှုကြီးမားသည့် လုပ်ငန်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ကျားဖြန့်လုပ်ငန်းကို အဖက်ဖက်မှ ဆန့်ကျင်နေပြီး လက်ရှိ အမြစ်ပြတ်ချေမှုန်းနိုင်ခြင်း မရှိသေးသည့် အကြောင်းရင်းသည် လက်နက်ကိုင်များ ပါဝင်ပတ်သက်မှု ရှိနေခြင်းဖြစ်သည်ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ပြောဆိုလိုက်သည်။

တန့်ယန်းမြို့နယ်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် ( SSPP/SSA) တို့ သွားလာလှုပ်ရှားနေကြောင်း သိရသည်။

အလားတူ သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အထိ ကျားဖြန့် ဟု လူသိများသည့် အွန်လိုင်း ငွေလိမ်ဂိုဏ်းများ ရောက်ရှိနေပြီး ဒေသခံ လူငယ်များကို မက်လုံးပေး အလုပ်ခေါ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...

တန့်ယန်းတွင် မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု စစ်ကော်မရှင်လက်အောက်ခံ ခြိမ်းခြောက်ပြောဆို

0
သျှမ်းပြည် တန့်ယန်းမြို့တွင် ရွေးကောက်ပွဲ၌ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု စစ်ကော်မရှင်လက်အောက်ခံဝန်ထမ်းများက ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ (၁၁) ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းနှင့် မိုင်းရယ် (၂) မြို့နယ် ပါဝင်သည်။ ယခု ဇန်နဝါရီလဆန်းပိုင်းမှ စတင်ပြီး တန့်ယန်းမြို့နယ်တွင်...

တန့်ယန်းမြို့ရှိ KTV နှင့် အနှိပ်ခန်းများတွင် မူးယစ်ဆေးပါ ရောင်းချမှုရှိနေဟုဆို

0
စစ်အာဏာသိမ်းပြီး (၅)နှစ်တာ ကာလအတွင်း သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်း ကေတီဗွီ (KTV) ဆိုင်နှင့် အနှိပ်ခန်းများ ယခင်ကထက် ပိုများလာပြီး၊ ၎င်းထဲတွင် မူးယစ်ဆေးဝါးများပါ ရောင်းချနေကြောင်း စုံစမ်းသိရသည်။ တန့်ယန်းမြို့နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း KTV နှင့် အနှိပ်ခန်း (၅၀) နေရာ ထက်မနည်း တိုးချဲ့ဖွင့်လှစ်လာခဲ့ပြီး အချို့သော...

ဟိုပန် UWSA မှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်သူတစ်ဦးကို သေဒဏ်ချ

0
သျှမ်းပြည် ဟိုပန်မြို့နယ်ရှိ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) တရားစီရင်ရေး ကော်မတီမှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်ခဲ့သူ အမျိုးသားတစ်ဦးကို သေဒဏ် ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၇ ရက်) နံနက်ပိုင်းတွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် တရားစီရင်ရေး အခမ်းအနားဟု ခေါင်းစဉ်တပ်ပြီး လောင်းကစားအကြွေးကြောင့်...

အွန်လိုင်းပေါ်အလုပ်ရှာသည့် မိန်းကလေးကို ကျားဖြန့်သမားများ ပြန်ပေးဆွဲ ငွေညှစ်တောင်း

0
သျှမ်းပြည် မိုင်းရှူးမြို့နယ်မှ မိန်းကလေးတစ်ဦးကို ကျားဖြန့်လက်ပါးစေများမှ တန့်ယန်းမြို့တွင် အလုပ်ရှိသည်ဟုဆိုကာ လိမ်လည်ဖြားယောင်း၍ ပြန်ပေးဆွဲ ဖမ်းဆီးပြီး မိသားစုထံ ငွေညှစ်တောင်းခံခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ မိုင်းလားမြို့ဘက် အလုပ်လုပ်ရန် ရောက်ရှိနေသည့် အသက် (၁၈) နှစ်အရွယ် မိန်းကလေးတစ်ဦးသည် တစ်တော့ Tik Tok ပေါ် အလုပ်ရှာသည့်...