တန့်ယန်းမြို့နယ် UWSA က တပ်သားသစ်စုဆောင်းဟုဆို

သျှမ်းပြည် တန့်ယန်းမြို့နယ်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ပြည်သူ့စစ်ပြန်လည်ဖွဲ့စည်းရန်ဟု ဆိုကာ တပ်သားသစ်စုဆောင်းနေကြောင်း စုံစမ်းသိရသည်။

တန့်ယန်းမြို့နယ်အတွင်း ဝင်ရောက်နေရာယူထားသည့် ‘ဝ’တပ်ဖွဲ့ UWSA မှ စက်တင်ဘာလ တတိယပတ်မှ စတင်၍ မြို့ပေါ်နှင့် ကျေးရွာများရှိ ‘ဝ’လူမျိုး မိသားစုများကို အိမ်ထောင်စုစာရင်း စတင်ကောက်ခံလျက်ရှိပြီး ပြန်လည်ဖွဲ့စည်းမည့် ပြည်သူ့စစ်အဖွဲ့တွင် စစ်မှုထမ်းရန် တပ်သားသစ်စုဆောင်းနေကြောင်း တန့်ယန်းဒေသခံများက ပြောသည်။

“စကောက်တာတော့ ၂၄ ရက်က အဲ့လိုကြားတယ်။ လူကတော့ လူဟောင်း မယူတော့ဘူး၊ သူတို့ ထိန်းနိုင်မယ့် ဝ တို့၊ လွယ်လ တို့ အဲ့လိုမျိုးပေါ့။ ‘ဝ’တပ်ကလည်း ကြာကြာနေလို့ မရနိုင်ဘူးထင်လို့ သူတို့ရှိနေတုန်း ဩဇာခံလိုမျိုး ပြန်ထောင်ပေးခဲ့ချင်တာပေါ့။ သူတို့စကားနားထောင်မယ့် လက်အောက်ခံတပ်လို ထားခဲ့ချင်တာပေါ့”ဟု တန့်ယန်းမြို့နယ်မှ စစ်ရေးလေ့လာသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်က ‘ဝ’တပ်ဖွဲ့ UWSA သည် စစ်အင်အား (၂၀၀၀) ခန့်ဖြင့် သံလွင်မြစ်အနောက်ခြမ်းသို့ ကူးလာကာ တန့်ယန်းမြို့သို့ ဝင်ရောက်နေရာယူခဲ့ပြီးနောက် ယခင်က ဗိုလ်မွန်း ဦးဆောင်ခဲ့သည့် မန်ပန်ပြည်သူ့စစ်အဖွဲ့၏ နယ်မြေဟောင်းများတွင် တပ်စွဲထားကြောင်း ဒေသခံများက ပြောဆိုသည်။

၎င်းနောက် မန်ပန်ပြည်သူ့စစ်ကို ပြန်လည်အသက်သွင်းရန် တန့်ယန်းမြို့နယ်အတွင်းရှိ ‘ဝ’၊ လွယ်လ လူမျိုးများကို UWSA ဘက်မှ တပ်သားသစ်စုဆောင်းမှုများ စတင်လုပ်ဆောင်လာခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

UWSA တပ်သားများ

“နစက ဘက်လည်း တရားဝင်အောင်ပေါ့၊ နဂိုက မန်ပန်ဌာနေ ပြည်သူ့စစ်ရှိပြီးသားကိုး။ တန့်ယန်းကို ‘ဝ’တပ် မဝင်ခင် ရှေ့မှာ တပ်မ (၃၁၈) လာတုန်းက မန်ပန်ပြည်သူ့စစ် ခေါင်းဆောင်ကို ဖြုတ်လိုက်သလို အဲ့လိုပုံစံပဲ။ သံလွင်အနောက်ခြမ်း ပြည်သူ့စစ်ဆိုပြီးတော့ တပ်ရင်း (၃) ရင်းအထိ ဖွဲ့မယ်လို့ အရင်ကတည်းက လုပ်ခဲ့တာ၊ အဲ့တာမဖြစ်လို့ မန်ပန်ပြည်သူ့စစ် နာမည်နဲ့ ပြန်ကိုင်ချင်တာ”ဟု တန့်ယန်းမြို့နယ်မှ ၎င်းစစ်ရေးလေ့လာသူက ဆက်ပြောသည်။

‘ဝ’တပ်ဖွဲ့ UWSA က တန့်ယန်းမြို့နယ်အတွင်း လူသစ်စုဆောင်းပြီး မန်ပန်ပြည်သူ့စစ်ကို ပြန်လည်ဖွဲ့စည်းရန် လုပ်ဆောင်နေသည်ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ ‘ဝ’တပ်ဖွဲ့ UWSA ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းထံသို့ သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

ယခင်က ဗိုလ်မွန်း ဦးဆောင်ခဲ့သည့် မန်ပန်ဌာနေ ပြည်သူ့စစ်အဖွဲ့သည် တန့်ယန်း၊ မိုင်းရယ်နှင့် လားရှိုးမြို့နယ်အတွင်း သံလွင်မြစ်ကမ်း တာ့ပန်ယုတ် (တႃႈပၢင်ယူၵ်ႇ)၊ တာ့ဆိုင်းလျန် (တႃႈသၢႆးလႅင်) မှ မန်ပန်အုပ်စု၊ မိုင်းယော်အုပ်စုအထိ ကျေးရွာအုပ်စုပေါင်း (၅၀) နီးပါး နယ်မြေစိုးမိုးမှု ရှိထားသည်။

ယခုနှစ် ၂၀၂၄ ဇန်နဝါရီ လဆန်းပိုင်းတွင် မန်ပန်ပြည်သူ့စစ်အဖွဲ့တွင်း ခေါင်းဆောင်ဖြုတ်ချမှု ရှိခဲ့ပြီး တပ်ဖွဲ့ဝင်အချို့သည် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထံသို့ ဝင်ရောက်ခိုလှုံမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

‘ဝ’တပ်ဖွဲ့ UWSA က ၎င်းနယ်မြေများတွင် မန်ပန်ပြည်သူ့စစ်ကို ပြန်လည်စုဖွဲ့ရန် လုပ်ဆောင်နေပြီး ယခင်ခေါင်းဆောင်ဟောင်း ဗိုလ်မွန်း၏ သားကို ပြန်ဦးဆောင်ခိုင်းမည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ကြားရတာတော့ ဗိုလ်မွန်းရဲ့ သားကို မန်ပန်ပြည်သူ့စစ်အဖွဲ့ကို ပြန်ဦးဆောင်ခိုင်းမှာ အဲ့လိုရှိတယ်။ မနှစ်က ‘ဝ’တပ် ဝင်လာတော့ ပြည်သူ့စစ်အချင်းချင်း လူကြီး ဖြုတ်လဲတာပေါ့။ ဒီဘက်မှာ နေတဲ့ ‘ဝ’လူငယ်တွေဆို အရင်က လွတ်လွတ်လပ်လပ် သွားလာခဲ့တာဆိုတော့ ကွန်မြူနစ်ပုံစံနဲ့ နေသားကျဖို့က သူတို့အတွက် ခက်ဦးမယ်”ဟု တန့်ယန်းမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၃၀) ရက်ကလည်း ‘ဝ’တပ်ဖွဲ့ UWSA တောင်ပိုင်းစစ်ဒေသ (၁၇၁) မှ ပြည်ပသို့ အလုပ်သွားရောက်လုပ်ကိုင်သည့် ‘ဝ’အမျိုးသားများကို စစ်မှုထမ်းရန် အမြန်ဆုံးနေရပ်ပြန်ခိုင်းကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး တပ်သားသစ် (၄၀၀၀) အထိ စုဆောင်းသွားမည်ဟုလည်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ်နယ်မြေတွင် မြန်မာစာနှင့် ‘ဝ’စာပေကို အထူးသင်ယူရန် ညွှန်ကြား

0
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေရှိ ပညာရေးကဏ္ဍတွင် မြန်မာစာနှင့် ‘ဝ’စာပေကို အထူးသင်ယူရန် ညွှန်ကြားထားကြောင်း သတင်းသိရသည်။ မတ်လ (၃) ရက်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့နယ်တွင် လုပ်ငန်းနှစ်ချုပ်အစည်းအဝေး ကျင်းပခဲ့စဉ် “နိုင်ငံတော်မှ လုံးဝ ခွဲထွက်မည်မဟုတ်” ဆိုသည့်အတိုင်း ပညာရေးကဏ္ဍတွင် မြန်မာစာနှင့်...

တန့်ယန်းမြို့နယ်တွင် UWSA နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းပြီး သလင်းကျောက် တူးဖော်

0
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် ပန်ညောင်ကျေးရွာအုပ်စု လွိုင်လောဝ်တောင်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းပြီး သလင်းကျောက် တူးဖော်နေကြောင်း ဒေသခံပြောပြချက်အရ သိရသည်။ တန့်ယန်းမြို့နယ် လွိုင်လောဝ်(လွႆလၢဝ်)တောင်မှ ထွက်ရှိသော သလင်းကျောက်များကို ‘ဝ’တပ်ဖွဲ့ UWSA နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းတူးဖော်နေပြီး ပန်ညောင်ကျေးရွာအုပ်စုနှင့် မိုင်းကျိုင်ကျေးရွာအုပ်စု အစပ်ရှိ...

မိုင်းတုံမြို့နယ် UWSA နှင့် လားဟူပြည်သူ့စစ်အကြား ပစ်ခတ်မှုဖြစ်၊ စစ်ရေးတင်းမာမှု ဆက်ဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် စစ်ကောင်စီလက်အောက်ခံ လားဟူပြည်သူ့စစ်တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဒေသတွင်း စစ်ရေးတင်းမာမှုများ ဆက်လက်မြင့်တက်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (ဖေဖော်ဝါရီလ ၁၄ ရက်) နံနက်ပိုင်းက မိုင်းတုံမြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် UWSA တပ်ဖွဲ့ဝင်များက လားဟူပြည်သူ့စစ်အဖွဲ့၏ ယာဉ်တစ်စီးကို တားဆီးစစ်ဆေးရာမှ...

UWSA ဒုတပ်ရင်းမှူးနှင့် တပ်ခွဲမှူးအဆင့် အရာရှိနှစ်ဦး ကျားဖြန့်မှုဖြင့် ထောင်ချခံရ

0
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လက်ခံကာကွယ်ပေးခဲ့သည့် ဒုတပ်ရင်းမှူးနှင့် တပ်ခွဲမှူးအဆင့် ‘ဝ’အရာရှိနှစ်ဦး ထောင်ဒဏ်ချမှတ်ခံရကြောင်း စုံစမ်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၏ တပ်မဟာ တစ်ခုတွင် ဒုတပ်ရင်မှူး တာဝန်ထမ်းဆောင်နေသူ အသက် (၃၀) နှစ်အရွယ် ကျိုးရှီးကုန်း (Zhou Xigong)...

မိုင်းပေါက် ဓားပြတိုက် ပြစ်မှုကျူးလွန်သည့် အမျိုးသား ၃ ဦး ကို UWSA က သေဒဏ်ချ

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာဒေသ သျှမ်းပြည်အရှေ့ပိုင်း မိုင်းပေါက်မြို့တွင် ဓားပြတိုက်ကာ လူကိုသေစေသည့်အထိ ကျူးလွန်ခဲ့သော အမျိုးသား ၃ ဦးကို သေဒဏ်ချမှတ်ကြောင်း သတင်းရရှိသည်။ ယနေ့ (ဖေဖော်ဝါရီ ၆ ရက်) မနက်ပိုင်းတွင် မိုက်ပေါက်မြို့၌ UWSA က ဓားပြတိုက်သည့် ပြစ်မှုကကျူးလွန်ခဲ့သူ အမျိုးသား ၃...