Thursday, January 29, 2026

TNLA

မိုးကုတ် TNLA မှ မြို့စောင့်တပ်ဖွဲ့စည်းရန် တပ်သားစုဆောင်းမှုကြောင့် ဒေသခံထပ်မံထွက်ပြေးရ

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့တွင် မြို့စောင့်တပ်ဖွဲ့စည်းရန် တပ်သားစုဆောင်းမှုကြောင့် ဒေသခံများ ထပ်မံထွက်ပြေး တိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ မတ်လ (၆) ရက်မှ စတင်ပြီး မိုးကုတ်မြို့ပေါ်ရှိ အုပ်ချုပ်ရေးမှူးများကို TNLA ဘက်မှ ခေါ်ယူတွေ့ဆုံခဲ့ကာ မြို့စောင့်တပ် ဖွဲ့စည်းရန်နှင့် အသက် ၁၈ နှစ်မှ...

နမ့်ခမ်း TNLA မှ ဆေးဆိုင်ဆေးခန်းများကို အခွန်ကောက်ခံခြင်းကြောင့် ပြည်သူကျန်းမာရေး အခက်အခဲဖြစ်

သျှမ်းပြည် နမ့်ခမ်းမြို့တွင် ဖွင့်လှစ်ထားသည့် ပုဂ္ဂလိက ဆေးဆိုင်ဆေးခန်းများကို TNLA မှ အခွန်ကောက်ခံခြင်းကြောင့် ပြည်သူကျန်းမာရေး အခက်အခဲ ရင်ဆိုင်နေရကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ နောက်ဆုံးပတ်မှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ပေါ်တွင် ပုဂ္ဂလိက ဆေးရုံဆေးခန်းနှင့် ဆေးပစ္စည်းဆိုင်များကို အခွန်ကောက်ခံခဲ့ရာ...

ညီနောင် (၃)ဖွဲ့ လုပ်ဆောင်ချက်သည်တော်လှန်ရေးအဖွဲ့သစ် အတွက် စံပြဖြစ်ကြောင်း TNLA နှင့် AA က MNDAA ကို ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထား

ညီနောင်မဟာမိတ် (၃)ဖွဲ့ လုပ်ဆောင်ချက်သည် တော်လှန်ရေးအဖွဲ့အစည်းသစ်များအတုယူ စံပြဖြစ်ခဲ့ရကြောင်း TNLA နှင့် AA က MNDAA ၃၆နှစ်ပြည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။ ညီနောင်မဟာမိတ် (၃)ဖွဲ့ဝင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ၏ ၃၆ နှစ်မြောက်အခမ်းအနားသို့ ကျန်နှစ်ဖွဲ့ဖြစ်သည့် TNLA နှင့် AA တို့မှ...

တောင်းခမ်းဒေသ အမြောက်တပ်ရင်းများမှ TNLA သိမ်းပိုက်ထားနိုင်သည့် နေရာအချို့ လက်လွတ်ရ

သျှမ်းပြည် နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်နိုင်ခဲ့သည့် အမြောက်တပ်စခန်း နေရာအချို့ကို လက်လွတ်လိုက်ရပြီး စစ်ကောင်စီတပ်မှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။ မတ်လဆန်းမှ စတင်ပြီး နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ လအတော်ကြာ ထိန်းချုပ်ထားနိုင်ခဲ့သည့် အမြောက်တပ်စခန်း...

ကွတ်ခိုင် KIA ဆက်ဆံရေးရုံးမှ တပ်သား ၄၀ နီးပါးကို TNLA ကားတင်ပြီး နမ့်ဖတ်ကာဘက် ပို့ဆောင်

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ သာလွန်အင်အား အသုံးပြု၍ ကချင်လွတ်လပ်‌ရေးတပ် KIA ဆက်ဆံရေးရုံးရှိ တပ်သား ၄၀ ခန့်ကို ကားတင်ပြီး နမ့်ဖတ်ကာဘက်သို့ ပို့ဆောင်လိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၇ ရက်) ညနေ ၃ နာရီခွဲခန့်တွင်...

နောင်ချို စစ်ရှောင်များ ဝမ်းရေးအတွက် ကြံခုတ်သည့် နေ့စားအလုပ် ရပ်နားထားရ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် နေထိုင်သည့် စစ်ရှောင်များသည် ဝမ်းရေးအတွက် ကြံခုတ်ပြီး ဝမ်းရေးဖြေရှင်းနေရပြီး လက်ရှိတွင် စစ်ကောင်စီနှင့် TNLA ပူပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်မှုကြောင့် ရပ်နားထားရကြောင်း သတင်းရရှိသည်။ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း ၂၀၂၄ ခုနစ် ဇူလိုင်လတွင် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA )နှင့်...

စစ်ကျန်လက်နက် ရှာကောက်ပြီး ဝမ်းရေးဖြေရှင်းနေရသည့် “၁၀၂၇ စစ်ဆင်ရေး”နယ်မြေက ပြည်သူများ

သျှမ်းပြည်မြောက်ပိုင်းရှိ “၁၀၂၇ စစ်ဆင်ရေး” ဖြစ်ပွားခဲ့သော သီပေါနှင့် သိန္နီမြို့နယ်ရှိ ပြည်သူများသည် စစ်လက်နက် အကြွင်းအကျန်များကို ရှာဖွေကောက်ယူပြီး ပြန်လည်ရောင်းချကာ မိသားစု ဝမ်းရေးအတွက် ဖြေရှင်းနေရကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသော သီပေါမြို့နယ်ရှိ ပြည်သူများသည် လက်ရှိအချိန်တွင် စားဝတ်နေရေးအတွက် အခက်အခဲများ ဖြစ်ပွားနေသဖြင့်...

မန်တုံမြို့နယ် KIA နှင့် TNLA ပဋိပက္ခ ထိန်းသိမ်း ဆောင်ရွက်ရန် TNLA စစ်ဦးစီးချုပ်ပြော၊ လက်နက်ပစ်ဖောက်ခြင်း မလုပ်ရန် KIA အမိန့်ထုတ်

သျှမ်းပြည် မန်တုံမြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ် KIA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့အကြား ဖြစ်ပွားနေသည့် မြေပြင်ပဋိပက္ခကို ထိန်းသိမ်း ဆောင်ရွက်သွားရန် TNLA စစ်ဦးစီးချုပ်က ပြောဆိုလိုက်သည်။ ဖေဖော်ဝါရီလ (၂၈) ရက်တွင် မန်တုံမြို့၌ ကျင်းပခဲ့သည့် လူထုတွေ့ဆုံပွဲသို့ TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိုပလန်...

မန်တုံမြို့နယ် KIA ရုံးနှင့် ဂိတ်နေရာကို TNLA ဝင်ရောက်စီးနင်းပြီး နေရာပြောင်းရွှေ့ခိုင်း၊ အောက်ခြေအရာရှိ ညှိနှိုင်းနေဟု KIA ပြော

သျှမ်းပြည် မန်တုံမြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ် KIA ၏ တိုက်နယ်ရုံးနှင့် ဂိတ်နေရာကို TNLA မှ ဝင်ရောက်စီးနင်းပြီး နေရာပြောင်းရွှေ့ခိုင်းခဲ့ကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ (၂၃) ရက် နံနက်ပိုင်းတွင် မန်တုံမြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ် KIA တောင်ပိုင်းတိုင်း လက်အောက်ခံ တပ်ရင်းများမှ လောင်ကျယ်၊ ရောင်ကျိန်းနှင့် မန်ပန်ကျေးရွာတို့တွင်...

နောင်ချိုမြို့နယ် တောင်းခမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ဟု TNLA ပြော

သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ တောင်းခမ်းအမြောက်တပ်ရင်းများကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ တိုက်ခိုက်နေစဉ် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၂၃ ရက်) နေ့လယ် ၁ နာရီခွဲတွင် နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ တောင်ရှည်ရွာနှင့် မန်မော်ရွာကြား စစ်ကောင်စီတပ်နှင့်...

Latest news