TNLA ထိန်းချုပ်ဒေသ တော်လှန်ရေးကာလ ပြည်သူ့အစိုးရကို လူထုကိုယ်စားလှယ်များဖြင့် ဆက်လက်ဖွဲ့စည်းမည်

TNLA ထိန်းချုပ်ဒေသအတွင်း တော်လှန်ရေးကာလ ပြည်သူ့အစိုးရတစ်ရပ်ကို လူထုကိုယ်စားလှယ်များဖြင့် ၂၀၂၅ ခုနှစ်အတွင်း ဖွဲ့စည်းနိုင်ရန် အမြန်ဆုံး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု တအာင်းနိုင်ငံရေး အတိုင်ပင်ခံကောင်စီမှ ကြေညာလိုက်သည်။

ဇွန်လ (၁) ရက်မှ (၃) ရက်နေ့အထိ ကျင်းပခဲ့သည့် တအာင်းနိုင်ငံရေး အတိုင်ပင်ခံကောင်စီ (TPCC) ၏ နိုင်ငံရေးထိပ်သီး အစည်းအဝေးတွင် တအာင်းပြည်ကောင်စီ (Ta’ang Land Council – TLC) ကို တော်လှန်ရေးကာလတွင် အမြင့်ဆုံးနိုင်ငံရေး အာဏာပိုင်အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း ယနေ့ (ဇွန်လ ၉ ရက်) တွင် ထုတ်ပြန်ခဲ့သည်။

၂၀၂၁ မတ်လ (၂၄) ရက်တွင် ဖွဲ့စည်းခဲ့သည့် တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ TPCC တွင် တအာင်းအမျိုးသားပါတီ TNP ၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နှင့် တအာင်း(ပလောင်) အရပ်ဖက်အစုအဖွဲ့များ ပါဝင်ထားပြီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အဓိကမဏ္ဍိုင်(၃)ခုကို ထိန်းကျောင်းရန် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“အဓိက ကတော့ ဒီတော်လှန်ရေးကာလ အစိုးရကို ဦးဆောင်ဖွဲ့စည်းနိုင်ရေး၊ မဏ္ဍိုင်ကြီး (၃) ရပ်ကို ထိန်းကြောင်းကွပ်ကဲ ကြပ်မတ်ဖို့နဲ့ တအာင်းတွေရဲ့ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ ဦးဆောင်ဖို့ တာဝန်ပေးထားတာ ဖြစ်ပါတယ်”ဟု TPCC အတွင်းရေးမှူးဖြစ်သူ မိုင်းနိုင်ဂေါင်ဇာရ် က သျှမ်းသံတော်ဆင့်ကို ဖြေကြားသည်။

အဆိုပါ အစည်းအဝေးသို့ အစုအဖွဲ့ (၃) ခုမှ ထိပ်သီးခေါင်းဆောင်များ စုစုပေါင်း (၈၃) ဦး တက်ရောက်ခဲ့ကြပြီး တော်လှန်ရေးကာလ အစိုးရအစီအမံကို အတည်ပြုခဲ့ကြောင်း သိရသည်။

“တော်လှန်ရေးကာလ အစိုးရ တစ်ရပ်မှာ ရှိသင့်ရှိထိုက် လိုအပ်တဲ့ဌာနတွေ စုံအောင်တော့ ပြင်ဆင်စုဖွဲ့သွားဖို့ ရှိတယ်လို့ အကြမ်းဖျင်း ပြောလို့ရပါတယ်။ အကြမ်းအားဖြင့် ပြောနိုင်တာကတော့ ၁၀၂၇ စစ်‌ဆင်ရေးလှိုင်းမှာ PSLF/TNLA က ထိန်းချုပ်ထားတဲ့ မြိုနယ်တွေ ပါပါတယ်ဗျ”ဟု TPCC အတွင်းရေးမှူးဖြစ်သူ မိုင်းနိုင်ဂေါင်ဇာရ် က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

အသစ်ပြောင်းလဲ ဖွဲ့စည်းလိုက်သည့် တအာင်းပြည်ကောင်စီတွင် TNLA ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ဒုဥက္ကဋ္ဌ (၂) ဦး၊ အဖွဲ့ဝင် (၄) ဦး၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး တစ်ဦးစီ၊ စုစုပေါင်း (၉) ဦးဖြင့် ဖွဲ့စည်းထားပြီး အမျိုးသမီး (၄) ဦး ပါဝင်သည်။

တအာင်းပြည်ကောင်စီ အနေဖြင့် “၁၀၂၇ စစ်ဆင်ရေး”အတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် မဟာမိတ်များ ဦးဆောင်၍ စစ်ကောင်စီအား ဖယ်ရှားနိုင်ခဲ့သည့် နယ်မြေများကို အခြေခံပြီး တော်လှန်ရေးကာလ ပြည်သူ့အစိုးရတစ်ရပ်ကို သင့်လျော်သည့် ပြည်သူလူထု ကိုယ်စားလှယ်များဖြင့် ၂၀၂၅ ခုနှစ်အတွင်း ဖွဲ့စည်းနိုင်ရန် အမြန်ဆုံး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပြောဆိုထားသည်။

ထို့အပြင် မြန်မာပြည်တော်လှန်ရေးအင်အားစုများနှင့်အတူ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

လက်ရှိတွင် TNLA အနေဖြင့် မြို့ (၁၂) မြို့ ထိန်းချုပ်ထားပြီး ဧပြီလ တွေ့ဆုံဆွေးနွေးပွဲအတွင်း စစ်ကောင်စီဘက်မှ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ်မြို့တို့ကို လက်လွှတ်ရန် တောင်းဆိုခဲ့ရာ သဘောတူညီမှု မရရှိခဲ့ဘဲ တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် လာမည့် ဩဂုတ်လအတွင်း စစ်ကောင်စီနှင့် TNLA တို့ ထပ်မံတွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...