နမ့်ခမ်းမြို့နယ်အတွင်း TNLA အခွန်တိုးမြှင့်ကောက်ခံကြောင့် ဒေသခံများအခက်တွေ့

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း TNLA မှ ကားခွန် လျှပ်စစ်မီဝာာခွန် လမ်းတံတားကြေးနှင့် တခြား သော အခွန်နှုန်းထားများ တိုးမြှင့်ကောက်ခံနေသောကြောင့် ဒေသခံ ပြည်သူများ အခက်ခဲ ကြုံတွေနေရကြောင်း စုံစမ်းသိရသည်။

၂၀၂၅ ခုနစ် မေလဆန်းပိုင်းမှစ၍ ယနေ့အထိ နမ့်ခမ်းမြို့အတွင်း TNLA တိုးမြှင့်ကောက်ခံနေသော အခွန်နှုန်းထား များမှာ အိမ်သုံး လျှပ်စစ်မီတာ တစ်ယူနစ် ၃၅ ကျပ်မှ ကျပ်ငွေ ၅၀ အဖြစ်လည်းကောင်း၊ ယခင်က ဒေသခံအနေ ဖြင့် တံတားဖြတ်ခ/လမ်းကြေး ကောက်ခံမှု မရှိရာကနေ ယခု ကားသေးတစ်စီး တစ်ထောင်ကျပ် ပေးဆောင် နေရသည့်အပြင် ယာဉ်မှတ်ပုံတင်ခ လည်း TNLA မှ ကောက်ခံသွားမည်ဟုဆိုသည်။

“တစ်ယူနစ်ကို တစ်ဝက်လောက် စျေးတက်လာတယ်၊ အရင်က အိမ်မှာ ၃၀၀ ယူနစ်လောက်ပဲသုံးတာကို အရင်လက ယူနစ် ၆၀၀ ကျော်ကျသွားတာ၊ အိမ်မှာကလဲ ဘာမှထွေထွေထူးထူး သုံးတာမရှိဘူး၊ မီတာခ လည်း အရင်က ၃သောင်းကျော်လောက်ပဲကျတာ ခုတော့ ၁သိန်းခွဲ လောက်ကျတယ်၊ တော်တော်များများက မခံနိုင်လို့ လျှပ်စစ်ရုံးသွားတိုင်တာကို မီတာဘောက် အသစ်လဲခိုင်းနေတာ ဘာမှမလုပ်ပေးဘူး” – ဟု အမည်မဖေါ်လိုသည့် ဒေသခံ အမျိုးသမီး တစ်ဉီးက ပြောသည်။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း TNLA မှ ကုန်သည်များထံ အခွန်ကောက်ခံမှုကြောင့် စားသောက်ကုန်၊ ဆေးဝါးနှင့် အခြားကုန်ပစ္စည်းများ စျေးနှုန်းမြင့်တက်လာသည်ဟု နမ့်ခမ်းမြို့ခံများကပြောသည်။

“၁၀၂၇ စစ်ပွဲနောက်ပိုင်း သျှမ်းမြောက်တစ်ခွင်လုံးကို ယှဉ်ကြည့်မယ်ဆို နမ့်ခမ်းက ကုန်စျေးနှုန်း အမြင့်ဆုံးပဲ၊ အရင်က နမ့်ခမ်းက ကုန်စျေးနှုန်းအပေါဆုံးလေ၊ TNLA က ကုန်သည်တွေကို သွယ်ဝိုက်ခွန် ကောက် တော့ ကုန်သည်တွေမထိဘူးလေ ပြည်သူတွေကိုပဲထိတာ၊ အခွန်တွေတော့ ကောက်သလားမမေးနဲ့၊ မြို့ တိုးတက်ရာ တိုးတက်ကြောင်းတော့ ဘာမှလုပ်မပေးဘူး၊ KTV ၊ မာဆတ်၊ မူးယစ်ဆေးဝါးတွေတော့ ပေါလာတယ်” ဟု အမည်မဖေါ်လိုသည့် ဒေသခံအမျိုးသားတစ်ဉီးက ပြောသည်။

TNLA သည် နမ့်ခမ်းမြို့ပေါ်ရှိ မော်တော်ယာဉ်များ မှတ်ပုံတင်ရန် ပိုစတာနှင့် လက်ကမ်းစာစောင်များကို ရပ်ကွက် တိုင်း တွင်ဖြန့်ဝေထားပြီး ကားသေး ကို မော်ဒယ်လ် အလိုက် ၂ သိန်းမှ ၃ သိန်းထိ၊ ကားလတ် ၃ သိန်းမှ ၄ သိန်း ထိ၊ ကားကြီးများကို ၄ သိန်းမှ ၅ သိန်းထိ သတ်မှတ်ပြီး လာမည့် မေလ(၂၅) ရက်တွင်စတင်ကောက်ခံမည်ဖြစ် ကြောင်း ပိုစတာတွင် ပါရှိသည်။

ထို့ပြင် နမ့်ခမ်းမှ ကချင် ပြည်နယ် သို့ သွယ်တန်းထားသော ရွှေလီကြိုးတံတားတွင် ယခင်ကောက်ခံမှုမရှိသည့် တံတားကြေးကို လည်း ပေး ဆောင်နေရကြောင်း၊ နမ့်ခမ်း-မူဆယ်လမ်းပိုင်းရှိ နောင်ခန် တိုးဂိတ်တွင်လည်း လမ်းကြေးကောက်ခံ ကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

မူဆယ်-နမ့်ခမ်း မြစ်ဘေးရှိ ရပ်ကွက်များနှင့် လယ်ယာ၊ စိုက်ပျိုးမြေများ ရေမြှုပ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ဘေးနေထိုင်သည့် ပြည်သူများ၏ နေအိမ်နှင့် လယ်ယာများ ရေမြှုပ်နေကြောင်း သတင်းရရှိသည်။​ ဇူလိုင်လ တတိယပတ်အတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် တရုတ်နိုင်ငံအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုအပြင် တရုတ်နိုင်ငံမှ ရေကာတာ ရေထုတ်လွှတ်မှုကြောင့် ရွှေလီမြစ်ရေမှာ ရက်ပိုင်း ရေမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...