နောင်ချို စစ်ကောင်စီတပ်က လေကြောင်းဖိအားပေး ဗုံးကြဲမှုကြောင့် TNLA တပ်စခန်းတစ်ခု လက်လွှတ်ရ

သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် သရက်ချိုကျေးရွာတွင် စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းတပ်တို့ အပြင်းအထန် တိုက်ပွဲဖြစ်ပွားလျက်ပြီး စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဖိအားပေး ဗုံးကြဲတိုက်ခိုက်နေသောကြောင့် TNLA ဘက်မှ တပ်စခန်းတချို့ လက်လွှတ်ခဲ့ရသည်ဟု စုံစမ်းသိရသည်။

ယနေ့ (မေလ ၂၃ ရက်) အထိ နောင်ချိုမြို့နယ် နောင်တောကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်သည် တောင်းခမ်းဘက်မှ နေ၍ သရက်ချိုဘက်ကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု ရှေ့တန်းရောက် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“တောင်းခမ်းဘက်ကနေ သရက်ချိုဘက်ကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတယ်။ သူတို့လည်း အလုံးအရင်းနဲ့ သေတာ။ သူတို့က ဒရုန်းရော လက်နက်ကြီးရော မြေပြင်ရော သုံးတော့ ကျနော်တို့ နေရာတချို့ လက်လွှတ်ထားခဲ့ရတယ်။ မြေပြင်ချင်း ယှဉ်ရင်တော့ ကျနော်တို့ သာတာပေါ့”ဟု ရှေ့တန်းရောက် စစ်ရေးသတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုး တိုက်ခိုက်လာသောကြောင့် သရက်ချို၊ ယာပြင်၊ ရွှေမုဌောနှင့် မက်မန်းတော စသည့် ကျေးရွာများမှ ပြည်သူများသည် ကျောက်မဲမြို့နယ်ဘက်သို့ စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေကြရသည်ဟု ၎င်းသတင်းရင်းမြစ်က ဆက်ပြောသည်။

ယမန်နေ့ (မေလ ၂၂ ရက်) နေ့လည် ၁၂ နာရီဝန်းကျင်တွင် နောင်ချိုမြို့နယ် အုမ္မသီးကျေးရွာသို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀)ဗုံး (၄)လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့သည့်အပြင် မေလ (၂၁)ရက်တွင်လည်း အုမ္မသီးကျေးရွာ၌ လက်နက်ကြီး (၁၅)လုံး၊ အဆိပ်ငွေ့ဗုံး (၁)လုံးနှင့် လာရောက်တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီ နောင်ချိုမြို့နယ်တွင်း လေကြောင်းဖြင့် ဗုံးကြဲ

“လက်နက်ကြီးတို့၊ လေယာဉ်တို့၊ ဒရုန်းတို့နဲ့ လာလာပစ်နေတာ နေ့တိုင်းလိုလိုပါပဲ။ သူတို့က အပစ်ရပ်တယ်သာပြောတာ အပြောပဲရှိတာ၊ အဆိပ်ငွေ့ဗုံးတွေနဲ့ လာကြဲလိုက် လက်နက်ကြီးနဲ့ ထုလိုက် လုပ်နေတာ။ အုမ္မသီးဘက်က ဒေသခံ တစ်ဦး ဒဏ်ရာ ရတယ်လို့ သိရတယ်”ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦး သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့်‌ မေလ (၂၀)ရက်တွင်လည်း စစ်ကောင်စီမှ နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာကို ဂျက်ဖိုက်တာဖြင့် ပေါင်(၂၅၀)ဗုံးတစ်လုံး လာရောက်ကြဲချခဲ့သောကြောင့် ပြည်သူနေအိမ် တစ်လုံး ထိမှန်ပျက်စီး ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် ပြည်သူများကို ပစ်မှတ်ထား၍ လေကြောင်း၊ လက်နက်ကြီး စသည်တို့ဖြင့် နေ့စဉ်ပစ်ခတ်နေသောကြောင့် ပြည်သူများအနေဖြင့် စစ်ရေးအရ သတိရှိရန် လိုအပ်ကြောင်း TNLA ဘက်က အသိပေးထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...