TNLA
KIO/KIA နှင့် PSLF/TNLA နှစ်ဘက်တပ်ဖွဲ့ ဆွေးနွေးပွဲအတွက် ရှေ့ပြေးညှိနှိုင်းရေး စတင်
ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA နှစ်ဘက်တပ်ဖွဲ့ ဆွေးနွေးပွဲအတွက် ရှေ့ပြေးညှိနှိုင်းရေးများ စတင်နေပြီဖြစ်ကြောင်း ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် က ပြောဆိုလိုက်သည်။ ယနေ့ (ဧပြီလ ၉ ရက်) နေ့စွဲဖြင့် ကချင်လွတ်လပ်ရေးကောင်စီ(KIC) ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ၎င်း၏...
အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ် နောင်ချိုမြို့နယ်ထဲ အဆိပ်ငွေ့ဗုံးကြဲဟု TNLA ပြော
SHAN -
သျှမ်းပြည် နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ (၉၀၂) အမြောက်တပ်စခန်းအနီး တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ထုတ်ပြန်လာသည်။ ယမန်နေ့ (ဧပြီလ ၅ ရက်) နေ့လယ် (၂) နာရီခန့်တွင် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာရှိ (၉၀၂) အမြောက်တပ်စခန်းအနီး...
အပစ်ရပ်ကြေညာခဲ့သော စစ်ကောင်စီတပ် မိုးကုတ်မြို့နယ်ကို လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်
SHAN -
အပစ်ရပ်ကြေညာထားသော စစ်ကောင်စီသည် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့် မိုးကုတ်မြို့နယ်အတွင်းကို ယနေ့ (ဧပြီ ၅)ရက် နေ့လည် ၂နာရီခွဲဝန်ကျင်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ စစ်ကောင်စီတပ်သည် ဧပြီလ (၂)ရက်မှ (၂၂)ရက်အထိ အပစ်ရပ်ကြေညာခဲ့သော်လည်း ယနေ့ ( ဧပြီ ၅)ရက်နေ့လည်...
နောင်ချို TNLA မှ ဖုန်းအသုံးပြုသူ တွေ့ရှိပါက ဒဏ်ငွေ ၁၀ သိန်းနှင့် ထောင် ၂ နှစ် ချမှတ်မည်ဟုဆို
သျှမ်းပြည် နောင်ချိုမြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA မှ ဖုန်းအသုံးပြုသူများကို တွေ့ရှိပါက ဒဏ်ငွေ ၁၀ သိန်းနှင့် ထောင် ၂ နှစ် ချမှတ်မည်ဟု စာဖြင့် သတိပေးထားကြောင်း စုံစမ်းသိရသည်။ မတ်လ နောက်ဆုံးပတ်မှ စတင်ပြီး TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ပေါ်နှင့်...
သီပေါမြို့ တိုက်ပွဲအတွင်းပျက်စီးခဲ့သော နေအိမ်များကို လူမှုကူညီရေးအဖွဲ့ ဆက်လက်ကူညီမည်
သျှမ်းပြည် သီပေါမြို့နယ်တွင် “၁၀၂၇ စစ်ဆင်ရေး”အတွင်း မြို့သိမ်းတိုက်ပွဲများကြောင့် ထိခိုက်ပျက်စီးသွားသော နေအိမ်များကို လူမှုကူညီရေးအဖွဲ့များက ဆက်လက်ကူညီ ထောက်ပံ့မည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ လက်ရှိ သီပေါမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထိန်းချုပ်ထားပြီး “၁၀၂၇ စစ်ဆင်ရေး”အတွင်း မြို့သိမ်းတိုက်ပွဲများကြောင့် ထိခိုက်ပျက်စီးသွားသည့် ပြည်သူနေအိမ် (၂၀၀) ကျော်အတွက်...
ကွတ်ခိုင်မြို့ ငလျင်ဒဏ်အလှူငွေကောက်ခံသည့်နေရာ TNLA နှင့် MNDAA ခိုက်ရန်ဖြစ်ပွား၊ TNLA တပ်သားတစ်ဦး သေဆုံးဟုဆို
သျှမ်းပြည် ကွတ်ခိုင်မြို့တွင် ငလျင်ဒဏ်အတွက် အလှူငွေ ကောက်ခံသည့် နေရာ၌ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁ ရက်) နေ့လယ် ၁၁ နာရီခွဲတွင် ကွတ်ခိုင်မြို့မဈေး နေရာ၌ ကိုးကန့်တပ်ဖွဲ့ MNDAA...
မိုးမိတ် SSPP/SSA သေနတ်ပစ်ဖောက်သည့်ကိစ္စ ဖြေရှင်းပေးရန် TNLA စာပို့အကြောင်းကြား
သျှမ်းပြည် မိုးမိတ်မြို့နယ်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ သေနတ်ပစ်ဖောက်ခဲ့သည့် ကိစ္စကို မဟာမိတ် ဂုဏ်သိက္ခာရှိစွာဖြင့် လာရောက်ဖြေရှင်းရန် TNLA က စာပေးပို့ အကြောင်းကြားခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ မတ်လ (၂၃) ရက်တွင် မိုးမိတ်မြို့နယ် မန်ဖွယ်ကျေးရွာရှိ SSPP/SSA စခန်းချနေရာကို တအာင်း(ပလောင်)...
နောင်ချိုမြို့ကို စစ်ကောင်စီတပ် ပတ်ပတ်လည်ဝိုင်းထား၊ မြေပြင်ထိုးစစ် အင်အားဖြည့်တင်းနေ
သျှမ်းပြည် နောင်ချိုမြို့နယ် တောင်းခမ်းဒေသကို စစ်ကောင်စီတပ်မှ အပြင်းအထန် ထိုးစစ်ဆင်နေစဉ် မဲပုတ်ကျေးရွာရှိ တိမ်ပင်လယ်နေရာများကို ပြန်လည်နေရာယူထားနိုင်ကြောင်း စုံစမ်းသိရသည်။ မတ်လဆန်းပိုင်းမှ စတင်ပြီး နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ လအတော်ကြာ ထိန်းချုပ်ထားနိုင်ခဲ့သည့် အမြောက်တပ်စခန်း နေရာများကို စစ်ကောင်စီတပ်မှ အပြင်းအထန်...
TNLA မှ မိုးမိတ် SSPP/SSA တပ်စခန်းကို ဖိအားပေး မောင်းထုတ် နှစ်ဘက်ကြား စစ်ရေးတင်းမာနေ
သျှမ်းပြည် မြောက်ပိုင်း မိုးမိတ်မြို့နယ်တွင် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA ) မှ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်( SSPP/SSA) ကို စစ်ရေးအရ ဖိအားပေး မောင်းထုတ်မှုကြောင့် နှစ်ဘက်ကြား စစ်ရေးတင်းမာမှုများဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၃) ရက် နေ့လယ် ၁၂ နာရီဝန်းကျင် နှင့်...
ကျောက်မဲ ကျွန်းပင်ခုတ်သည်ဟုဆိုကာ TNLA မှ တစ်လအကြာ ဖမ်းဆီးထားသည့် အရပ်သား ၁၇ ဦး ပြန်လွတ်လာ
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ကျွန်းပင်ခုတ်သည်ဟု ပြောဆိုပြီး တစ်လအကြာ ဖမ်းဆီးထားသည့် အရပ်သား ၁၇ ဦး ပြန်လည်လွတ်မြောက်လာကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ်ရှိ သတ်မှတ်ကြိုးဝိုင်းအတွင်း ကျွန်းပင်ခုတ်သည်ဟု ဆိုကာ ဇန်နဝါရီ တတိယပတ်တွင် လိုက်လံဖမ်းဆီးပြီး ကျောက်မဲမြို့ပေါ်တွင် ထိန်းသိမ်းထားခဲ့သည့် အရပ်သားများကို...





