TNLA ထိန်းချုပ် နောင်ချိုမြို့နှင့် မိုးကုတ်မြို့ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ ဒဏ်ရာရသူ ၆ ဦး ထပ်မံသေဆုံး

သျှမ်းပြည် နောင်ချိုမြို့နှင့် မိုးကုတ်မြို့ကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ထပ်မံကြဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူနေအိမ် (၇) လုံး ထိမှန်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မေလ ၁၃ ရက်) ည ၉ နာရီခွဲကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ပေါ် ဈေးရပ်ကွက်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၅၀၀) ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ် (၇) လုံး ထိမှန်ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

“မနေ့ညက ပေါက်ကွဲသံကြားတာ အားတော့ တော်တော်လေး ပြင်းတယ်။ ဈေးရပ်ကွက်ထဲ ဗုံးခနခန ကြဲခံရတော့ ဆွေးနွေးပွဲ အဆင်မပြေဘူး စကြားကတည်းက အဲ့ဘက်ကလူတွေ ရှောင်နေကြတာ။ လူထိတာတော့ မကြားမိဘူး၊ အိမ်ကတော့ ၇ လုံးလောက် ရစရာကို မရှိတော့တာ”ဟု နောင်ချိုဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ပေါင် (၅၀၀) ဗုံးတစ်လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဈေးရပ်ကွက် နယ်မြေ(၁၀) ရှိ နေအိမ် (၇) လုံး ထိမှန်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ယနေ့ (မေလ ၁၄ ရက်) နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

အလားတူ မေလ (၈) ရက်နေ့တွင် စစ်ကောင်စီတပ်၏ အမြောက်တပ်ရင်း ဌာနချုပ် မစခ-(၉၀၂)မှ ပစ်ခတ်သည့် လက်နက်ကြီး ထိမှန်မှုကြောင့် နောင်ချိုမြို့နယ် နောင်တောကျေးရွာအုပ်စု သရက်ချိုရွာမှ ထိခိုက်ဒဏ်ရာရသူ (၆) ဦးလည်း ဆေးကုသမှု ခံယူနေစဉ် ထပ်မံသေဆုံးသွားခဲ့ပြီး အသက် (၅) နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အရပ်သား စုစုပေါင်း (၁၀) ဦး သေဆုံးသွားခဲ့ကြောင်း မြေပြင်စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“သရက်ချိုရွာက မင်္ဂလာဆောင် အကြိုနေ့မှာ လက်နက်ကြီးကျလို့ ၄ ယောက်သေတာ ကလေး တစ်ယောက်ပါတယ်၊ ဒဏ်ရာရတဲ့လူလည်း များတယ်။ နောက် ၂ ရက်နေတော့ အဲ့ထဲက ဒဏ်ရာရတဲ့လူထဲက ဆေးကုနေတုန်း ၆ ယောက် ထပ်ဆုံးသွားတယ်”ဟု ၎င်းစစ်ရေး သတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့တွင်လည်း ယမန်နေ့ ညသန်းခေါင် လူအိပ်မောကျချိန်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ရွှေလိပ်ပြာဟိုတယ် လေးထပ်ဆောင်ထဲ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယင်းမတိုင်ခင် ယမန်နေ့ ည ၁၀ နာရီကျော် အချိန်က မန္တလေး-မိုးကုတ် ကားလမ်းပေါ် သပိတ်ကျင်းမြို့ ကျောက်လှည်းဘီးရွာအနီးရှိ TNLA နှင့် မိုးကုတ်ဗျူဟာ အပါအဝင် မဟာမိတ်ပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် ခြေလျင်တပ်ရင်း ခလရ-(၁၄၈) ကိုလည်း စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မေလ ၁၂ ရက် ညပိုင်းတွင်လည်း TNLA ထိန်းချုပ်ထားသည့် မန်တုံမြို့နှင့် မိုင်းငေါ့မြို့တို့ကို စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် (၂၇) လုံး ဗုံးစထိမှန် ပျက်စီးခဲ့သည်။

စစ်ကောင်စီဘက်မှ မေလ ၆ ရက်မှ ၃၁ ရက်အထိ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလအဖြစ် ထပ်မံသက်တမ်းတိုးမြှင့်ကြောင်း ထုတ်ပြန်ခဲ့သော်လည်း TNLA ထိန်းချုပ် နယ်မြေထဲသို့ မြေပြင်ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်း၊ ဒရုန်းနှင့် လေကြောင်းဖြင့် နေ့စဉ်အသုံးပြု တိုက်ခိုက်လျက်ရှိသည်။

ထို့ကြောင့် စစ်ကောင်စီတပ်၏ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခံရမှုမှ ရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန် လိုအပ်ကြောင်းTNLA ဘက်မှ ပြောဆိုထားသည်။

ပုံစာ – နောင်ချိုမြို့ ဈေးရပ်ကွက်ထဲ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ပြီးနောက် နေအိမ်ထိခိုက်ပျက်စီးမှု

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...