TNLA ထိန်းချုပ်နယ်မြေထဲ လူသုံးကုန်နှင့် ဆေးဝါးသယ်ယူနိုင်ရေး စစ်ကောင်စီနှင့်ဆွေးနွေးခဲ့

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်နယ်မြေထဲသို့ လူသုံးကုန်နှင့် ဆေးဝါးများ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ဖြတ်သန်းသွားလာခွင့်ပြုရန် စစ်ကောင်စီနှင့် ‌တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (မေလ ၄ ရက်) နံနက်ပိုင်းတွင် အွန်လိုင်းမှတဆင့် ပြုလုပ်ခဲ့သည့် PSLF/TNLA ၏ ပထမအကြိမ် သတင်းစာရှင်းလင်းပွဲ၌ ဧပြီလ ၂၈-၂၉ ရက်တို့တွင် တရုတ်ကြားဝင်စီစဉ်မှုဖြင့် TNLA နှင့် စစ်ကောင်စီတို့ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြစဉ် နှစ်ဘက်စလုံး၏ တောင်းဆိုချက်များကို TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ရှင်းလင်းတင်ပြခဲ့သည်။

TNLA ဘက်မှ နှစ်ဘက်တပ်အနေဖြင့် ရောက်ရှိသည့်နေရာတွင် ရပ်တန့်ပြီး အပစ်အခတ် ရပ်စဲရန်၊ စစ်ရေးလှုပ်ရှားမှုများတွင် ထိုးစစ်ပြုလုပ်ခြင်း မပြုရန်၊ နှစ်ဘက်ထိန်းချုပ် နယ်မြေဒေသများတွင် ဒေသခံပြည်သူများ၏ စားဝတ်နေရေးနှင့် ဆေးဝါးများ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ဖြတ်သန်းသွားလာခွင့်ပြုရန် အပါအဝင် အချက်(၃) ချက်တို့ကို စစ်ကောင်စီနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

“ပိတ်ဆို့မှု ၂ ခု ကြားထဲက လူထုတွေတော့ တော်တော်လေး ခက်ခဲမှု ရှိနေတယ်။ ဒါကို နည်းလမ်းပေါင်းစုံ သုံးပြီးမှ ကျော်လွှားနိုင်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။ စားစရာတွေ၊ ဆေးဝါးတွေ၊ လူသုံးကုန်တွေရဖို့ ကျနော်တို့လည်း အတော်လေးကို ခက်ခက်ခဲခဲနဲ့ ကြိုးပမ်းနေရပါတယ်”ဟု TNLA တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဖြစ်သူ ဗိုလ်မှူးကြီး တားပန်လ က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဧပြီလ ၂၈-၂၉ ရက်တို့တွင် တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် TNLA မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်ကောင်စီဘက်မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့် အဖွဲ့တို့ ကူမင်းမြို့၌ (၇) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

သို့သော် စစ်ကောင်စီ ကိုယ်စားလှယ်များဘက်မှ TNLA ထိန်းချုပ်ထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ် စသည့် ဒေသများကို လက်လွတ်ပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သည့် နမ့်ဆန်နှင့် မန်တုံမြို့နယ်အထိ TNLA တပ်ဆုတ်ခွာပေးရန် တောင်းဆိုမှုကို TNLA ဘက်မှ သဘောမတူနိုင်ခဲ့ကြောင်း မေလ (၁) ရက်တွင် ထုတ်ပြန်ထားသည်။

၎င်းနောက် စစ်ကောင်စီဘက်မှ TNLA ထိန်းချုပ်ထားသည့် မိုးကုတ်နှင့် နောင်ချိုမြို့နယ်များသို့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများ ဆက်တိုက်လှုပ်ဆောင်လာပြီး လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကဲ့သို့ စစ်ရေးတိုးမြှင့် လှုပ်ရှားလာကြောင်း TNLA ဘက်မှ ပြောသည်။

“စစ်ကောင်စီက လေကြောင်း ဖိအားပေးမှုတွေ ပိုမိုလုပ်လာပါတယ်။ အများဆုံးဆို နောင်ချို၊ မိုးကုတ်က ရင်ဆိုင်နေရပါတယ်။ စစ်ကောင်စီဘက်က စစ်ရေး တိုးမြှင့်လှုပ်ရှားတာမျိုး၊ လက်နက်ကြီးတွေ ပိုမိုပစ်ခတ်တာမျိုး လုပ်နေတာ တွေ့ရပါတယ်။ ဘယ်လိုပြန်ပြီး တုံ့ပြန်ဖို့ရှိလဲဆိုတော့ လတ်တလောမှာ စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုကို ဆက်လက်ပြီး စောင့်ကြည့်နေတယ်”ဟု TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

လက်ရှိတွင် ငလျင်ဒဏ်ခံရသည့် ဒေသများတွင် ကယ်ဆယ်ရေး ဆက်လက်လုပ်ဆောင်နိုင်ရန် ညီနောင်မဟာမိတ်များဘက်မှ မေလ (၁) ရက်မှ (၃၁) ရက်နေ့အထိ တစ်လတာ ထပ်မံအပစ်ရပ်ထားခြင်းကြောင့် TNLA အနေဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခြင်း လုပ်မှာမဟုတ်သလို မိမိကိုယ်မိမိ ခုခံ ကာကွယ်ပိုင်ခွင့်ကို ဆောင်ရွက်မည်ဖြစ်ကြောင်း လွေးယေဦးက ဆက်ပြောသည်။

အလားတူ စစ်ကောင်စီနှင့် TNLA တွေ့ဆုံနိုင်ရန် တရုတ်အစိုးရမှ စီမံဆောင်ရွက်ပေးပြီး ရလဒ်ကောင်းထွက်ရန် တရုတ်အစိုးရ၏ ပါဝင်ကူညီမှုမှာ အရမ်းအရေးကြီးကြောင်း TNLA ဘက်မှ ပြောဆိုသည်။

အခြားတစ်ဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လွှဲအပ်သလို TNLA ထိန်းချုပ်နယ်မြေများတွင် ထိုကဲ့သို့ မဖြစ်လာနိုင်ရန်အတွက် ပြည်သူလူထုအပါအဝင် မဟာမိတ်တပ်ဖွဲ့များအားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း TNLA တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဖြစ်သူ ဗိုလ်မှူးကြီး တားပန်လ က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

“၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း ပြန်လည်စတင်ခဲ့သည့် ယမန်နှစ် ၂၀၂၄ ဇွန်လနောက်ဆုံးပတ်မှ စတင်၍ TNLA နှင့် MNDAA ထိန်းချုပ်ထားနိုင်ခဲ့သည့် မြန်မာ-တရုတ် နယ်စပ်ဂိတ်များကို တရုတ်ဘက်မှ ဖြတ် (၅) ဖြတ် လုပ်ဆောင်ကာ ပိတ်ပင်ခဲ့သလို စစ်ကောင်စီဘက်မှလည်း ညီနောင်မဟာမိတ် ထိန်းချုပ်နယ်မြေများသို့ ကုန်စည်စီးဆင်းမှုကို ပိတ်ဆို့ခဲ့သည်။

ဇန်နဝါရီလ တတိယပတ်တွင် စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့တို့ တရားဝင် အပစ်အခတ်ရပ်စဲရေး သဘောတူနိုင်ခဲ့ပြီးနောက် MNDAA ထိန်းချုပ်နယ်မြေရှိ နယ်စပ်ဂိတ်များကို တရုတ်ဘက်မှ အားလုံးနီးပါး ပြန်ဖွင့်ပေးခဲ့သော်လည်း TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ်ရှိ နောင်တောင်း-ပိန်းမိုင် ကုန်အဝင်အထွက် သီးသန့်ဂိတ်ကို ပြန်လည်ဖွင့်လှစ်ပေးခြင်း မရှိသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...