ကူမင်းဆွေးနွေးပွဲ မအောင်မြင်၍ စစ်ကောင်စီမှ TNLAထိန်းချုပ်နယ်မြေများကို ဗုံးဆက်တိုက်ကြဲ

သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့အပါဝင် TNLAထိန်းချုပ်ထားသည့် မြို့နယ်များကို ကူမင်းဆွေးနွေးပွဲ အပြီး စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေကြောင်း သိရှိရသည်။

ယမန် မေလ (၃)ရက်နေ့ နှင့် မေလ (၂)ရက်နေ့ ညနေပိုင်းတွင် မန္တလေးတိုင်း ၊မိုးကုတ်မြို့ အပါဝင် နောင်ချိုမြို့ကို စစ်ကောင်စီမှ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဓမ္မာရုံနှင့် ပြည်သူနေအိမ် (၆)လုံးပျက်စီးသွားပြီး အရပ်သားထိခိုက်သေဆုံးမှု ရှိခဲ့သည်ဟု TNLAမှထုတ်ပြန်ထားသည်။

“ဟုတ်တယ် မနေ့ညကနောင်ချိုကို လေယာဉ်နဲ့ လာဗုံးကြဲတာ။နေအိမ်တွေတော့ ပျက်စီးကုန်တယ်။ လူတော့ ထိခိုက်မှုမရှိဘူး။ ဒါပေမဲ့ မိုးကုတ်ဖက်ကိုလည်း မနေ့ကလေယာဉ်နဲ့ လာကြဲသွားတယ်ပြောတယ်။သူတို့ဖက်တော့ လူထိခိုက်မှု ရှိတယ်လို့ ကြားတယ်။” ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦး ယမန်နေ့ ညပိုင်းတွင် ပြောသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိုးကုတ်မြို့ အနောက်ပိုင်း၊ ကသဲရပ်ကွက်ရှိ အနောက်ကျောင်း ဘက်တွင် ဒေသခံသံ တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အဆိုပါTNLA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောင်ချို နေအိမ်အပျက်အစီး

ပြီးခဲ့သည့် ဧပြီလ (၃၀)ရက်တွင်လည်း မိုးကုတ်မြို့ အနောက်ပိုင်း၊သစ်စိမ့်ကုန်းနှင့် ကျောက်ပုတ်ကျေးရွာကြားတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၂၅၀)ဗုံး (၂)လုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့သည်ဟုTNLA ထုတ်ပြန်ချက်အရသိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဧပြီလ (၂၈)ရက်မှ (၂၉)နေ့အထိ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ပြုလုပ်သော စစ်ကောင်စီနှင့် တTNLA တို့ ဆွေးနွေးပွဲတွင် စစ်ကောင်စီမှ ထိန်းချုပ်ထားသည့် နောင်ချို၊ ကျောက်မဲ၊သီပေါ၊မိုးကုတ်နှင့် မိုးမိတ် စသည့်နယ်မြေများကိုအားလုံးမှကို ဆုတ်ခွာပေးရန်တောင်းဆိုမှုကြောင့် TNLAမှ လက်မခံ၍ ဆွေးနွေးမှု မအောင်မြင်ဘဲ ပြီးဆုံးခဲ့ရသည်။

စစ်ကောင်စီတပ်မှ ကူမင်းဆွေးနွေးပွဲ အပြီး TNLAထိန်းချုပ်ဒေသဘက်တွင် စစ်အင်အားဖြည့်တင်းခြင်း ထိုးစစ်ဆင်ခြင်းများ ပြုလုပ်ခြင်း၊ အရပ်သားပစ်မှတ်ထား၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်နေခြင်းကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏လေကြောင်းရန်ကို ရှောင်ရှားရန် အမြဲသတိရှိရန် လိုအပ်ကြောင်း TNLAမှ အသိပေးထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...