နောင်ချို စစ်ကောင်စီလက်နက်ကြီးကြောင့် အသက်(၅)နှစ် ကလေးအပါအဝင် အရပ်သား (၄)ဦးသေဆုံးဟု TNLA ပြော

သျှမ်းပြည် နောင်ချိုမြို့နယ်၊ သရက်ချိုကျေးရွာကို စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အသက်(၅)နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အရပ်သား (၄)ဦး သေဆုံးကာ (၇)ဦး ဒဏ်ရာရရှိခဲ့သည်ဟု TNLA မှ ထုတ်ပြန်လိုက်သည်။

ယမန်နေ့ မေလ (၈)ရက် နေ့လယ် (၁၂)နာရီခန့်တွင် အပစ်ရပ် ကြေညာထားသည့် စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ် သရက်ချိုကျေးရွာအနီးသို့ ထိုးစစ်ဆင် တိုက်ခိုက်လာသောကြောင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီ အမြောက်တပ်ရင်း ဌာနချုပ် (၉၀၂) မှ သရက်ချိုကျေးရွာသို့ ဒရုန်း(၂)လုံး၊ လက်နက်ကြီး (၁၆)ကြိမ် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

“သရက်ချိုရွာက ဓနုရွာပဲ။ အခုက ခနခန စစ်ဖြစ်တာက နောင်လင်ဘက်မှာ၊ အဲ့ဘက်မှာ ဖုန်းလိုင်းလဲ မရဘူး။ ရှေ့နှစ်ပတ်က သရက်ချိုက လူတွေ အုမ္မတီးကို လာလည်သေးတယ်၊ တိုက်ပွဲမဖြစ်သေးဘူး။ ခုရက်ပိုင်းမှ သရက်ချိုရွာမှာ တိုက်ပွဲတွေ ဖြစ်တာ။ အခုတိုက်ပွဲဖြစ်နေတာက နောင်လင်နဲ့ ကံကြီးမှာ ပိုဖြစ်နေတာ” ဟု နောင်ချိုဒေသခံ သတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီလေကြောင်းဗုံးကြဲတဲ့နောင်ချိုမြို့နယ်

ထို့အပြင် ယမန်နေ့ မေလ (၈)ရက် မွန်းလွဲပိုင်းအချိန် ယာပြင်ကျေးရွာတွင်လည်း စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဘက်မှ ဒရုန်းဗုံး(၂)လုံးနှင့် လက်နက်ကြီးဖြင့် (၂)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု TNLA ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ နောင်ချိုမြို့နယ် နောင်လင်ကျေးရွာတွင်လည်း ယမန်နေ့ ညနေ (၆)နာရီတွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး သဲခေါရွာမှ နံနက်ပိုင်းအချိန်တွင် ဒရုန်းဖြင့် အဆိပ်ငွေ့ဗုံး (၁)လုံးကို အုမ္မတီးကျေးရွာသို့ လာရောက်ကြဲချခဲ့သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီမှာတော့ နေ့တိုင်း လက်နက်ကြီးနဲ့ ဒရုန်းဗုံးတွေက အဆက်မပြတ်ပဲ။ လေယာဉ်နဲ့လည်း လာလာကြဲတယ်။ အဆိပ်ငွေ့ဗုံးတွေနဲ့လည်း လာကြဲတယ်။ တိုက်ပွဲက ခနငြိမ်လိုက် ပြီးရင် ထဖြစ်လိုက်နဲ့ပဲ။ သူတို့က ခနခန ထိုးစစ်တွေ ဆင်နေတော့တာပဲ” ဟု နောင်ချိုဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတပ်သည် မေလ (၆)ရက်မှ (၃၁)ရက်နေ့အထိ ယာယီအပစ်အခတ် ရပ်စဲရေးကာလ အဖြစ် ထပ်မံတိုးမြှင့် ကြေညာခဲ့သော်လည်း TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်ကို အပြင်းအထန် ထိုးစစ်ဆင်မှုများ ပြုလုပ်နေပြီး လက်နက်ကြီးနှင့် ဒရုန်းများဖြင့် နေ့စဉ် တိုက်ခိုက်နေသည်ဟု သိရသည်။

ထို့ကြောင့် နောင်ချိုမြို့နယ်အတွင်းမှ ပြည်သူများကို စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှု ရှောင်ရှားနိုင်စေရန် စစ်ရေးအမြဲသတိရှိရန် လိုအပ်ပြီး လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို လိုက်နာဆောင်ရွက်ရန် လိုအပ်သည်ဟု TNLA က အသိပေးထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...