TNLA
TNLA ထိန်းချုပ်ဒေသ တော်လှန်ရေးကာလ ပြည်သူ့အစိုးရကို လူထုကိုယ်စားလှယ်များဖြင့် ဆက်လက်ဖွဲ့စည်းမည်
TNLA ထိန်းချုပ်ဒေသအတွင်း တော်လှန်ရေးကာလ ပြည်သူ့အစိုးရတစ်ရပ်ကို လူထုကိုယ်စားလှယ်များဖြင့် ၂၀၂၅ ခုနှစ်အတွင်း ဖွဲ့စည်းနိုင်ရန် အမြန်ဆုံး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု တအာင်းနိုင်ငံရေး အတိုင်ပင်ခံကောင်စီမှ ကြေညာလိုက်သည်။ ဇွန်လ (၁) ရက်မှ (၃) ရက်နေ့အထိ ကျင်းပခဲ့သည့် တအာင်းနိုင်ငံရေး အတိုင်ပင်ခံကောင်စီ (TPCC) ၏ နိုင်ငံရေးထိပ်သီး အစည်းအဝေးတွင်...
ကျောက်မဲရောက် နောင်ချိုစစ်ဘေးရှောင် (၁၀၀၀) ကျော်အတွက် စားနပ်ရိက္ခာ အရေးတကြီးလိုအပ်
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာသော နောင်ချိုမြို့နယ်မှ စစ်ဘေးရှောင် (၁၀၀၀) ကျော်အတွက် စားနပ်ရိက္ခာ အကူအညီများ အရေးတကြီး လိုအပ်နေကြောင်း စုံစမ်းသိရသည်။ ဧပြီလနှောင်းပိုင်းမှ စတင်ပြီး နောင်ချိုမြို့နယ် တောင်းခမ်းဒေသ၌ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ပူးပေါင်းတပ်များ ထိန်းချုပ်နိုင်ခဲ့သည့် ကျေးရွာများကို စစ်ကောင်စီတပ်မှ...
မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းကို ထိန်းချုပ်ဒေသအတွင်း လုပ်ဆောင်ပေးနေဟု TNLA ပြော
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ထိန်းချုပ်ဒေသအတွင်း မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း ထုတ်ပေးခြင်း၊ ပြုစုခြင်း လုပ်ဆောင်နေကြောင်း ပြောဆိုလိုက်သည်။ “၁၀၂၇ စစ်ဆင်ရေး”အတွင်း TNLA ထိန်းချုပ်နိုင်ခဲ့သည့် မြို့နယ်အားလုံးရှိ ရပ်ကွက်၊ ကျေးရွာတိုင်းတွင် တောရွာမြို့နေ ပြည်သူအားလုံးကို လူဦးရေ စိစစ်ပြီး မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း...
မိုးကုတ်မြို့ လက်ပစ်ဗုံးပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရ
သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်မြို့တွင် လူနေရပ်ကွက်အတွင်း လက်ပစ်ဗုံး ပစ်ခတ်ပြီး ပေါက်ကွဲမှုကြောင့် အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ မေလ ၂၃ ရက် ညနေ ၄ နာရီခွဲခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့အရှေ့ပိုင်း ကန်တော်ရပ်ကွက် ကားဂိတ်ဘက်တွင်...
နောင်ချို စစ်ကောင်စီတပ်က လေကြောင်းဖိအားပေး ဗုံးကြဲမှုကြောင့် TNLA တပ်စခန်းတစ်ခု လက်လွှတ်ရ
သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် သရက်ချိုကျေးရွာတွင် စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းတပ်တို့ အပြင်းအထန် တိုက်ပွဲဖြစ်ပွားလျက်ပြီး စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဖိအားပေး ဗုံးကြဲတိုက်ခိုက်နေသောကြောင့် TNLA ဘက်မှ တပ်စခန်းတချို့ လက်လွှတ်ခဲ့ရသည်ဟု စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၃ ရက်) အထိ နောင်ချိုမြို့နယ် နောင်တောကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်နှင့်...
နမ့်ခမ်းနှင့် နမ့်ဆန်တွင် TNLA ပြုလုပ်ပေးမည့် ကားလိုင်စင်အတွက် အခွန် ၂ သိန်းမှ ၅ သိန်းကျပ်အထိ ပေးဆောင်ရမည်
သျှမ်းပြည် နမ့်ခမ်းမြို့နှင့် နမ့်ဆန်မြို့တို့တွင် တအာင်း(ပလောင်) အမျိုးသာလွတ်မြောက်ရေး တပ်မတော် TNLA မှ ပြုလုပ်ပေးမည့် မော်တော်ယာဉ်လိုင်စင်အတွက် ကားအမျိုးအစားအလိုက် အခွန် ၂ သိန်းကျပ်မှ ၅ သိန်းကျပ်အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ မေလ ၂၅ ရက်မှ စတင်၍ TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နှင့်...
နောင်ချိုမြို့နယ် ချိုခမ်းဘုန်းကြီးကျောင်းမှ စစ်ဘေးရှောင်များကို TNLA ရွှေ့ပြောင်းခိုင်း
သျှမ်းပြည် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲကျေးရွာရှိ ချိုခမ်းဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များကို အားလုံးရွှေ့ပြောင်းပေးရန် TNLA မှ လာရောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၁ ရက်) မှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲကျေးရွာရှိ ချိုခမ်းဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့်...
နမ့်ခမ်းမြို့နယ်အတွင်း TNLA အခွန်တိုးမြှင့်ကောက်ခံကြောင့် ဒေသခံများအခက်တွေ့
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း TNLA မှ ကားခွန် လျှပ်စစ်မီဝာာခွန် လမ်းတံတားကြေးနှင့် တခြား သော အခွန်နှုန်းထားများ တိုးမြှင့်ကောက်ခံနေသောကြောင့် ဒေသခံ ပြည်သူများ အခက်ခဲ ကြုံတွေနေရကြောင်း စုံစမ်းသိရသည်။ ၂၀၂၅ ခုနစ် မေလဆန်းပိုင်းမှစ၍ ယနေ့အထိ နမ့်ခမ်းမြို့အတွင်း TNLA တိုးမြှင့်ကောက်ခံနေသော အခွန်နှုန်းထား များမှာ...
TNLA ထိန်းချုပ် နောင်ချိုမြို့နယ် ချိုခမ်းဘုန်းကြီးကျောင်းထဲ စစ်ဘေးရှောင်တစ်ဦး စနိုက်ဘာပစ်ခံရပြီးသေဆုံး
သျှမ်းပြည် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲကျေးရွာတွင် စစ်ဘေးရှောင်အမျိုးသားတစ်ဦး စနိုက်ဘာသေနတ်ဖြင့် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၁၈ ရက်) နံနက် ၁၀ နာရီခွဲကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲကျေးရွာရှိ ချိုခမ်းဘုန်းကြီးကျောင်းထဲသို့ ကျေးရွာအတွင်း ပြည်သူနေအိမ်ထဲ...
TNLA ထိန်းချုပ် နောင်ချိုမြို့နှင့် မိုးကုတ်မြို့ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ ဒဏ်ရာရသူ ၆ ဦး ထပ်မံသေဆုံး
သျှမ်းပြည် နောင်ချိုမြို့နှင့် မိုးကုတ်မြို့ကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ထပ်မံကြဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူနေအိမ် (၇) လုံး ထိမှန်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၁၃ ရက်) ည ၉ နာရီခွဲကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA...





