TNLA
နောင်ချိုမြို့နယ် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ် ကျေးရွာအချို့ ပြန်လည်သိမ်းယူထား
သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်အင်အား အလုံးအရင်း ဖြည့်တင်းကာ ထိုးစစ်ဆင်နေပြီး အချို့ကျေးရွာများကိုလည်း ပြန်လည်သိမ်းယူထားကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ စစ်ကောင်စီတပ်သည် ရပ်စောက်မြို့နယ်မှတဆင့် တောင်းခမ်း-ကံကြီးဘက်မှလည်းကောင်း၊ ပြင်ဦးလွင်မြို့မှတဆင့် အုမ္မသီးကျေးရွာဘက်မှလည်းကောင်း စစ်ကြောင်းခွဲကာ နောင်ချိုမြို့ဘက်သို့ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ပြီး ရွှေသွန်းကျေးရွာ၊ လုံဝယ်ကျေးရွာ နှင့် ညံတောကျေးရွာဘက်အထိ...
TNLA ထိန်းချုပ်နယ်မြေထဲ BPLA စစ်သင်တန်းဆင်းပွဲပြုလုပ်၊ မဟာမိတ်ခေါင်းဆောင်များ တက်ရောက်ခဲ့
SHAN -
သျှမ်းပြည်မြောက်ပိုင်းရှိ TNLA ထိန်းချုပ်ဒေသ တစ်နေရာတွင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ၏ အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းသိရသည်။ ဇွန်လ (၇) ရက်တွင် TNLA ထိန်းချုပ်ဒေသ တစ်နေရာတွင် ပြုလုပ်ခဲ့သည့် BPLA ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၉) သင်တန်းဆင်းပွဲသို့ NUG...
နောင်ချိုမြို့နယ် စစ်ဘေးရှောင်တစ်ဦး ထပ်မံပစ်ခတ်ခံရပြီး ပြင်းထန်ဒဏ်ရာရ
သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ ချိုခမ်းဘုန်းကြီးကျောင်းအနီး လယ်ထဲတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များသည် ဘေးလွတ်ရာသို့ ထပ်မံတိမ်းရှောင်ရန် ထွက်ခွာနေစဉ် သေနတ်ပစ်ခတ်ခံရပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၇ ရက်) နံနက် ၉ နာရီခန့်တွင် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲကျေးရွာ လယ်ထဲရှိ တဲများတွင် ခိုလှုံနေသည့်...
ကျောက်မဲမြို့နယ် SSPP နှင့် TNLA တိုက်ပွဲဖြစ်၊ ထိခိုက်ကျဆုံးမှုရှိ
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှုရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၅ ရက်) ညနေ ၅ နာရီခွဲမှ ၇ နာရီခန့်အထိ ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာ...
နမ္မတူမြို့နယ်တွင် TNLA ပြုလုပ်ပေးသည့် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း သွားလုပ်ရန် ဒေသခံများ အခက်တွေ့
SHAN -
သျှမ်းပြည် နမ္မတူမြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပြုလုပ်ပေးသည့် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ သွားရောက်ပြုလုပ်ရန် ဒေသခံများ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ဇွန်လဆန်းပိုင်းမှ စတင်ပြီး TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်တွင် TNLA ၏ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းကို လူမျိုးဘာသာမရွေး မဖြစ်မနေ သွားရောက်ပြုလုပ်ရန်...
PDF များကို TNLA က နောင်ချိုမြို့မှ ထွက်ခွာခိုင်းဆိုသည့် သတင်းအမှား
သျှမ်းပြည် နောင်ချိုမြို့အနီးတဝိုက်ရှိ TNLA ထိန်းချုပ်နယ်မြေအတွင်းမှ PDF များကို ထွက်ခွာခိုင်းဆိုသည့် သတင်းအမှားများ ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့လျက်ရှိသည်။ဖေ့ဘွတ်ခ်ပေ့ချ် အချို့နှင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် PDF များကို TNLA အဖွဲ့က နောင်ချိုမြို့အနီးတဝိုက်မှ ထွက်ခွာခိုင်းလျက်ရှိကြောင်း ၂၀၂၅ ဇွန် ၁၀ရက်မှ စတင်ကာ ရေးသားဖြန့်ဝေလျက်...
နမ္မတူမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲ
သျှမ်းပြည် နမ္မတူမြို့နယ် မန်လီကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁၂ ရက်) နံနက်အစောပိုင်း (၁) နာရီကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်...
TNLA ဖမ်းမိသည့် ကျားဖြန့်လုပ်ကိုင်သူ (၁၂) ဦးကို တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေး
SHAN -
သျှမ်းပြည် နမ့်ခမ်း၊ နမ္မတူနှင့် ကွတ်ခိုင်မြို့နယ်များတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ဖမ်းဆီးရမိသည့် ကျားဖြန့်လုပ်ကိုင်သူ အမျိုးသား (၁၂) ဦးကို တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၀ ရက်) နံနက် ၉ နာရီတွင် နမ့်ခမ်း၊...
နောင်ချို ပြန်ရရန် စစ်ကောင်စီတပ်က ဘက်ပေါင်းစုံ ထိုးစစ်ဆင်နေ
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ရန် အဘက်ဘက်မှ ထိုးစစ်ဆင်နေမှုကြောင့် ဒေသခံများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီတပ်သည် နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်ရန်အတွက် အပြင်းအထန် ထိုးစစ်ဆင်နေပြီး ကံကြီးကျေးရွာအထိ စစ်ကောင်စီတပ်သားများ နေရာယူလာသဖြင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအမျိုးသမီး တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ စစ်ကောင်စီတပ်သားများ ရောက်ရှိနေသည့် ကံကြီးကျေးရွာသည်...
“ကျနော်တို့ပြည်သူတွေ ဒီတော်လှန်ရေးမှာ နိုင်ရာဝန်ကို ထမ်းပြီး တော်လှန်ဖို့ လိုတယ်”
“၁၀၂၇ စစ်ဆင်ရေး”အတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် မဟာမိတ်များ ဦးဆောင်၍ စစ်ကောင်စီအား ဖယ်ရှားနိုင်ခဲ့သည့် နယ်မြေများကို အခြေခံပြီး တော်လှန်ရေးကာလ ပြည်သူ့အစိုးရတစ်ရပ်ကို သင့်လျော်သည့် ပြည်သူလူထု ကိုယ်စားလှယ်များဖြင့် ၂၀၂၅ ခုနှစ်အတွင်း ဖွဲ့စည်းနိုင်ရန် အမြန်ဆုံး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု တအာင်းနိုင်ငံရေး အတိုင်ပင်ခံကောင်စီမှ...





