ကျောက်မဲမြို့ပေါ် လေကြောင်းဗုံးထပ်ကြဲခံရပြီး အမျိုးသမီး (၃) ဦးအပါအဝင် ၅ ဦးဒဏ်ရာရ

သျှမ်းပြည် ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီး(၃) ဦး အပါအဝင် စုစုပေါင်း (၅) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဇွန်လ ၂၉ ရက်) နေ့လယ် ၂ နာရီခွဲအချိန်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ရပ်ကွက်(၁)ရှိ ကမ္ဘောဇသျှမ်းကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့သည်။

အဆိုပါ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၃) ဦးနှင့် အမျိုးသား (၂) ဦး၊ စုစုပေါင်း (၅) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကမ္ဘောဇသျှမ်းကျောင်းနှင့် အနီးအနားရှိ ပြည်သူနေအိမ် (၁၅) လုံးခန့် ပျက်စီးဆုံးရှုံးသွားကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

ကျောက်မဲမြို့ ကမ္ဘောဇသျှမ်းကျောင်းအနီး လေကြောင်းဗုံးကြဲခံရပြီး ပျက်စီးမှု (ဓာတ်ပုံ – ဒေသခံ)

“ဘုန်းကြီးကျောင်းတောင်ဘက်က ရုံးကို ဗုံးကြဲချင်တာ၊ သျှမ်းကျောင်းကြီးကတော့ သိမ်နဲ့ ဇရပ်ဆောင် တော်တော်များများ ထိတယ်။ ကျောင်းဘေးက တန်းလျားနဲ့ ဖုန်းဆိုင်၊ ဆေးဆိုင်တွေကော အကုန် ရစရာ မရှိတော့ဘူး။ ဒဏ်ရာရတာတော့ ကျား/မ သိရသလောက် ၅ ယောက် ရှိတယ်”ဟု ကျောက်မဲဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။


TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကို စစ်ကောင်စီတပ်မှ တစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု (၃) ကြိမ်တိုင် ပြုလုပ်ခဲ့ပြီး ပြည်သူထိခိုက်သေဆုံးမှုနှင့် အိုးအိမ်ပျက်စီးမှုလည်း မြင့်တက်လျက်ရှိသည်။

လေကြောင်းအန္တရာယ်

ယနေ့ နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့၌ ဖြစ်ပွားခဲ့သည့် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုနှင့် ပတ်သက်၍ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံး နှစ်လုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့သောကြောင့် အမျိုးသမီး (၂) ဦးနှင့် အမျိုးသား (၄) ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်(၁၀) လုံး ထိမှန်ပျက်စီးသွားကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ထုတ်ပြန်သည်။

အလားတူ ဇွန်လ (၂၄) ရက်နှင့် (၂၆) ရက်တို့တွင် ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး (၄) လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား (၅) ဦး သေဆုံး၍ ကလေးငယ် (၂) ဦး အပါအဝင် စုစုပေါင်း (၁၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူနေအိမ် (၅၀) လုံးကျော်နှင့် စာသင်ကျောင်း (၂) ကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း TNLA ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ကျောက်မဲမြို့ ကမ္ဘောဇသျှမ်းကျောင်းအနီး လေကြောင်းဗုံးကြဲခံရပြီး ပျက်စီးမှု (ဓာတ်ပုံ – ဒေသခံ)

စစ်ကောင်စီသည် နေပြည်တော်၌ ငြိမ်းချမ်းရေးဖိုရမ် စတင်ကျင်းပနေစဉ် ဇွန်လ ၂၅ ရက်မှ ၂၇ ရက်အတွင်း TNLA ထိန်းချုပ်ထားနိုင်သည့် မိုးကုတ်မြို့နယ်၊ ကျောက်မဲမြို့နယ်နှင့် နောင်ချိုမြို့နယ်တို့ကို လေကြောင်းဖြင့် အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

လက်ရှိတွင် နောင်ချိုမြို့နယ်အတွင်း TNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ မြေပြင်ထိတွေ့တိုက်ပွဲအပြင် ဒရုန်း၊ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် နောင်ချိုမြို့ဘက်မှ စစ်ဘေးရှောင် (၂၀၀၀) ကျော်သည် ကျောက်မဲမြို့ပေါ်နှင့် နောင်ပိန်တိုက်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ အကူအညီများ အရေးတကြီး လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပုံစာ – ကျောက်မဲမြို့ ကမ္ဘောဇသျှမ်းကျောင်းအနီး လေကြောင်းဗုံးကြဲခံရပြီး ပျက်စီးမှု (ဓာတ်ပုံ – ဒေသခံ)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...