TNLA ထိန်းချုပ် နောင်ချိုမြို့နှင့် ၄ မိုင်အကွာ စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ချဉ်းကပ်လာ

သျှမ်းပြည် နောင်ချိုမြို့အနီးသို့ စစ်ကောင်စီတပ်မှ စစ်အင်အားအလုံးအရင်းဖြင့် ချဉ်းကပ်လာပြီး TNLA ပူးပေါင်းတပ်ဖွဲ့များကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။

ဇူလိုင်လ ပထမပတ်မှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နောင်ချိုမြို့အနီး ၄ မိုင်ပတ်လည် အကွာအဝေးသို့ စစ်ကောင်စီတပ်များ ချဉ်းကပ်လာခဲ့ပြီး စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

“အုမ္မခါးဘက်က တက်လာတဲ့ စစ်ကြောင်းတွေ ကျောက်ကြမ်းအထိ ရောက်လာပြီ။ စကစဘက်က ခြေမြန်တပ်ရင်း( ခမရ – ၁၁၄) ထဲတောင် ပြန်ရောက်ပြီလား မသိဘူး။ သူတို့ဘက်က တော်လှန်ရေးတပ်တွေကို ဒရုန်းဗုံးနဲ့ ရုန်းဗုံးနဲ့ နေရာအတိအကျပစ်တော့ ပစ်မှတ်တည့်ထိတာတွေ ဖြစ်တယ်။ စစ်ကောင်စီဘက်က နောင်ချိုပြန်ရဖို့ စစ်အင်အား ၆၀၀၀ သုံးတယ်လို့လည်း ပြောသံထွက်နေတယ်”ဟု နောင်ချိုမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတပ်မှ နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်အင်အား ထောင်နှင့်ချီ အသုံးပြု၍ စစ်ကြောင်းထိုးလာကြောင်း ဒေသခံများက ပြောဆိုနေသော်လည်း သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

စစ်ကောင်စီတပ် စစ်ကြောင်းများသည် ပြည်ထောင်စုလမ်းမကြီးတလျှောက် နောင်ချိုမြို့နှင့် ၄ မိုင်ခန့်သာ ကွာဝေးတော့သည့် ကျောက်ကြမ်းလမ်းခွဲအထိ ရောက်ရှိလာပြီး မြို့အနောက်ဘက်ရှိ TNLA သိမ်းပိုက်ထားသည့် ခမရ-၁၁၄ တပ်ရင်းအနီးထိ ပြန်လည်ချဉ်းကပ်လာကြောင်း ဒေသခံများထံမှ သိရသည်။

“တော်လှန်ရေးဘက်လည်း လူကော လက်နက်ကော အားဖြည့်လာတယ်လို့တော့ ကြားတယ်။ ဘက်မမျှရင်တော့ စကစလက်ထဲ နောင်ချိုပြန်ပါဖို့တော့ များတယ်။ တိုက်ပွဲကြောင့် နောင်ချိုက မြို့ပျက်ကြီးလို ဖြစ်နေပြီ၊ သေနတ်သံလည်း မြို့နဲ့ တဖြည်းဖြည်း ကပ်လာတယ်။ ဒရုန်းနဲ့ ဗုံးကြဲရင် အဝေးက ကြားတာတောင် အသံကျယ်လို့ ဘယ်နားနေရမှန်း မသိဘူး”ဟု နောင်ချိုဒေသခံ ၎င်းအမျိုးသားက ဆက်ပြောသည်။

အလားတူ နောင်ချိုမြို့ တောင်ဘက်ရှိ တောင်းခမ်းဒေသမှ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်များလည်း နောင်ချိုမြို့နှင့် ၄ မိုင်ခန့် ကွာဝေးသည့် မျက်ချင်းနုရွာအနီး ရောက်ရှိလာပြီး TNLA ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

လက်ရှိတွင် တိုက်ပွဲပြင်းထန်နေသည့် နောင်ချိုမြို့ပေါ်နှင့် ကျေးရွာများမှ ပြည်သူများသည် တောင်ယာနှင့် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရပြီး စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင် (၂၀၀၀) ကျော်အတွက် စားနပ်ရိက္ခာ အကူအညီများ လိုအပ်လျက်ရှိကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။

“ရပ်ကွက်ထဲ လူမကျန်တော့ဘူး၊ တချို့လည်း ယာတောဘက် တဲတွေမှာ သွားနေကြတာ ရှိတယ်။ ပြင်ဦးလွင်လည်း ဆင်းမရ၊ ကံကြီး တောင်းခမ်းဘက် ပြေးရင်လည်း စစ်ကြောင်းထိုးတာနဲ့ တိုးမှာစိုးလို့ အဲ့ဘက် မသွားရဲကြဘူး။ ဂုတ်တွင်းထဲ ဖြတ်ပြီး ကျောက်မဲ နောင်ပိန်ဘက် ပြေးကြတာများတယ်”ဟု နောင်ချိုမြို့နယ်မှ စစ်ဘေးရှောင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ကို ယာယီအပစ်ရပ်ထားစဉ်အတွင်း စစ်ကောင်စီတပ်မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီလော်ဘီများ၏ သတင်းတုသတင်းမှားများတွင် ဖော်ပြသကဲ့သို့ နောင်ချိုမြို့ကို လက်လွှတ်ရမည့် အနေအထား မရှိသေးဘဲ အတတ်နိုင်ဆုံး ခုခံတိုက်ခိုက်နေကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဇူလိုင် (၅) ရက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုသည်။

ထို့အပြင် နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲများ ပိုမိုပြန်းထန်လာပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းဖြင့် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် ညီနောင်မဟာမိတ်များဘက်မှ ယာယီအပစ်အခတ် ရပ်စဲထားခြင်းကို ဇူလိုင်လတွင် သက်တမ်းမတိုးတော့ဘဲ ရုတ်သိမ်းလိုက်သည်။

အခြားတစ်ဘက်တွင် စစ်ကောင်စီနှင့် TNLA အကြား အပစ်အခတ် ရပ်စဲနိုင်ရန် တရုတ်အစိုးရမှ စစ်ကောင်စီနှင့် TNLA ထိပ်ပိုင်းခေါင်းဆောင်များကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တစ်ဖွဲ့ချင်း ခေါ်ယူတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရပြီး တရုတ်၏ ကြားဝင်မှုမှာ ခရီးရောက်ကြောင်း လွေးယေဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

စစ်ကောင်စီတပ်သည် TNLA ထိန်းချုပ်ထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ်မြို့များကို လက်လွှတ်ရန် ဧပြီလ နောက်ဆုံးပတ်တွင် တောင်းဆိုခဲ့ပြီးနောက် ၎င်းဒေသများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပြီး လာမည့် ဩဂုတ်လတွင် တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် TNLA တို့ ထပ်မံတွေ့ဆုံမည်ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...