နောင်ချိုမြို့ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးအလုံး ၈၀ ကျော်ကြဲချဟု DPLA ပြော

သျှမ်းပြည် မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီမှ အပြင်းအထန်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဇွန်လ ၂၄ ရက်) မနက်ပိုင်းမှစ၍ နောင်ချိုမြို့နယ် ရွှေသွန်းကျေးရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုကြောင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) ပူးပေါင်းတပ်တို့ တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း (DPLA)၏ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ကတော့ တိုက်ပွဲတွေနှစ်ဘက် တော်တော်လေးတိုက်ပွဲပြင်းထန်ခဲ့တယ်။ ဒီနေ့တော့ငြိမ်နေတယ်။ ဒီရက်ပိုင်းကတော့ အပြင်းအထန်ပြန်ထိုးစစ်ဆင်တာမျိုးရှိတယ်ဗျ။ စစ်မျက်နှာကလည်း ကျယ်တယ်။ နောင်ချို ရပ်စောက် ဗထူးလမ်းမကြီးတစ်လျှေက်ကို ပြန်ထိုးစစ်ဆက်လာတာပါ”ဟု (DPLA)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို တိုက်ပွဲများပြင်းထန်နေသည့် ရွှေသွန်းကျေးရွားအနီးတဝိုက်ကို ဦးတည်၍ စစ်ကောင်စီမှ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ဗုံးအလုံး ၈၀ ကျော်ကြဲချခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော်(DPLA)မှ ယနေ့(ဇွန်လ ၂၅ရက်)တွင်ထုတ်ပြန်ခဲ့သည်။

“မနေ့ကတော့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြင်းထန်ခဲ့ပါတယ်။လေးကြောင်းဗုံးကြဲတာကို အရင်ထပ် ပိုသုံးလာတာပါ။သူတို့ အထိနာတဲ့ အချိန်ဆို လေယာဉ်ပိုပြီး သုံးလေ့ရှိတယ်။Jet Fighter သုံးစီး၊Y-12 သုံးစီး နဲ့ မနက်ကနေ ညထိဗုံးကြဲတာပါ။”ဟု (DPLA)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီမှ ထိုတိုက်ပွဲဖြစ်ပွားသည့် နေရာများကို ပေါင် ၅၀၀ ဗုံးနှင့် ပေါင် ၃၀၀ ဗုံးအပါအဝင် ဗုံးအလုံး ပေါင်း ၈၀ ကျော်ကို ဂျက်လေယာဉ် ၊ Y -12 ဖြင့် ယမန်နေ့ (ဇွန်လ ၂၄ ရက်) မနက် ၉ နာရီ မှ ည ၇ နာရီကျော်အထိ တနေကုန်နီးပါး ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများ၊ ဒရုန်းများ နှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကို အသုံးပြု၍ နောင်ချိုမြို့အနီးတဝိုက်‌တွင် အဆက်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်မှုများပြုလုပ် နေခြင်းကြောင့် တိုက်ပွဲများမကြာခဏဖြစ်ပွားလျှက်ရှိနေကြောင်းသိရသည်။

စစ်ကောင်စီတပ်က ဇွန် ၂၂ ရက်တွင် နောင်ချိုမြို့ သရက်ကုန်ကျေးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ ဇွန် ၂၁ ရက်တွင်လည်း နောင်ချိုမြို့ သံဘိုကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးအလုံး(၅၀)ကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLA ဘက်မှ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...