“ငြိမ်းချမ်းရေးဖိုရမ်”ကျင်းပ ကာလ TNLAထိန်းချုပ်ဒေသ စစ်ကောင်စီ လေကြောင်းဖြင့် အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်

နေပြည်တော်တွင် “ ငြိမ်းချမ်းရေး ဖိုရမ်” “ Peace Forum” ကျင်းပနေသည့်ကာလ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သော နယ်မြေများကို စစ်ကောင်စီ က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အကြီးအကျယ်ပြုလုပ်နေသည်။

ယခုရက်ပိုင်း စစ်ကောင်စီလေကြောင်းဖြင့် အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်သည့်နေရာများမှာ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်း တွင် TNLA ထိန်းချုပ်နိုင်ခဲ့သည့် မိုးကုတ်မြို့၊ ကျောက်မဲမြို့၊ နောင်ချိုမြို့နယ်တို့ ဖြစ်သည်။

TNLA ထိန်းချုပ်သည့်နယ်မြေများကို စစ်ကောင်စီ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်နေချိန် တဖက်တွင်လည်း စစ်ကောင်စီ က “ငြိမ်းချမ်းရေး ဖိုရမ်” ခေါင်းစဉ်ဖြင့် နေပြည်တော်တွင် ယမန်နေ့ (ဇွန် ၂၅ရက် မှ ဇွန် ၂၇ )ရက်ထိ သုံးရက်တာ ဆွေးနွေးမှုပြုလုပ်နေသည်။

ထို “ငြိမ်းချမ်းရေးဖိုရမ်” အဖွင့်စကားတွင်လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က “ပဋိပက္ခချုပ်ငြိမ်းရေးနှင့် ထာဝရ ငြိမ်းချမ်းရေးက အသက်နှင့်ရင်းပြီး အရေးကြီးလှကြောင်း” စစ်အာဏာသိမ်းပြီး ၂၀၂၁ခုနစ်နောက်ပိုင်း စစ်ကောင်စီအုပ်ချုပ်လာသည့် ကာလအတွင်း ငြိမ်းချမ်းရေး အတွက် ဘက်ပေါင်းစုံ ကြိုးစားဆောင်ရွက်ခဲ့ကြောင်း” ဆိုပြီး ပြောဆိုခဲ့သည်။

သို့သော် တဖက်တွင်လည်း ယမန်နေ့ (ဇွန် ၂၅ ရက်) ည ၁၁နာရီခွဲဝန်းကျင်တွင် TNLA နှင့် PDF တို့ ပူးတွဲထိန်းချုပ်သည့် မိုးကုတ်မြို့ အုန်းကိုင်းရပ်ကွက် ကို စစ်ကောင်စီ က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးအပါအဝင် အရပ်သား ၃ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း TNLA က ယနေ့ (ဇွန် ၂၆)ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

“မနေ့ ည လူအိပ်မောကျချိန်မှာ လာပစ်သွားတာ၊ လူ ၃ဉီးထိတယ်။ ဒဏ်ရာကတော့မစိုးရိမ်ရဘူး။ ဘယ်ချိန်ထပ်လာမှာလဲ ဆိုတာတော့ စိုးရိမ်နေရတယ်” ဟု မိုးကုတ်မြို့ ဒေသခံ အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

မိုးကုတ်မြို့ စစ်ကောင်စီ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

မိုးကုတ်မြို့တွင် ယနေ့ (ဇွန် ၂၆ ရက်) နံနက် ၆နာရီပိုင်းအထိ သေနတ်သံများဆက်တိုက် ကြားနေရကြောင်း သိရသည်။

ဆက်လက်ပြီး (ဇွန် ၂၄ ရက်)တွင်လည်း ကျောက်မဲမြို့ ပေါ် လူစည်းကားသည့် နေရာကို စစ်ကောင်စီ က ဉီးတည်ပြီး လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အရပ်သား (၄)ဉီး သေဆုံးခဲ့ပြီး၊ ၁၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီက လာရောက်ကြဲသည့် ဗုံးသည် ပေါင် ၅၀၀ ဗုံးနှင့် ပေါင် ၃၀၀ ဗုံးများဖြစ်သည်။

ထို့ကြောင့် ကျောက်မဲမြို့ တွင် နေထိုင်သည့် ပြည်သူများသည် စစ်ကောင်စီ မှ လေကြောင်းဖြင့် ဗုံးထပ်မံ လာရောက်ကြဲမည်ကို စိုးရိမ်ထိတ်လန့်နေကြောင်း ကျောက်မဲမြို့ ဒေသခံ အမျိုးသား တစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စိတ်ပူစရာတွေကတော့ တိုက်ပွဲတွေဖြစ်ပြီးကတည်း အခုချိန်ထိ ပြည်သူတွေအတွက်ကလည်း ငြိမ်းချမ်းမှုတွေက မရှိသေးဘူး။အလုပ်အကိုင်တွေ အသွားအလာတွေကလည်း အရင်လို ပြန်မဖြစ်သေးဘူးလေ။ ပြီးတော့ (ဇွန်လ ၂၅ ရက်)မှာ ၁ နှစ်ပြည်ပြီလေ။ကျောက်မဲမှာလည်း ဘယ်မှသွားလို့မရလို့ မတက်နိုင်လို့သာ ဆက်နေကြတဲ့လူတွေပါ။ ငြိမ်းချမ်းမှုတွေ ကတော့ မရှိသေးဘူး သူတို့တွေ ပြန်ဆွေးနွေးမှုတွေမရှိသေးရင်ပေါ့”ဟု ကျောက်မဲဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် ကျောက်မဲမြို့ပေါ်နေအိမ်များ

အလားတူ ပြီခဲ့သည့် (ဇွန်လ ၂၄ ရက်) တွင်လည်း နောင်ချိုမြို့နယ် ရွှေသွန်းကျေးရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ် ထိုးစစ်ဆင်မှုကြောင့် (TNLA) ပူးပေါင်းတပ်တို့နှင့်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးအလုံး ၈၀ ကျော်ကြဲခဲ့ကြောင်း DPLA မှ ထုတ်ပြန်ခဲ့သည့်။

လက်ရှိတွင်လည်း နောင်ချိုမြို့ ပြန်ရရှိရန်အတွက် နည်းလမ်းပေါင်းစုံ အသုံးပြုပြီး စစ်ရေး တိုက်ခိုက်မှု ပြုလုပ်နေကြောင်း၊ စစ်အင်အားများလည်း ဖြည့်တင်းနေကြောင်း သိရသည်။

“မနေ့ကနေ ဒီနေ့ထိတော့ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးပါဘူး။နှစ်ဖက်တော့ စစ်ရေးအနေအထားအရ အသင့်ပြန်ပြင်တဲ့ အခြေအနေမှာရှိနေပါတယ်။ဇွန်လ ၂၄ ရက်တစ်ရက်ထဲကိုပဲ Jet fighter ၃ စီး Y12 ၃ စီး နဲ့ ဗုံး အလုံး ၈၀ ကျော်ကြဲချတာဗျ။ လေကြောင်းတိုက်ခိုက်မှုက အရင်ထပ်ပိုပြီးသုံးတာမျိုးပါ။” DPLA ၏တာဝန်ရှိသူတစ်ဦး ပြောသည်။

နောင်ချိုမြို့တွင် TNLA နှင့်အတူ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်( DPLA) အဖွဲ့လည်းပူးပေါင်းကာ စစ်ကောင်စီကို တိုက်ခိုက်နေသည်။

ထို့ကြောင့် နေပြည်တော်တွင် ကျင်းပသည့် “ငြိမ်းချမ်းရေးဖိုရမ်”တွင် ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲကိစ္စ၊ လက်နက်ကိုင်လမ်းစဉ်ဖြင့် အကြမ်းဖက်လုပ်ရပ်ကြောင့် နိုင်ငံတော်ဆုံးရှုံးနစ်နာမှုကို ထောက်ရှုပြီး နိုင်ငံရေးနည်းလမ်းဖြင့်ဆွေးနွေးရန် စစ်ခေါင်းဆောင်က ပြောဆိုသော်လည်း မြေပြင်တွင် စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်နေသည်မှာ စဥ်းစားစရာဖြစ်လာသည်။

“ငြိမ်းချမ်းရေး ဖိုရမ် တွင် တရုတ်၊ အိန္ဒိယ၊ ထိုင်း နှင့် ရုရှားနိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး အပစ်ခတ်ရပ်စဲထားသော တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက် ကိုယ်စားလှယ်များလည်း တက်ရောက်ကြသည်။

ထို့ပြင် အပစ်ခတ်ရပ်စဲ လက်မှတ်မထိုးထားသည့် ‘ဝ” သွေးစည်းညီညွတ်ရေး “UWSA” ၊မိုင်းလား နှင့် SSPP မှ ကိုယ်စားလှယ်များလည်း တက်ရောက်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...