TNLA ထိန်းချုပ် ကျောက်မဲ လူစည်ကားနေရာ ဉီးတည်ပြီး စစ်ကောင်စီ ဗုံးကြဲ အရပ်သား ၄ဉီးသေ၊ ၁၄ဉီး ဒဏ်ရာရ

သျှမ်းပြည် ကျောက်မဲမြို့ပေါ် လူစည်းကားသည့် နေရာကို စစ်ကောင်စီက ဉီးတည်ပြီး လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် အရပ်သား သေဆုံးသူ ၄ ဦး နှင့် ဒဏ်ရာရရှိသူ ၁၄ ဦးအထိ ရှိနေကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ ( ဇွန်လ ၂၄ ရက်) ညနေ ၅ နာရီဝန်းကျင်တွင် ကျောက်မဲမြို့ပေါ်ရှိ စံပြထမင်းဆိုင် နှင့် ရပ်ကွက် (၃) ရှိ လှိုင်ဆေးရုံ အနီးကို စစ်ကောင်စီက လေကြောင်းဖြင့် နှစ် ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၄ ဦး သေဆုံးကာ၊ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျောက်မဲမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ (ဇွန်လ ၂၅) ညနေမှာ လေယောဉ်နဲ့ ၂ ကြိမ်ဗုံးကြဲသွားတာ။ ကြံခိုင်ရေးရုံး‌ရှေ့က ထမင်းဆိုင်ကို ဗုံးကျတာ။ဆိုင်ရှင် မိသားစုဝင် ၃ ယောက်နဲ့ နောင်ချိုစစ်ဘေးရှာင် ၁ ယောက်သေသွားတာ။ဒဏ်ရာရတဲ့ လူက ၁၄ ယောက်အထိရှိတယ်။အဲ့နားတဝိုက်က လူများတယ်လေ။ရပ်ကွက်(၃) မှာ ဗုံးကြဲသွားတာ ကတော့ ထိခိုက်မှုမရှိပါဘူး။”ဟု ကျောက်မဲဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုစစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၅၀ ဝန်းကျင် အမျိုးသမီး နှစ်ဦး ၊ အသက် ၂၅ ဝန်းကျင် အမျိုးသားတစ်ဦး နှင့် နောင်ချိုမြို့ စစ်ဘေးရှောင်တစ်ဦး ဖြစ်ကြောင်း ၎င်းကပြောသည်။

စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် ကျောက်မဲမြို့ပေါ်က နေအိမ်များ

စစ်ကောင်စီမှ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ် ထားသည့် ကျောင်းမဲမြို့ပေါ်ရှိ လူစည်ကားရာနေရာကို ဦးတည်၍ လေကြောင်း‌ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကြောင့် ဒေသခံများအတွက် စိုးရိမ်နေရကြောင်း ကျောက်မဲဒေသခံ လူငယ် တစ်ဦးက ဆက်ပြောသည်။

“ရပ်ကွက် (၃) မှာဆိုရင် လှိုင်ဆေးရုံရှိတယ်လေ လူနာတွေကအဲ့မှာသွားကုကြတာ။သူတို့က လှိုင်ဆေးရုံကို ဦးတည်ပြီး ဗုံးကြဲချင်တာနေမှာ‌ တော်သေးလို့ သူများအိမ်ကြားထဲ ကြတာ ထိခိုက်မှု မရှိဘူး။လူများတဲ့နေရာကို ဦးတည်ပြီးတော့ ဗုံးကြဲနေတာ။မြို့ထဲမှာရှိနေတဲ့ လူတွေ ကလည်း မတက်နိုင်လို့သာ နေနေကြတာ။တိုက်ပွဲတွေ ဖြစ်ပြီးကတည်းကနေ အချိန်ထိ ငြိမ်ချမ်းမှုတွေ မရှိဘူးလေ။ဆက်ပြီးဗုံးကြဲမှာကိုတော့ စိုးရိမ်နေကြရတာပေါ့။”ဟု ၎င်းကပြောသည်။

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီ နှင့် TNLA တိုက်ပွဲများကြောင့် ဒေသခံအချို့ ကျောက်မဲမြို့နယ်အတွင်း သို့ ထွက်ပြေးတိမ်းရှောင်လာကြပြီး၊လက်ရှိ ကျောင်းမဲမြို့နယ်တွင် နောင်ချိုမြို့ စစ်ဘေးရှောင် (၇၀၀) ဝန်းကျင်လောက်ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ လဆန်းပိုင်းတွင် ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံ ကူမင်းဆွေးနွေးပွဲ ပျက်ပြီးနောက် စစ်ကောင်စီတပ်က TNLAထိန်းချုပ်ထားသည့် ကျောက်မဲ၊မန်တုံ၊မိုးကုတ်နှင့် မိုင်းငေါ့ စသည့်နေရာတို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်နေပြီး အရပ်သားသေဆုံးမှုများလည်း ရှိနေသည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...