Tuesday, January 27, 2026

PDF များကို TNLA က နောင်ချိုမြို့မှ ထွက်ခွာခိုင်းဆိုသည့် သတင်းအမှား

သျှမ်းပြည် နောင်ချိုမြို့အနီးတဝိုက်ရှိ TNLA ထိန်းချုပ်နယ်မြေအတွင်းမှ PDF များကို ထွက်ခွာခိုင်းဆိုသည့် သတင်းအမှားများ ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့လျက်ရှိသည်။
ဖေ့ဘွတ်ခ်ပေ့ချ် အချို့နှင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် PDF များကို TNLA အဖွဲ့က နောင်ချိုမြို့အနီးတဝိုက်မှ ထွက်ခွာခိုင်းလျက်ရှိကြောင်း ၂၀၂၅ ဇွန် ၁၀ရက်မှ စတင်ကာ ရေးသားဖြန့်ဝေလျက် ရှိ သည်။

သတင်းအမှားလင့်ခ်များ


မှိုင်းဝေ- https://archive.is/nt4CQ


ကိုနှင်းမောင် – https://archive.ph/wip/DVvtr


Kachin Official Page – https://archive.ph/J31jH


The Kachin Sub-State Media – https://archive.ph/3x5Zq


အလားတူ DVB နှင့် Voice Of Myanmar သတင်းဌာနတို့တွင်လည်း နောင်ချိုမြို့မှ ဒေသတွင်းတော်လှန်ရေး အင်အားစု များကို TNLA က ဆုတ်ခွာခိုင်းလျက်ရှိကြောင်း သတင်းရေးထားသည်။

VOM – https://archive.ph/Xqga2
DVB – https://archive.ph/wip/pJEiO

ဖေ့ဘွတ်ခ်ပေ့ချ်အချို့နှင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင် MPA နှင့် Shan News (Burmese Version) တို့ ပူးပေါင်း၍ အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။

သက်သေပြချက်


Google တွင် “နောင်ချိုတွင် TNLA က PDF ကို ထွက်ခွာခိုင်း” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ Shwe Phee Myay News Agency သတင်းဌာနက အဆိုပါ အကြောင်းအရာသည် သတင်းအမှားဖြစ်ကြောင်း သတင်းအချက်အ လက်စစ်ဆေးထားသည်။

Shwe Phee Myay ၏ Fact Check သတင်းတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ် TNLA တို့ တိုက်ပွဲပြင်း ထန်စွာဖြစ်ပွားလျက်ရှိ သည့် နောင်ချိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို TNLA က ထွက်ခွာ ခိုင်းကြောင်း ပျံ့နှံ့နေ သော အကြောင်းအရာမှာ သတင်းအမှားကြောင်း ရေးသားထားသည်။

သတင်းလင့်ခ် – https://shorturl.at/1279Q


ဆက်လက်အတည်ပြုနိုင်ရန် Google တွင် ထပ်မံရှာဖွေရာ Burma VJ, Mizzima သတင်းမီဒီယာများ၌ TNLA က PDF များကို နောင်ချိုမြို့အတွင်းမှ ဆုတ်ခွာခိုင်းခြင်းမရှိကြောင်း သတင်းဖော်ပြထားသည်။


Burma VJ သတင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် အနီးဝန်းကျင်ရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ဖွဲ့တွေကို တပ်ပြန်ဆုတ်ဖို့နှင့် နေရာပြောင်းရွှေ့ခိုင်းတဲ့သတင်းများထွက်ပေါ်နေမှု အပေါ် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ငြင်းဆိုထားကြောင်း ရေးသားထားသည်။ “ဒီသတင်းက မမှန်ကန်ပါဘူး။ လက်ရှိအချိန်ထိ ဒီလိုမျိုး ပြောင်းရွှေ့ခိုင်းတာတို့၊ နောက်ဆုတ်ခိုင်းတာ တို့ မရှိသေးပါဘူး” ဟု TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက Burma VJ ကို ဖြေကြားထားသည်။

Burma VJ သတင်းလင့်ခ် – https://shorturl.at/IukG5


Mizzima သတင်းဌာနတွင်လည်း “ဒီတော်လှန်တပ်တွေ ပြောင်းရွှေ့ခိုင်းတာ ပြန်ဆုတ်ခိုင်းတယ်ဆိုတာက သတင်းတု၊သတင်းမှားသာဖြစ်ပါတယ်။ မနေ့ကထိ အဲ့ဒီ ကံကြီး၊ အုမ္မတီးဘက်မှ အပြန်လှန်ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ဆက်လုပ်နေကြပါတယ်။ တခြားအခြေအနေတွေကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေး ပါဘူး” ဟု TNLA ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက မဇ္ဈိမသို့ ဖြေကြားထားသည်။


Mizzima သတင်းလင့်ခ် – https://shorturl.at/jP6JD


နောင်ချိုမြို့မှ PDF များကို TNLA က ထွက်ခွာခိုင်းခြင်းမရှိကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLA) ဥက္ကဌ ကိုထွန်းထွန်းနိုင်က Wai Yan Moe Official ယူကျူ့ချန်နယ်ကို ဖြေကြထားသည်။

Youtube လင့်ခ် -https://shorturl.at/Q95Le


ဒါ့အပြင် DPLA ဥက္ကဌ ကိုထွန်းထွန်းနိုင်သည် သူ၏ ဖေ့ဘွတ်ခ်တွင် ဇွန် ၁၁ရက်က “ဘာ TNLA မှ ကျနော်တို့ DPLA ကိုရော အခြား PDF တွေကိုရော နောင်ချိုတိုက်ပွဲကနေ မောင်းမထုတ်ပါဘူး။ မြေပြင်မှာက လက်ခြင်းချိတ်ပီး နည်းမျိုးစုံနဲ့ကြိုးစားတိုက်ပွဲဝင်နေကြပါတယ်” ဟု ရေးတင်ထားသည်။


လင့်ခ် – https://shorturl.at/rmhUh


သုံးသပ်ချက်


လက်ရှိအချိန်တွင် TNLA ထိန်းချုပ်ထားသော ရှမ်းပြည်နယ် နောင်ချိုမြို့ကို ရရှိရန် စစ်ကောင်စီတပ်က အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်လျက်ရှိကြောင်း သတင်းမီဒီယာများ၏ သတင်းများအရ သိရသည်။


အထက်ဖော်ပြပါ သတင်းအချက်အလက်စစ်ဆေးမှုများအရ ဖေ့ဘွတ်ခ်ပေ့ချ်အချို့နှင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေထားသော “PDF များကို TNLA က နောင်ချိုမြို့မှ ထွက်ခွာခိုင်း” ဟုဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။


အထက်ဖော်ပြပါ သတင်းအချက်အလက်စစ်းဆေးမှုသည် ၂၀၂၅ ခုနှစ် ဇွန်လ ၁၂ရက် နအထိ မွန်းလွဲပိုင်းအထိ စစ်ဆေး တွေ့ရှိထားသော သက်သေပြအချက်အလက်များဖြစ်သည်။


နောင်ချိုမြို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်မြေပြင်တွင် နယ်မြေစိုးမိုးမှု အခြေအနေသည် အချိန်နှင့် တပြေးညီ ပြောင်းလဲမှု ရှိနိုင်သဖြင့် ယုံကြည်စိတ်ချရသော သတင်းမီဒီယာက သတင်းများကို ဖတ်ရှု သင့်သည်။


ယနေ့ခေတ် ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့လျက်ရှိသည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေ ခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပါသည်။


ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှုသင့်ပါသည်။

Myanmar Pressphoto Agency + Shan News – The Red Flag ပူးပေါင်းရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမည်ဟု TNLA ဥက္ကဋ္ဌ ပြော

0
မိမိတို့ ထိန်းချုပ်ဒေသအတွင်းတွင် ရှိသော သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့် နှင့် အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်သောကြောင့် လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမှာဖြစ်သည်ဟု တအာင်းတပ် (TNLA)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။ ယနေ့ ဇန်နဝါရီ...

အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်တဲ့လှုပ်ရှားမှုကို AI နဲ့ပြုလုပ်ထားတယ်လို့ စစ်လော်ဘီတွေဝါဒဖြန့်

0
စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေချန်နယ်ကနေ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ No Vote လှုပ်ရှားမှုဟာ AI နဲ့ဖန်တီးထားတယ်ဆိုပြီးဖြန့်ဝေနေပါတယ်။ ဖြန့်ဝေထားတဲ့ အကြောင်းအရာကို ဒီလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။ ဖြန့်ဝေထားတဲ့ လင့်ခ် - https://archive.is/wip/A3wln အချက်အလက်စိစစ်ချက် AI နဲ့ဖန်တီးထားတယ်ဆိုပြီး စစ်လော်ဘီတွေ ဖြန့်ဝေထားတဲ့ပုံကို Google Lens နဲ့ အင်တာနက်မှာပြန်ရှာဖွေကြည့်လိုက်တဲ့အခါမှာတော့ Khit...