နောင်ချို ပြန်ရရန် စစ်ကောင်စီတပ်က ဘက်ပေါင်းစုံ ထိုးစစ်ဆင်နေ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ရန် အဘက်ဘက်မှ ထိုးစစ်ဆင်နေမှုကြောင့် ဒေသခံများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီတပ်သည် နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်ရန်အတွက် အပြင်းအထန် ထိုးစစ်ဆင်နေပြီး ကံကြီးကျေးရွာအထိ စစ်ကောင်စီတပ်သားများ နေရာယူလာသဖြင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအမျိုးသမီး တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ 

စစ်ကောင်စီတပ်သားများ ရောက်ရှိနေသည့် ကံကြီးကျေးရွာသည် နောင်ချိုမြို့နှင့် (၉)မိုင်ခန့်သာ ကွာဝေးသည်။ 

“စစ်ကောင်စီက နောင်ချိုကို ပြန်သိမ်းမယ့် အနေအထားပဲ၊ အခုကျမတို့ ကြိုရှောင်နေရတယ်။ ကားတွေ မရှိတဲ့သူက သူများနဲ့ ကားကြုံလိုက်နေရတယ်” ဟု ၎င်းအမျိုးသမီးက ဆိုသည်။ 

လက်ရှိ နောင်ချိုမြို့နယ် ဒေသခံပြည်သူများသည် ကျောက်မဲမြို့နယ်ဘက်သို့ ဦးတည်ထွက်ပြေးနေကြသော်လည်း ကျောက်မဲမြို့နယ်သည် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA ) ထိန်းချုပ်သည့် ဒေသဖြစ်သည့်အတွက် စစ်ကောင်စီတပ် ထပ်မံရောက်ရှိလာမည်ကို စိုးရိမ်နေကြသည်။ 

“စစ်ကောင်စီက နောင်ချိုဘက်တက်တော့ ကျမတို့ ကျောက်မဲဘက်ကို ဦးတည်ရတယ်။ ကျောက်မဲကလည်း TNLA ထိန်းချုပ်တော့ ကျမတို့အတွက် မလုံခြုံဘူး။ နောင်ချိုပြီးရင်တော့ ကျောက်မဲဘက် လာမှာပဲဆိုတော့ ကျမတို့ ဘယ်ဆက်ပြေးရမှန်း မသိဘဲ တွေးပူနေတယ်” ဟု ၎င်းအမျိုးသမီးက ဆက်လက်ပြောသည်။

လက်ရှိအနေအထားအရ စစ်ကောင်စီတပ်သည် ပြင်ဉီးလွင်မြို့ဘက်မှတဆင့် နောင်ချိုမြို့နယ် အုမ္မသီးကျေးရွာဘက်သို့ လည်းကောင်း၊ ရပ်စောက်မြို့မှတဆင့် တောင်းခမ်းကျေးရွာဘက်သို့ လည်းကောင်း စစ်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။ 

ထို့ကြောင့် နောင်ချိုမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများအတွက် စစ်ဘေးရှောင်ရန် ထွက်ပေါက်မရှိ ဖြစ်နေကြောင်းလည်း စစ်ဘေးရှောင် အမျိုးသားတစ်ဉီးက ပြောသည်။ 

“အခုက ပြေးစရာ ထွက်ပေါက်မရှိ ဖြစ်နေကြတာ။ ရေရှည်တော့ ဘယ်လိုထပ်လာမယ် မသိဘူး” ဟု နောင်ချိုစစ်ဘေးရှောင် ၎င်းအမျိုးသားက ဆိုသည်။ 

ပြီးခဲ့သည့် မေ ၂၈ ရက်တွင် စစ်ကောင်စီတပ်သားများသည် နောင်ချိုမြို့နယ် ရွှေမုဌောကျေးရွာနှင့် ရှောက်ခြုံကျေးရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူအချို့ကို ပစ်သတ်ခဲ့ပြီး၊ အရပ်သား (၄၀)ကျော်ကို ဖမ်းဆီးသွားခဲ့သည်မှာ ယနေ့အချိန်ထိ ပြန်မလွတ်ပေးသေးကြောင်း ရှေ့တန်းစစ်မြေပြင် သတင်းရင်းမြစ်တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ 

“ရွာထဲမှာ မရှောင်တဲ့သူတွေကို ဖမ်းခေါ်သွားတာ၊ သူတို့က ရွာတွေကို ဝင်ရောက်စီးနင်းပြီး အဲ့လို ဖမ်းခေါ်နေကြပဲ။ ပြည်သူတွေက ကြိုရှောင်ထားမှ၊ မရှောင်ထားရင် သူတို့က သတ်လည်း သတ်တယ်။ လူသားဒိုင်းပုံစံနဲ့ ဖမ်းသွားတာ။ သူတို့က ထိုးစစ်တွေက လေယာဉ်ရော မြေပြင်အင်အားရော အကုန်လာတာ။ အင်အားမမျှတတော့ နောက်ဆုတ်ပေးလိုက်ရတာမျိုး ရှိတယ်” ဟု ရှေ့တန်း စစ်မြေပြင် သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။ 

ယခုနှစ် ဧပြီလကုန်ပိုင်းတွင် TNLA နှင့် စစ်ကောင်စီတို့သည် တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ရာ နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်၊ မိုးကုတ်မြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့မှ  TNLA တပ်များဆုတ်ခွာရန် စစ်ကောင်စီတပ်က တောင်းဆိုခဲ့ခြင်းကြောင့် ဆွေးနွေးပွဲမအောင်မြင်ခဲ့ပေ။

ထို့ပြင် စစ်ကောင်စီ၏ စစ်ရေးဖိအားပေးမှု၊ တရုတ်အစိုးရ၏ ဖိအားကြား  TNLA အနေဖြင့် ရင်ဆိုင်နေရသော်လည်း  ၎င်းတို့ သိမ်းပိုက်ထားသည့် နယ်မြေကို လက်လွှတ်မည်မဟုတ်ကြောင်း၊ စစ်အာဏာရှင်ကို ဆက်လက်တော်လှန်သွားမည် ဖြစ်ကြောင်းလည်း ဇွန် ၅ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် TNLA ဘက်မှ ပြောဆိုခဲ့သည်။ 

ဆက်လက်ပြီး TNLA ထိန်းချုပ်ဒေသအတွင်း တော်လှန်ရေးကာလ ပြည်သူ့အစိုးရတစ်ရပ်ကို လူထုကိုယ်စားလှယ်များဖြင့် ၂၀၂၅ ခုနှစ်အတွင်း ဖွဲ့စည်းနိုင်ရန် စီစဉ်နေချိန် စစ်ကောင်စီမှ နောင်ချိုမြို့နယ်ကို ပြန်လည်သိမ်းပိုက်နိုင်ရန် အပြင်းအထန် တိုက်ခိုက်လာသည်။ 

ယမန်နေ့ ဇွန်လ (၉)ရက်နေ့နှင့် ဇွန်လ (၈)ရက်နေ့တွင်လည်း နောင်ချိုမြို့နယ် ပိန္နဲကုန်းကျေးရွာ၊ ကံကြီးကျေးရွာ၊ ရှောက်ခြုံကျေးရွာနှင့် ပန်ကုန်းကျေးရွာတို့တွင် စစ်ကောင်စီနှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLAပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီမှ လက်နက်ကြီး၊ ဒရုန်းဗုံးနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA ဘက်က ထုတ်ပြန်ထားသည်။

ဇွန်လ (၄)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ နောင်ချိုမြို့အတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်  တိုက်ခိုက်ခဲ့သောကြောင့် အမျိုးသား (၂)ဦး၊ အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် (၂)လုံးနှင့် ဘုန်းကြီးကျောင်း တစ်ကျောင်း ပျက်စီးသွားခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

ငြိမ်းချမ်းရေးဖိတ်ခေါ်နေချိန် MNDAA နှင့် TNLA နယ်မြေအပါအဝင် မြို့နယ် ၅၀ ကျော်ကို စစ်ကောင်စီ အရေးပေါ်အခြေအနေကြေညာ

0
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဆွေးနွေးရန် ဖိတ်ခေါ်နေသည့်အချိန်မှာပင် အာဏာသိမ်းစစ်ခေါင်းဆောင်က TNLA နှင့် MNDAA တို့ ထိန်းချုပ်ထားသည့် နယ်မြေများအပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၅၀ ကျော်ကို ယမန်နေ့ (ဧပြီလ ၂၄ ရက်) တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ ထိုသို့...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...