Tuesday, January 27, 2026

TNLA ဖမ်းမိသည့် ကျားဖြန့်လုပ်ကိုင်သူ (၁၂) ဦးကို တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေး

သျှမ်းပြည် နမ့်ခမ်း၊ နမ္မတူနှင့် ကွတ်ခိုင်မြို့နယ်များတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ဖမ်းဆီးရမိသည့် ကျားဖြန့်လုပ်ကိုင်သူ အမျိုးသား (၁၂) ဦးကို တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းသိရသည်။

ယမန်နေ့ (ဇွန်လ ၁၀ ရက်) နံနက် ၉ နာရီတွင် နမ့်ခမ်း၊ နမ္မတူနှင့် ကွတ်ခိုင်မြို့နယ်များအတွင်း ဖမ်းဆီးရမိသည့် ကျားဖြန့်လုပ်ကိုင်သူ အမျိုးသား (၁၂) ဦးကို TNLA ထိန်းချုပ်ထားသည့် မြန်မာ-တရုတ် နယ်စပ်တစ်နေရာ၌ တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

TNLA မှ တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးလိုက်သည့် ကျားဖြန့်လုပ်ကိုင်သူ (၁၂) ဦးမှာ နမ့်ခမ်းမြို့နယ်မှ (၄) ဦးနှင့် ကွတ်ခိုင်မြို့နယ်မှ (၅) ဦးတို့ကို စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိသူများဖြစ်ပြီး နမ္မတူမြို့နယ်မှ (၃) ဦးသည် ကျားဖြန့်လုပ်ငန်းလုပ်ရန် စီစဉ်နေချိန် သတင်းရရှိပြီး သွားရောက်စစ်ဆေး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုအထဲတွင် (၁) ဦးသည် ခြေထောက်တွင် ဒဏ်ရာရရှိထားခြင်းကြောင့် ဆေးကုသပေးနေစဉ် လူမှုကူညီရေးယာဉ်ဖြင့် တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည်ဟု ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ အဖွဲ့ဝင်ဖြစ်သည့် ညီနောင်မဟာမိတ် (၃) ဖွဲ့တို့သည် မြန်မာ-တရုတ် နယ်စပ်တလျှောက် ကျားဖြန့်တိုက်ဖျက်ရေး ခေါင်းစဉ်ဖြင့် “၁၀၂၇ စစ်ဆင်ရေး”ကို ဆင်နွှဲခဲ့သော်လည်း ကျားဖြန့်လုပ်ငန်းများမှာ ပပျောက်သွားခြင်း မရှိဘဲ သျှမ်းပြည်အတွင်းရှိ လက်နက်ကိုင်နှင့် ပြည့်သူ့စစ် ထိန်းချုပ်နေရာအသီးသီးသို့ ရွှေ့ပြောင်းလုပ်ကိုင်နေကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမည်ဟု TNLA ဥက္ကဋ္ဌ ပြော

0
မိမိတို့ ထိန်းချုပ်ဒေသအတွင်းတွင် ရှိသော သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့် နှင့် အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်သောကြောင့် လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမှာဖြစ်သည်ဟု တအာင်းတပ် (TNLA)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။ ယနေ့ ဇန်နဝါရီ...

၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူများ ဘာကြောင့် ကန့်သတ်ခံနေရလဲ

0
ယခုလ ဒီဇင်ဘာအစောပိုင်းမှ စတင်ပြီး ၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သည့် သျှမ်းပြည်သားများကို စစ်ကော်မရှင်ဘက်မှ ခရီးသွားလာခွင့်၊ ဟိုတယ်၊ တည်းခိုခန်းတို့တွင် တည်းခိုခွင့် ကန့်သတ်ချက်များ ဖြစ်ပေါ်နေသည်။ သို့သော်လည်း ၁၃ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ဆောင်သူများအား မည်သည့်ကိစ္စကြောင့် ကန့်သတ်ကြောင်းကို သေသေချာချာ ဂဃနဏ မသိရှိရဘဲ ထင်မြင်ချက်...

နမ့်ခမ်းမြို့တွင် စက်သုံးဆီသိုလှောင်ရုံတစ်ခု မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် စက်သုံးဆီ သိုလှောင်ထားသည့် ဂိုထောင်တစ်ခု မီးလောင်ကျွမ်းခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ည ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်း ရပ်ကွက်ရှိ စက်သုံးဆီ အမျိုးမျိုးနှင့်...