မိုးမိတ်မြို့နယ် SSPP နှင့် TNLA တိုက်ပွဲဖြစ်၊ တစ်လတည်း ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့

သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇွန်လ ၂၃ ရက်) နံနက် ၁၀ နာရီကျော်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအနီးတွင် SSPP နှင့် TNLA တို့ (၁၀) မိနစ်ကျော်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း မိုးမိတ်ဒေသခံများက ပြောသည်။

လွန်ခဲ့သည့် နှစ်ပတ်ခန့်ကလည်း မိုးမိတ်မြို့နယ်အတွင်းရှိ မိုးဟောက်ကျေးရွာအုပ်စုနှင့် စင်ကင်ကျေးရွာအုပ်စု သရက်ချိုကျေးရွာရှိ SSPP တပ်စခန်းများကို ပြောင်းရွှေ့ရန် TNLA ဘက်မှ ပြောဆိုခဲ့ပြီး စစ်ရေးတင်းမာမှု ရှိခဲ့ရာမှ ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က ၁၀ နာရီလောက်မှာ SSPP စခန်းနား ကပ်ပြီးတော့ TNLA ဘက်က ပစ်တာ၊ နှစ်ဘက်တင်းမာမှု ဖြစ်တာတော့ ၁၀ ရက်ကျော် ရှိပြီ။ မိုးဟောက်နဲ့ သရက်ချိုရွာမှာ ရှိတဲ့ SSPP စခန်း ၂ ခုကို TNLA ဘက်က ရွှေ့ခိုင်းတာ။ သရက်ချိုရွာက TNLA စခန်းကတော့ ပြန်ဆုတ်သွားတယ်။ အခုတော့ ငြိမ်နေတယ်၊ ဒါပေမယ့် နှစ်ဘက်စလုံးကတော့ အင်အားဖြည့်ဖို့ လုပ်နေတယ်”ဟု မိုးမိတ်မြို့နယ်မှ ၎င်းစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

SSPP နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် မိုးဟောက်ကျေးရွာသည် အိမ်ခြေ (၅၀၀) ကျော်ရှိသည့် ရွာကြီးတစ်ရွာဖြစ်ပြီး TNLA ထိန်းချုပ်ထားသည့် မိုးမိတ်မြို့နှင့် မိုင် (၂၀) ခန့် ကွာဝေးကြောင်း သိရသည်။

ဇွန်လအတွင်း ကျောက်မဲမြို့နယ်နှင့် မိုးမိတ်မြို့နယ်အတွင်း ထိတွေ့တိုက်ပွဲ (၂) ကြိမ် ဖြစ်ပွားခဲ့သည့် SSPP နှင့် TNLA တို့သည် ၎င်းတို့၏ သက်ဆိုင်ရာ သတင်းပြန်ကြားရေးဌာနများမှ အပြန်အလှန် စွပ်စွဲကာ ယမန်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

မိုးမိတ်မြို့နယ်ရှိ SSPP/SSA တပ်စခန်းနေရာကို TNLA မှ စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ်ဆင် ဝင်ရောက်ခဲ့ခြင်းကြောင့် SSPP ဘက်မှ ပြန်လည်ခုခံကာကွယ်ခဲ့ရာ မိနစ်အနည်းငယ် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ၎င်းနေရာမှ TNLA တပ်ဖွဲ့ ပြန်လည်ဆုတ်ခွာသွားချိန် နှစ်ဘက်ပစ်ခတ်မှု ရပ်သွားခဲ့ကြောင်း SSPP Info ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့အပြင် ဇွန်လ (၁၅) ရက်နေ့ကလည်း ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာအနီးရှိ SSPP တပ်စခန်းတစ်ခုကို TNLA ဘက်မှ စစ်အင်အားသုံး ဖယ်ရှားခိုင်း၍ နှစ်ဘက်တပ်ဖွဲ့အကြား အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ရကြောင်း SSPP ဘက်မှ ထုတ်ပြန်သည်။

အခြားတစ်ဘက်တွင် ယမန်နေ့ နံနက်ပိုင်း၌ မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုအတွင်း TNLA စစ်ကြောင်းထွက် ကင်းလှည့်နေစဉ် SSPP မှ လက်နက်ငယ်ဖြင့် နှစ်ကြိမ် ခြုံခိုတိုက်ခိုက်ခဲ့ပြီး မွန်းလွဲပိုင်းနှင့် ညအချိန်တွင် လက်နက်ကြီးဖြင့် တစ်ကြိမ်စီ ပစ်ခတ်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနမှ ထုတ်ပြန်သည်။

အလားတူ ဇွန်လ (၁၅) ရက်နေ့ကလည်း ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာအုပ်စုတွင် SSPP နှင့် TNLA တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့စဉ် SSPP မှ လက်နက်ဖြင့် တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် TNLA တပ်ဖွဲ့ဝင် (၂) ဦး ဆုံးရှုံးခဲ့ရပြီး (၃) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း TNLA ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

သျှမ်းပြည်မြောက်ပိုင်းရှိ “၁၀၂၇ စစ်ဆင်ရေး”အတွင်း TNLA ထိန်းချုပ်ထားနိုင်သည့် မြို့နယ်များတွင် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်သည့် SSPP/SSA ၊ KIO/KIA နှင့် PSLF/TNLA တို့အကြား နယ်မြေအငြင်းပွားမှု မြင့်တက်လာခြင်းကြောင့် ကျောက်မဲ၊ နမ္မတူနှင့် နမ့်ခမ်းတို့တွင် တိုက်ပွဲထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်နေကြောင်း ဒေသခံများက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်းရှိ နယ်မြေအငြင်းပွားမှု ပြဿနာများကို ‘ဝ’တပ်ဖွဲ့ UWSA ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးမှုညှိနှိုင်းရေးကော်မတီ (FPNCC) မှ ဖြေရှင်းပေးရန် သျှမ်းတပ် SSPP/SSA နှင့် ကချင်လွတ်လပ်ရေးတပ် KIO/KIA တို့မှ ပြီးခဲ့သည့် မေလအတွင်း UWSA ဌာနချုပ် ပန်ဆန်းမြို့သို့ သွားရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...