နောင်ချိုမြို့နယ် စစ်ဘေးရှောင်တစ်ဦး ထပ်မံပစ်ခတ်ခံရပြီး ပြင်းထန်ဒဏ်ရာရ

သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ ချိုခမ်းဘုန်းကြီးကျောင်းအနီး လယ်ထဲတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များသည် ဘေးလွတ်ရာသို့ ထပ်မံတိမ်းရှောင်ရန် ထွက်ခွာနေစဉ် သေနတ်ပစ်ခတ်ခံရပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇွန်လ ၁၇ ရက်) နံနက် ၉ နာရီခန့်တွင် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲကျေးရွာ လယ်ထဲရှိ တဲများတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များသည် ဘေးလွတ်ရာသို့ ထပ်မံတိမ်းရှောင်ရန် ထွက်ခွာနေစဉ် ချိုခမ်းဘုန်းကြီးကျောင်းအနီး စခန်းချနေရာယူထားသည့် လက်နက်ကိုင်တပ်ဖွဲ့ဝင်မှ သေနတ်ပစ်ခတ်ခဲ့ရာ စစ်ဘေးရှောင် အမျိုးသားတစ်ဦးကို ထိမှန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“စစ်ဘေးရှောင်တစ်ယောက် ဘုန်းကြီးကျောင်းနား လယ်ထဲက တဲနားမှာ ပစ္စည်းသယ်နေတာ၊ အဖွဲ့အစည်းက ဘုန်းကြီးကျောင်းဘက်ကနေ သေနတ်ပစ်လာတော့ ဗိုက်ပေါက်သွားတယ်။ တခြားနေရာ ထပ်ရှောင်ဖို့ လုပ်နေတုန်း ပစ်ခံရတာ၊ လက်မှာလည်း ထိတယ်။ အခု ပြင်ဦးလွင်ဘက်က ဆေးရုံကို ခေါ်သွားပြီ”ဟု ဖြစ်စဉ်သိရှိသူ နောင်ချိုစစ်ဘေးရှောင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လယ်ထဲမှ ဘေးလွတ်ရာသို့ ထပ်မံတိမ်းရှောင်ရန် ထွက်ခွာနေစဉ် သေနတ်ပစ်ခတ်ခံရသူမှာ အုမ္မသီးလမ်းခွဲရွာနေ အသက် (၃၈) နှစ်အရွယ် အိုက်မွန် ဆိုသူဖြစ်ပြီး ပြင်ဦးလွင်မြို့တွင် ဆေးကုသလျက်ရှိကာ ဆေးဖိုးဝါးခများ အကူအညီ လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

နောင်ချိုမြို့နယ် ဆမ္မဆယ်နှင့် အုမ္မခါးကျေးရွာအုပ်စုတွင် စစ်ဘေးရှောင်များ သေနတ်ပစ်ခံရပြီး သေဆုံးဒဏ်ရာရခြင်းသည် ယခုတစ်ကြိမ်ဆိုလျှင် တတိယအကြိမ်ဖြစ်သည်။
ပြီးခဲ့သည့် မေလ ၁၈ ရက်တွင် ၎င်းချိုခမ်းဘုန်းကြီးကျောင်းထဲတွင် ခိုလှုံနေသည့် အမျိုးသားတစ်ဦး စနိုက်ဘာပစ်ခတ်ခံရပြီး အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ရာ စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ မေလ ၁၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အလားတူ မေလ ၁၄ ရက်တွင်လည်း နောင်ချိုမြို့နယ် ဆမ္မကျေးရွာအုပ်စု ရေမောင်းတန်းကျေးရွာတွင် လင်မယားနှစ်ဦးမှ ငှက်ပျောပင်ခုတ်ရန် နေအိမ်မှ ထွက်ခွာလာစဉ် နေအိမ်များထဲ ပုန်းအောင်းနေသည့် လက်နက်ကိုင်တပ်ဖွဲ့ဝင်မှ စနိုက်ဘာဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၅၅ နှစ်အရွယ် စိုင်းညွန့်၏ ရင်ဘတ်ထိမှန်၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့ကြောင့် မေလ ၂၁ ရက်မှ စတင်ပြီး နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲကျေးရွာရှိ ချိုခမ်းဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် TNLA ဘက်မှ ပြောဆိုခဲ့သည်။

နောင်ချိုမြို့နယ် ဆမ္မဆယ်နှင့် အုမ္မခါး ကျေးရွာအုပ်စုတို့တွင် TNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ အနီးကပ် စစ်ရေးတင်းမာနေပြီး လက်နက်ကြီးအပြင် ဒရုန်းများဖြင့် နှစ်ဘက်အပြန်အလှန် နေ့စဉ်ပစ်ခတ် တိုက်ခိုက်နေခြင်းကြောင့် ချိုခမ်းဘုန်းကြီးကျောင်းရှိ ဇရပ်ဆောင်များလည်း မီးလောင်ပျက်စီးခဲ့ကြောင်း စစ်ဘေးရှောင်များက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...