Tuesday, January 27, 2026

နောင်ချိုမြို့နယ် စစ်ဘေးရှောင်တစ်ဦး ထပ်မံပစ်ခတ်ခံရပြီး ပြင်းထန်ဒဏ်ရာရ

သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ ချိုခမ်းဘုန်းကြီးကျောင်းအနီး လယ်ထဲတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များသည် ဘေးလွတ်ရာသို့ ထပ်မံတိမ်းရှောင်ရန် ထွက်ခွာနေစဉ် သေနတ်ပစ်ခတ်ခံရပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇွန်လ ၁၇ ရက်) နံနက် ၉ နာရီခန့်တွင် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲကျေးရွာ လယ်ထဲရှိ တဲများတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များသည် ဘေးလွတ်ရာသို့ ထပ်မံတိမ်းရှောင်ရန် ထွက်ခွာနေစဉ် ချိုခမ်းဘုန်းကြီးကျောင်းအနီး စခန်းချနေရာယူထားသည့် လက်နက်ကိုင်တပ်ဖွဲ့ဝင်မှ သေနတ်ပစ်ခတ်ခဲ့ရာ စစ်ဘေးရှောင် အမျိုးသားတစ်ဦးကို ထိမှန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“စစ်ဘေးရှောင်တစ်ယောက် ဘုန်းကြီးကျောင်းနား လယ်ထဲက တဲနားမှာ ပစ္စည်းသယ်နေတာ၊ အဖွဲ့အစည်းက ဘုန်းကြီးကျောင်းဘက်ကနေ သေနတ်ပစ်လာတော့ ဗိုက်ပေါက်သွားတယ်။ တခြားနေရာ ထပ်ရှောင်ဖို့ လုပ်နေတုန်း ပစ်ခံရတာ၊ လက်မှာလည်း ထိတယ်။ အခု ပြင်ဦးလွင်ဘက်က ဆေးရုံကို ခေါ်သွားပြီ”ဟု ဖြစ်စဉ်သိရှိသူ နောင်ချိုစစ်ဘေးရှောင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လယ်ထဲမှ ဘေးလွတ်ရာသို့ ထပ်မံတိမ်းရှောင်ရန် ထွက်ခွာနေစဉ် သေနတ်ပစ်ခတ်ခံရသူမှာ အုမ္မသီးလမ်းခွဲရွာနေ အသက် (၃၈) နှစ်အရွယ် အိုက်မွန် ဆိုသူဖြစ်ပြီး ပြင်ဦးလွင်မြို့တွင် ဆေးကုသလျက်ရှိကာ ဆေးဖိုးဝါးခများ အကူအညီ လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

နောင်ချိုမြို့နယ် ဆမ္မဆယ်နှင့် အုမ္မခါးကျေးရွာအုပ်စုတွင် စစ်ဘေးရှောင်များ သေနတ်ပစ်ခံရပြီး သေဆုံးဒဏ်ရာရခြင်းသည် ယခုတစ်ကြိမ်ဆိုလျှင် တတိယအကြိမ်ဖြစ်သည်။
ပြီးခဲ့သည့် မေလ ၁၈ ရက်တွင် ၎င်းချိုခမ်းဘုန်းကြီးကျောင်းထဲတွင် ခိုလှုံနေသည့် အမျိုးသားတစ်ဦး စနိုက်ဘာပစ်ခတ်ခံရပြီး အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ရာ စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ မေလ ၁၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အလားတူ မေလ ၁၄ ရက်တွင်လည်း နောင်ချိုမြို့နယ် ဆမ္မကျေးရွာအုပ်စု ရေမောင်းတန်းကျေးရွာတွင် လင်မယားနှစ်ဦးမှ ငှက်ပျောပင်ခုတ်ရန် နေအိမ်မှ ထွက်ခွာလာစဉ် နေအိမ်များထဲ ပုန်းအောင်းနေသည့် လက်နက်ကိုင်တပ်ဖွဲ့ဝင်မှ စနိုက်ဘာဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၅၅ နှစ်အရွယ် စိုင်းညွန့်၏ ရင်ဘတ်ထိမှန်၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့ကြောင့် မေလ ၂၁ ရက်မှ စတင်ပြီး နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲကျေးရွာရှိ ချိုခမ်းဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် TNLA ဘက်မှ ပြောဆိုခဲ့သည်။

နောင်ချိုမြို့နယ် ဆမ္မဆယ်နှင့် အုမ္မခါး ကျေးရွာအုပ်စုတို့တွင် TNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ အနီးကပ် စစ်ရေးတင်းမာနေပြီး လက်နက်ကြီးအပြင် ဒရုန်းများဖြင့် နှစ်ဘက်အပြန်အလှန် နေ့စဉ်ပစ်ခတ် တိုက်ခိုက်နေခြင်းကြောင့် ချိုခမ်းဘုန်းကြီးကျောင်းရှိ ဇရပ်ဆောင်များလည်း မီးလောင်ပျက်စီးခဲ့ကြောင်း စစ်ဘေးရှောင်များက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...