ကျောက်မဲမြို့နယ် SSPP နှင့် TNLA တိုက်ပွဲဖြစ်၊ ထိခိုက်ကျဆုံးမှုရှိ

သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှုရှိကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇွန်လ ၁၅ ရက်) ညနေ ၅ နာရီခွဲမှ ၇ နာရီခန့်အထိ ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာ အရှေ့တောင်ဘက်တွင် SSPP တပ်စခန်းရှိရာ တောင်ကုန်းအနီးသို့ TNLA ဘက်မှ စစ်ကြောင်း (၃) ခုဖြင့် ဝင်ရောက်လာခြင်းကြောင့် နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“TNLA ဘက်က စစ်ကြောင်း ၃ သုပ်ခွဲပြီး တက်လာလို့ တိုက်ပွဲဖြစ်ကြတာ၊ အင်အား ၈၀ လောက် ရှိမယ်။ ဖက်ခေးစိတ် (လွႆၽၵ်းၶိူဝ်းၸိူၵ်ႈ) တောင်ပေါ်က SSPP စခန်းကို ရွှေ့ခိုင်းနေတာ ၃ ရက် ရှိပြီ။ မနေ့က တိုက်ပွဲဖြစ်ပြီးတော့ ဟူးဆွန်က စာသင်ကျောင်းကို TNLA တပ်ဆုတ်သွားတယ်”ဟု ကျောက်မဲမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

SSPP နှင့် TNLA နှစ်ဘက်ထိတွေ့တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုရှိကြောင်း စစ်ရေးသတင်းရင်းမြစ်မှ ပြောဆိုသော်လည်း သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးဘဲ ယနေ့ (ဇွန်လ ၁၆ ရက်) နံနက်ပိုင်းအထိ နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် အဆိုပါ ထိတွေ့တိုက်ပွဲနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

အလားတူ SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန် ထံ မေးမြန်းနိုင်ရန် သျှမ်းသံတော်ဆင့်မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသည်။

ကျောက်မဲမြို့နယ်အတွင်း SSPP နှင့် TNLA တိုက်ပွဲဖြစ်ပွားခဲ့သည့် ဟူးဆွန်ကျေးရွာအုပ်စုသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်း မဟာမိတ်ဖြစ်သည့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် နေရာလည်းဖြစ်သည်။

ယမန်နှစ် ၂၀၂၄ ဇူလိုင်လ ပထမပတ်အတွင်းကလည်း ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအုပ်စုနှင့် သီပေါမြို့နယ် ကြံခင်းရွာ၊ ရေပူရွာတို့တွင် SSPP နှင့် TNLA အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ရေးပဋိပက္ခကို ‘ဝ’တပ်ဖွဲ့ UWSA ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးမှုညှိနှိုင်းရေးကော်မတီ (FPNCC) မှ အမြန်ဆုံး ကြားဝင်ထိန်းသိမ်းပေးရန် နှစ်ဘက်တပ်ဖွဲ့စလုံးက ထုတ်ပြန်ခဲ့သည်။

၎င်းနောက် ၂၀၂၄ ဇူလိုင်လ ၁၃ ရက်တွင် ‘ဝ’တပ်ဖွဲ့ UWSA ဌာနချုပ်တည်ရှိရာ ပန်ဆန်းမြို့၌ SSPP ဘက်မှ ဒုဥက္ကဋ္ဌဖြစ်သူ ဒုဗိုလ်ချုပ်ကြီးခွန်စိုင်း ဦးဆောင်၍ TNLA ဘက်မှ ဥက္ကဋ္ဌဖြစ်သူ ဒုဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း ဉီးဆောင်သည့် အဖွဲ့တို့နှင့် နှစ်ဘက်တပ်ဖွဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသော်လည်း ထိုစဉ်က ဆွေးနွေးပွဲရလဒ်ကို နှစ်ဘက်တပ်ဖွဲ့စလုံးမှ ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိပေ။

အခြားတစ်ဘက်၌ လားရှိုးမြို့နယ်နှင့် သီပေါမြို့နယ်များတွင်လည်း ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့သည် နယ်မြေပြဿနာ အငြင်းပွားမှုကြောင့် ဧပြီလ နောက်ဆုံးပတ်မှ စတင်၍ တိုက်ပွဲဆက်တိုက် ဖြစ်ပွားလာခဲ့ကြောင်း ဒေသခံများက ပြောသည်။ေ

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...