ကျောက်မဲရောက် နောင်ချိုစစ်ဘေးရှောင် (၁၀၀၀) ကျော်အတွက် စားနပ်ရိက္ခာ အရေးတကြီးလိုအပ်

သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာသော နောင်ချိုမြို့နယ်မှ စစ်ဘေးရှောင် (၁၀၀၀) ကျော်အတွက် စားနပ်ရိက္ခာ အကူအညီများ အရေးတကြီး လိုအပ်နေကြောင်း စုံစမ်းသိရသည်။

ဧပြီလနှောင်းပိုင်းမှ စတင်ပြီး နောင်ချိုမြို့နယ် တောင်းခမ်းဒေသ၌ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ပူးပေါင်းတပ်များ ထိန်းချုပ်နိုင်ခဲ့သည့် ကျေးရွာများကို စစ်ကောင်စီတပ်မှ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းကြောင့် ရွှေမုဌော၊ မဲပုတ်၊ နောင်လိုင်၊ နားရှိုး၊ ရွှေသွန်း၊ ကံကြီး စသည့် ကျေးရွာများမှ ဒေသခံများသည် ကျောက်မဲမြို့နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

လက်ရှိတွင် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်ရှိ အထက်တန်းကျောင်းတွင် နောင်ချိုဘက်မှ စစ်ဘေးရှောင် (၇၀၀) ခန့် ခိုလှုံနေပြီး စားနပ်ရိက္ခာ အကူအညီ အရေးတကြီး လိုအပ်လျက်ရှိကာ လုပ်ပါ၊ ကုန်းညောင်၊ ထန်းတပင် အစရှိသည့် အနီးအနား ကျေးရွာများမှ ဘုန်းကြီးကျောင်းများတွင်လည်း စစ်ဘေးတိမ်းရှောင်နေကြောင်း ဒေသခံများမှ ပြောသည်။

ကျောက်မဲမြို့နယ် နောင်ပိန် အထကကျောင်းတွင် မြင်တွေ့ရသည့် နောင်ချိုဘက်မှ စစ်ဘေးရှောင်များ (ဓာတ်ပုံ – ဒေသခံ)

“နောင်ပိန် အထကကျောင်းကို ရောက်နေတာတော့ ၆၅၀ လောက် ရှိတယ်။ အများအားဖြင့် ဂုတ်တွင်းဟိုဘက်ကမ်း နောင်လိုင်၊ မဲပုတ်၊ နားရှိုး၊ ကံကြီး အဲ့ဘက်ရွာက ဓနုအမျိုးတွေ။ တောင်းခမ်းဘက် တိုက်ပွဲဖြစ်တာ တစ်နှစ်လောက်ရှိတော့ စစ်ရှောင်လာတဲ့အချိန် တော်တော်များများ မရလာကြဘူး။ လိုတာကတော့ အားလုံးပဲ၊ နေဖို့စားဖို့ အရေးတကြီး လိုတာပေါ့” ဟု နောင်ပိန်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ဘေးရှောင်များထဲတွင် အမျိုးသမီးနှင့် သက်ကြီးရွယ်အို အများစု ဖြစ်ပြီး မိုးရာသီဖြစ်ခြင်းကြောင့် ခြင်ထောင်နှင့် အိပ်ယာခင်းကဲ့သို့ နေရာထိုင်ခင်းများလည်း လိုအပ်ကြောင်း သိရသည်။

“သူတို့က လောလောနဲ့ ထွက်လာကြတော့ ဘာမှ မရလာဘူး။ တချို့ဆို ဘုန်းကြီးကျောင်းမှာ ထော်လာဂျီ ထိုးရပ်ထားပြီး မိုးကာပေါ် အိပ်ကြတာ။ ဒီကို မရောက်လာခင် အရင်ကလည်း တခြားနေရာ ရှောင်ရတော့ တစ်နှစ်လောက် စစ်ပြေးဖြစ်နေတာ။ ရွာနီးချုပ်စပ်က ဘုန်းကြီးကျောင်းမှာ ပြီးတော့ ဆွေမျိုးအိမ်မှာနဲ့ ဆိုရင်တော့ တစ်ထောင်ကျော်မယ်”ဟု ၎င်းဒေသခံ အမျိုးသားက ဆက်ပြောသည်။

ပြီးခဲ့သည့် မေလ (၂၉)ရက်တွင် နောင်ချိုမြို့နယ် ရွှေမုဌောကျေးရွာသို့ စစ်ကောင်စီတပ်က ဝင်ရောက်ထိုးစစ်ဆင် သိမ်းပိုက်၍ ရွာသူရွာသား (၄၀)ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အချိန်ထိ အဆက်အသွယ်နှင့် သတင်းအစအန မရရှိတော့ကြောင်း၊ ဖမ်းဆီးခံရသူများသည် အရွယ်ကောင်း အမျိုးသား၊ အမျိုးသမီးများ ပါဝင်သွားကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတပ်သည် နောင်ချိုမြို့နယ် ပြန်လည်ရရှိရေး အပြင်းအထန် ထိုးစစ်ဆင်နေပြီး TNLA နှင့် DPLA ပူးပေါင်းတပ်များထက် ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်ရေး သာလွန်နေသောကြောင့် ကျေးရွာတစ်ချို့ကို သိမ်းပိုက်ရရှိသွားကြောင်း DPLA တပ်သား တစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် နောင်ချိုမြို့နှင့် ၁၀ မိုင်ခန့် ကွာဝေးသည့် ရှောက်ချိုရွာအထိ နီးကပ်လာပြီး TNLA လက်လွှတ်လိုက်ရသည့် ရွှေမုဌော၊ နောင်လင်နှင့် မဲပုတ် အပြင် တခြားသော ကျေးရွာများမှ ပြည်သူများလည်း ကျောက်မဲမြို့နယ်နှင့် ဘေးလွတ်ရာ ဒေသများသို့ စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေကြရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...