နမ့်ခမ်းနှင့် နမ့်ဆန်တွင် TNLA ပြုလုပ်ပေးမည့် ကားလိုင်စင်အတွက် အခွန် ၂ သိန်းမှ ၅ သိန်းကျပ်အထိ ပေးဆောင်ရမည်

သျှမ်းပြည် နမ့်ခမ်းမြို့နှင့် နမ့်ဆန်မြို့တို့တွင် တအာင်း(ပလောင်) အမျိုးသာလွတ်မြောက်ရေး တပ်မတော် TNLA မှ ပြုလုပ်ပေးမည့် မော်တော်ယာဉ်လိုင်စင်အတွက် ကားအမျိုးအစားအလိုက် အခွန် ၂ သိန်းကျပ်မှ ၅ သိန်းကျပ်အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

မေလ ၂၅ ရက်မှ စတင်၍ TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နှင့် နမ့်ဆန်မြို့တို့တွင် TNLA ၏ မော်တော်ယာဉ် မှတ်ပုံတင်ကြီးကြပ်ရေးဌာနမှ အိမ်စီးကား၊ လုပ်ငန်းသုံးကား၊ ခရီးသည်တင်ကားနှင့် ကုန်တင်ကားများကို ယာဉ်လိုင်စင် ပြုလုပ်ပေးသွားမည်ဖြစ်ပြီး ကားအမျိုးအစားအလိုက် အခွန်နှင့်ဝန်ဆောင်ခ ၂ သိန်းကျပ်မှ ၅ သိန်းကျပ်အထိ ပေးဆောင်ရမည်ဟု ယမန်နေ့ (မေလ ၂၂ ရက်) တွင် TNLA မှ ထုတ်ပြန်ခဲ့သည်။

TNLA ထံ မှတ်ပုံတင်ထားသည့် ကားလိုင်စင်များသည် ၂ နှစ် သက်တမ်းရှိမည်ဖြစ်ပြီး TNLA ထိန်းချုပ်ဒေသအတွင်း အသုံးပြုနိုင်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောဆိုသည်။

ပုံစာ – ၂၀၂၄ ဇွန်လအတွင်း စစ်ကောင်စီထုတ်ကုန်များကို TNLA မှ နမ့်ခမ်းမြို့တွင် ရှောင်တခင်စစ်ဆေးခဲ့စဉ်

“မော်တော်ကား ယာဉ်အမျိုးအစား အလိုက် ၂သိန်းမှ ၅သိန်းကျပါ့မယ်။ လိုင်စင်သက်တမ်း ၂နှစ်၊ တအာင်းဒေသမှာ အသုံးပြုလို့ရပါတယ်”ဟု TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက သျှမ်းသံတော်ဆင့်ကို ဖြေကြားသည်။

နမ့်ခမ်းမြို့ပေါ်ရှိ မော်တော်ယာဉ်များ မှတ်ပုံတင်ရန် ပိုစတာနှင့် လက်ကမ်းစာစောင်များကို ရပ်ကွက်တိုင်းတွင် ဖြန့်ဝေထားပြီး ကားသေးကို မော်ဒယ်လ်အလိုက် ၂ သိန်းမှ ၃ သိန်းကျပ်အထိ၊ ကားအလတ် ၃ သိန်းမှ ၄ သိန်းကျပ်အထိ၊ ကားကြီးများကို ၄ သိန်းမှ ၅ သိန်းကျပ်အထိ သတ်မှတ်ထားပြီး လာမည့် မေလ(၂၅) ရက်တွင် ကားလိုင်စင် စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း ပိုစတာတွင် ပါရှိသည်။

“ပလောင်ရဲ့ဟာ၊ ကိုးကန့်ရဲ့ဟာ၊ စစ်တပ်ရဲ့ဟာ နံပါတ်ပြားက ၅ ခုလောက် ပါရမှာထင်တယ်။ ဒီပုံစံနဲ့ဆို နံပါတ်ပြားက ဖြုတ်တပ်လုပ်နေရမှာပေါ့။ တော်တော်တိုးတက်လာတယ်၊ တိုးလာတာက ဂိတ်တွေနဲ့ တက်လာတာက အခွန်တွေ။ လိုင်စင်လုပ်ခိုင်းရင် ကားသမားတင် မဟုတ်ဘူး၊ တစ်မြို့လုံး ငြီးကြမှာ”ဟု နမ့်ခမ်း-မန္တလေး ပြေးဆွဲနေသည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ၂၀၂၅ နှစ်ကုန် ဒီဇင်ဘာလအထိ စီမံချက်ကာလ (၆) လ ပြုလုပ်မည်ဖြစ်ပြီး TNLA ထိန်းချုပ်သော နမ့်ခမ်းနှင့် နမ့်ဆန်မြို့နယ်အပြင် အခြားမြို့နယ်များကို ဆက်လက်လုပ်ဆောင်ပေးသွားမည်ဟု ဆိုသည်။

ပုံစာ – ၂၀၂၄ ဇွန်လအတွင်း စစ်ကောင်စီထုတ်ကုန်များကို TNLA မှ နမ့်ခမ်းမြို့တွင် ရှောင်တခင်စစ်ဆေးခဲ့စဉ်

ယခုကဲ့သို့ လိုင်စင်ပြုလုပ်ရခြင်းသည် မော်တော်ယာဉ်များနှင့် စပ်လျဉ်းသည့် ပိုင်ဆိုင်မှု၊ ရောင်းဝယ်မှု၊ ယာဉ်တိုက်မှု၊ ယာဉ်ပျောက်ဆုံးမှု အစရှိသည့် ပြဿနာများ လျော့ကျရန်ဖြစ်ကြောင်း TNLA ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားစဉ် လိုင်စင်ရှိ၊ လိုင်စင်မဲ့ ကားနှင့် ဆိုင်ကယ်အားလုံးကို တစ်စီးလျှင် ကျပ်ငွေ (၁၅၀၀၀) ကောက်ခံကာ ယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြားများ ပြုလုပ်ပေးခဲ့သည်။

သို့သော် ၎င်းကတ်ပြားများကို အသုံးပြု၍ ကိုးကန့်တပ် ထိန်းချုပ်ဒေသတွင် သွားလာနိုင်သော်လည်း စစ်ကောင်စီထိန်းချုပ် ဒေသများသို့ အဆိုပါကတ်ပြားများကို ယူဆောင်သွားပါက လုံခြုံရေးစိုးရိမ်ရကြောင်း ကားသမားများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

မူဆယ်-နမ့်ခမ်း မြစ်ဘေးရှိ ရပ်ကွက်များနှင့် လယ်ယာ၊ စိုက်ပျိုးမြေများ ရေမြှုပ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ဘေးနေထိုင်သည့် ပြည်သူများ၏ နေအိမ်နှင့် လယ်ယာများ ရေမြှုပ်နေကြောင်း သတင်းရရှိသည်။​ ဇူလိုင်လ တတိယပတ်အတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် တရုတ်နိုင်ငံအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုအပြင် တရုတ်နိုင်ငံမှ ရေကာတာ ရေထုတ်လွှတ်မှုကြောင့် ရွှေလီမြစ်ရေမှာ ရက်ပိုင်း ရေမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက...