နောင်ချိုမြို့နယ် ချိုခမ်းဘုန်းကြီးကျောင်းမှ စစ်ဘေးရှောင်များကို TNLA ရွှေ့ပြောင်းခိုင်း

သျှမ်းပြည် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲကျေးရွာရှိ ချိုခမ်းဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များကို အားလုံးရွှေ့ပြောင်းပေးရန် TNLA မှ လာရောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မေလ ၂၁ ရက်) မှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲကျေးရွာရှိ ချိုခမ်းဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် (၁၀၀) ကျော်ကို ၂ ရက်အတွင်း အားလုံးပြောင်းရွှေ့ပေးရန် TNLA မှ လာရောက်ပြောဆိုခဲ့ကြောင်း စစ်ဘေးရှောင်အမျိုးတစ်ဦးက ပြောသည်။

“ချိုခမ်းဘုန်းကြီးကျောင်းက စစ်ဘေးရှောင်အားလုံး ထွက်ပေးကြဖို့ ၂ ရက် အချိန်ပေးတယ်လို့ TNLA က လာပြောတယ်။ ဘုန်းကြီးကျောင်းထဲ တစ်ယောက်မှ မနေဖို့ ပြောသွားတယ်။ ကျောင်းထဲမှာက စစ်ဘေးရှောင် ၁၀၀ ကျော် ရှိသေးတယ်။ စစ်ဘေးရှောင်တွေကို ရွာကနေ မောင်းထုတ်ချင်တဲ့ သဘောဖြစ်နေတယ်”ဟု နောင်ချိုဒေသခံ ၎င်းစစ်ဘေးရှောင် အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောင်ချိုမြို့နယ်ရှိ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များကို နေရာပြောင်းရွှေ့ပေးရန် TNLA မှ လာရောက်ပြောဆိုခြင်းနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

အုမ္မတီး စစ်ဘေးရှောင်နေရာ

အရပ်သားများ နေထိုင်ရာ၊ စစ်ဘေးရှောင်စခန်းများ ရှိရာသို့ တိုက်ပွဲဖြစ်ပွားခြင်း၊ စစ်သားများ ဝင်ရောက် နေရာယူခြင်း နှင့် တိုက်ခိုက်မှု ပြုလုပ်ခြင်းတို့သည် စစ်ရာဇဝတ်မှု (War Crimes) ပြစ်မှုမြောက်သကဲ့သို့ မြန်မာနိုင်ငံမှ ပါဝင် လက်မှတ်ရေးထိုးထားသည့် ဂျီနီဗာ ကွန်ဗင်းရှင်း စာပိုဒ်ပါ စစ်ပွဲအတွင်း အရပ်သားများ ထိခိုက်ကာကွယ်မှုကို အကာအကွယ်ပေးရမည့် စာချုပ်ကိုလည်း ကျူးလွန်ရာ ဖြစ်နေသည်။

အလားတူ အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ်မှ ယနေ့ (မေလ ၂၂ ရက်) နေ့လယ် ၁၂ နာရီခန့်တွင် နောင်ချိုမြို့နယ် အုမ္မသီးရွာသို့ ဂျက်ဖိုက်တာဖြင့် ဗုံး ၄ လုံး ထပ်မံလာရောက် ကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLA မှ ထုတ်ပြန်ထားပြီး ထိခိုက်ပျက်စီးမှုကို မသိရသေးပေ။

လက်ရှိတွင် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲကျေးရွာ ချိုခမ်းဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင်များမှာ ကုန်းသာကျေးရွာအုပ်စုရှိ လွယ်တောင်း ဘုန်းကြီးကျောင်း၊ စစ်စီးတိုး၊ ကုန်းသာနှင့် ကျောက်သုံးလုံး ကျေးရွာဘက်သို့ ထပ်မံရွှေ့ပြောင်းနေရကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

မေလ ၁၈ ရက်တွင် စနိုက်ဘာပစ်ခတ်ခံရပြီး သေဆုံးသွားသည့် စစ်ဘေးရှောင် အမျိုးသား (ဓာတ်ပုံ – TNLA)

“တောင်ယာထဲ ရှောင်နေတဲ့လူလည်း ရှိတယ်။ လူအများကြီး ထွက်လာရင် နောက်ကနေ သေနတ်နဲ့ လိုက်ပစ်မှာလည်း စိုးရိမ်ရတယ်။ တစ်ယောက်စ နှစ်ယောက်စ ဖြတ်သွားရင်လည်း သေနတ်နဲ့ ပစ်ခံရတာ အဲ့တာမျိုး အကြောက်ဆုံးပဲ။ ရွာထဲလည်း ဘယ်သူမှ မဝင်ရဲတော့ဘူး၊ သူခိုးလို့ စွပ်စွဲပြီး သေနတ်နဲ့ ပစ်မှာလည်း ကြောက်တယ်၊ အဲ့တာ အရမ်းသတိထားရတယ်”ဟု အခြားစစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ထပ်လောင်းပြောဆိုသည်။

ထို့အပြင် အခြားဘေးလွတ်ရာသို့ တိမ်းရှောင်သွားကြသည့် စစ်ဘေးရှောင်များ၏ ပိုင်ဆိုင်မှုပစ္စည်းများလည်း TNLA မှ ရွှေ့ပြောင်းခိုင်းသည့် ချိုခမ်းဘုန်းကြီးကျောင်းတွင် ဆက်လက်ရှိနေခြင်းကြောင့် ၎င်းတို့ကိုပါ သယ်ထုတ်သွားနိုင်ရန် မဖြစ်နိုင်ဘဲ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၈ ရက်တွင် ၎င်းချိုခမ်းဘုန်းကြီးကျောင်းထဲတွင် ခိုလှုံနေသည့် အမျိုးသားတစ်ဦး စနိုက်ဘာပစ်ခတ်ခံရပြီး အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ရာ စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ မေလ ၁၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

နောင်ချိုမြို့နယ် ဆမ္မဆယ်နှင့် အုမ္မခါး ကျေးရွာအုပ်စုတို့တွင် TNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ အနီးကပ် စစ်ရေးတင်းမာနေပြီး လက်နက်ကြီးအပြင် ဒရုန်းများဖြင့် နှစ်ဘက်အပြန်အလှန် နေ့စဉ်ပစ်ခတ် တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...