TNLA ထိန်းချုပ် နောင်ချိုမြို့နယ် ချိုခမ်းဘုန်းကြီးကျောင်းထဲ စစ်ဘေးရှောင်တစ်ဦး စနိုက်ဘာပစ်ခံရပြီးသေဆုံး

သျှမ်းပြည် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲကျေးရွာတွင် စစ်ဘေးရှောင်အမျိုးသားတစ်ဦး စနိုက်ဘာသေနတ်ဖြင့် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မေလ ၁၈ ရက်) နံနက် ၁၀ နာရီခွဲကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲကျေးရွာရှိ ချိုခမ်းဘုန်းကြီးကျောင်းထဲသို့ ကျေးရွာအတွင်း ပြည်သူနေအိမ်ထဲ ပုန်းအောင်းနေသည့် လက်နက်ကိုင်တပ်ဖွဲ့ဝင်မှ စနိုက်ဘာဖြင့် ပစ်ခတ်ခဲ့ရာ စစ်ဘေးရှောင် အမျိုးသားတစ်ဦးကို ထိမှန်ခဲ့ကာ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

စစ်ဘေးရှောင် (၁၀၀) ကျော် ခိုလှုံနေသည့် ၎င်း ချိုခမ်းဘုန်းကြီးကျောင်းထဲ စနိုက်ဘာပစ်ခတ်ခံရပြီး သေဆုံးသွားသူမှာ တောင်ယာသွားရန် ထော်လာဂျီစက်နှိုးနေသည့် အသက် (၃၄) နှစ်အရွယ် စိုင်းအိုက်လျန် ဖြစ်ပြီး ရင်ဘတ်ထိမှန်ဒဏ်ရာဖြင့် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနက်ပိုင်း အုမ္မသီးလမ်းခွဲမှာ ချိုခမ်းဘုန်းကြီးကျောင်းထဲကို သေနတ်နဲ့ ပစ်တာ။ အိုက်လျန်က ထော်လာဂျီ စက်နှိုးပြီး လယ်သွားဖို့ လုပ်တဲ့အချိန် စနိုက်ဘာနဲ့ ပစ်ခံရတာ။ အရင်နေရာ ပုန်းနေတဲ့အိမ်ထဲကနေ ချိုခမ်းဘုန်းကြီးကျောင်းထဲကို ပစ်တာ၊ စစ်ဘေးရှောင်တွေ နေနေတာကို တမင်ပစ်တာ။ အဲ့နေရာမှာ ဗမာစစ်သား မရောက်သေးဘူး၊ TNLA ပဲ ရှိတာ”ဟု ဖြစ်စဉ်သိရှိသူ နောင်ချိုဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

၁၄ ရက်နေ့ မနက်ပိုင်းက စနိုက်ဘာပစ်ခံရပြီး သေဆုံးသူ

လက်ရှိတွင် ချိုခမ်းဘုန်းကြီးကျောင်း တည်ရှိရာ အုမ္မသီး လမ်းခွဲကျေးရွာအထိ TNLA တပ်ဖွဲ့ဝင်များ နေရာယူထားပြီး ၁ ဖာလုံကျော် ကွာဝေးသည့် အုမ္မသီးကျေးရွာတွင် စစ်ကောင်စီတပ်သားများ နေရာယူထားပြီး လက်နက်ကြီးအပြင် ဒရုန်းများဖြင့် နှစ်ဘက်အပြန်အလှန် နေ့စဉ်ပစ်ခတ် တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

TNLA ထိန်းချုပ် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲကျေးရွာရှိ စစ်ဘေးရှောင်များ ခိုလှုံရာ ချိုခမ်းဘုန်းကြီးကျောင်းထဲ စနိုက်ဘာပစ်ခတ်ခံရပြီး စစ်ဘေးရှောင်တစ်ဦး သေဆုံးမှုနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံ စာပို့မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

အလားတူ မေလ ၁၄ ရက် နံနက် ၉ နာရီကျော်တွင် နောင်ချိုမြို့နယ် ဆမ္မကျေးရွာအုပ်စု ရေမောင်းတန်းကျေးရွာတွင် လင်မယားနှစ်ဦးမှ ငှက်ပျောပင်ခုတ်ရန် နေအိမ်မှ ထွက်ခွာလာစဉ် နေအိမ်များထဲ ပုန်းအောင်းနေသည့် လက်နက်ကိုင်တပ်ဖွဲ့ဝင်မှ စနိုက်ဘာဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၅၅ နှစ်အရွယ် စိုင်းညွန့်၏ ရင်ဘတ်ထိမှန်၍ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ပုံစာ – မေလ ၁၀ ရက်တွင် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲကျေးရွာသို့ စစ်ကောင်စီမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် (ဓာတ်ပုံ -ဒေသခံ)

၎င်းနောက် စနိုက်ဘာပစ်ခတ်ခံရပြီး သေဆုံးသွားသည့် စိုင်းညွန့်၏ ရုပ်အလောင်းကို သယ်ဆောင်ရန် ရွာသားများမှ သွားရောက်စဉ် စနိုက်ဘာဖြင့် ထပ်မံပစ်ခတ်ခံရခြင်းကြောင့် အသက် (၅၈) နှစ်အရွယ် စိုင်းအေး လည်း ခြေထောက်တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး TNLA ထိန်းချုပ်နယ်မြေရှိ ဆေးရုံတစ်ခုတွင် ဆေးကုသမှု ခံယူနေကြောင်း ဖြစ်စဉ်တွင် ကိုယ်တိုင်ရှိနေသူ ဒေသခံအမျိုးသားတစ်ဦးမှ သျှမ်းသံတော်ဆင့်ကို ပြောသည်။

“TNLA စစ်သားတွေကတော့ အတက်အဆင်း လုပ်နေတာ ရှိတယ်။ အဲ့ဒါကြောင့် လယ်တောက တဲတွေထဲမှာ ရှောင်နေရတဲ့ လူကိုလည်း ပြောထားရတယ်၊ တောင်ယာသွားချိန် လယ်လုပ်ချိန် ပစ်ခံရမှာစိုးလို့ အသွားအလာ သတိထားဖို့။ အခု နှစ်ဘက်လုံးက ပြည်သူကို ပ စောက်ပုံစံ ဝိုင်းထားလို့ အန္တရာယ်များတယ်”ဟု နောင်ချိုဒေသခံ ၎င်းအမျိုးသားသ ဆက်ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁ ရက်တွင် ငလျင်ဒဏ်သင့် ပြည်သူများကို ကူညီရန် ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသည့် တရုတ်နိုင်ငံ ကြက်ခြေနီအသင်း၏ ကား ၉ စီးပါ ယာဉ်တန်းကို စစ်ကောင်စီတပ်ဘက်မှ နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာအနီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း TNLA ဘက်မှ ထုတ်ပြန်ခဲ့ရာ ယင်းနောက်တွင် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ဝန်ခံထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...