Wednesday, January 28, 2026

TNLA ထိန်းချုပ် နောင်ချိုမြို့နယ် ချိုခမ်းဘုန်းကြီးကျောင်းထဲ စစ်ဘေးရှောင်တစ်ဦး စနိုက်ဘာပစ်ခံရပြီးသေဆုံး

သျှမ်းပြည် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲကျေးရွာတွင် စစ်ဘေးရှောင်အမျိုးသားတစ်ဦး စနိုက်ဘာသေနတ်ဖြင့် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မေလ ၁၈ ရက်) နံနက် ၁၀ နာရီခွဲကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲကျေးရွာရှိ ချိုခမ်းဘုန်းကြီးကျောင်းထဲသို့ ကျေးရွာအတွင်း ပြည်သူနေအိမ်ထဲ ပုန်းအောင်းနေသည့် လက်နက်ကိုင်တပ်ဖွဲ့ဝင်မှ စနိုက်ဘာဖြင့် ပစ်ခတ်ခဲ့ရာ စစ်ဘေးရှောင် အမျိုးသားတစ်ဦးကို ထိမှန်ခဲ့ကာ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

စစ်ဘေးရှောင် (၁၀၀) ကျော် ခိုလှုံနေသည့် ၎င်း ချိုခမ်းဘုန်းကြီးကျောင်းထဲ စနိုက်ဘာပစ်ခတ်ခံရပြီး သေဆုံးသွားသူမှာ တောင်ယာသွားရန် ထော်လာဂျီစက်နှိုးနေသည့် အသက် (၃၄) နှစ်အရွယ် စိုင်းအိုက်လျန် ဖြစ်ပြီး ရင်ဘတ်ထိမှန်ဒဏ်ရာဖြင့် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနက်ပိုင်း အုမ္မသီးလမ်းခွဲမှာ ချိုခမ်းဘုန်းကြီးကျောင်းထဲကို သေနတ်နဲ့ ပစ်တာ။ အိုက်လျန်က ထော်လာဂျီ စက်နှိုးပြီး လယ်သွားဖို့ လုပ်တဲ့အချိန် စနိုက်ဘာနဲ့ ပစ်ခံရတာ။ အရင်နေရာ ပုန်းနေတဲ့အိမ်ထဲကနေ ချိုခမ်းဘုန်းကြီးကျောင်းထဲကို ပစ်တာ၊ စစ်ဘေးရှောင်တွေ နေနေတာကို တမင်ပစ်တာ။ အဲ့နေရာမှာ ဗမာစစ်သား မရောက်သေးဘူး၊ TNLA ပဲ ရှိတာ”ဟု ဖြစ်စဉ်သိရှိသူ နောင်ချိုဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

၁၄ ရက်နေ့ မနက်ပိုင်းက စနိုက်ဘာပစ်ခံရပြီး သေဆုံးသူ

လက်ရှိတွင် ချိုခမ်းဘုန်းကြီးကျောင်း တည်ရှိရာ အုမ္မသီး လမ်းခွဲကျေးရွာအထိ TNLA တပ်ဖွဲ့ဝင်များ နေရာယူထားပြီး ၁ ဖာလုံကျော် ကွာဝေးသည့် အုမ္မသီးကျေးရွာတွင် စစ်ကောင်စီတပ်သားများ နေရာယူထားပြီး လက်နက်ကြီးအပြင် ဒရုန်းများဖြင့် နှစ်ဘက်အပြန်အလှန် နေ့စဉ်ပစ်ခတ် တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

TNLA ထိန်းချုပ် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲကျေးရွာရှိ စစ်ဘေးရှောင်များ ခိုလှုံရာ ချိုခမ်းဘုန်းကြီးကျောင်းထဲ စနိုက်ဘာပစ်ခတ်ခံရပြီး စစ်ဘေးရှောင်တစ်ဦး သေဆုံးမှုနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံ စာပို့မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

အလားတူ မေလ ၁၄ ရက် နံနက် ၉ နာရီကျော်တွင် နောင်ချိုမြို့နယ် ဆမ္မကျေးရွာအုပ်စု ရေမောင်းတန်းကျေးရွာတွင် လင်မယားနှစ်ဦးမှ ငှက်ပျောပင်ခုတ်ရန် နေအိမ်မှ ထွက်ခွာလာစဉ် နေအိမ်များထဲ ပုန်းအောင်းနေသည့် လက်နက်ကိုင်တပ်ဖွဲ့ဝင်မှ စနိုက်ဘာဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၅၅ နှစ်အရွယ် စိုင်းညွန့်၏ ရင်ဘတ်ထိမှန်၍ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ပုံစာ – မေလ ၁၀ ရက်တွင် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲကျေးရွာသို့ စစ်ကောင်စီမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် (ဓာတ်ပုံ -ဒေသခံ)

၎င်းနောက် စနိုက်ဘာပစ်ခတ်ခံရပြီး သေဆုံးသွားသည့် စိုင်းညွန့်၏ ရုပ်အလောင်းကို သယ်ဆောင်ရန် ရွာသားများမှ သွားရောက်စဉ် စနိုက်ဘာဖြင့် ထပ်မံပစ်ခတ်ခံရခြင်းကြောင့် အသက် (၅၈) နှစ်အရွယ် စိုင်းအေး လည်း ခြေထောက်တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး TNLA ထိန်းချုပ်နယ်မြေရှိ ဆေးရုံတစ်ခုတွင် ဆေးကုသမှု ခံယူနေကြောင်း ဖြစ်စဉ်တွင် ကိုယ်တိုင်ရှိနေသူ ဒေသခံအမျိုးသားတစ်ဦးမှ သျှမ်းသံတော်ဆင့်ကို ပြောသည်။

“TNLA စစ်သားတွေကတော့ အတက်အဆင်း လုပ်နေတာ ရှိတယ်။ အဲ့ဒါကြောင့် လယ်တောက တဲတွေထဲမှာ ရှောင်နေရတဲ့ လူကိုလည်း ပြောထားရတယ်၊ တောင်ယာသွားချိန် လယ်လုပ်ချိန် ပစ်ခံရမှာစိုးလို့ အသွားအလာ သတိထားဖို့။ အခု နှစ်ဘက်လုံးက ပြည်သူကို ပ စောက်ပုံစံ ဝိုင်းထားလို့ အန္တရာယ်များတယ်”ဟု နောင်ချိုဒေသခံ ၎င်းအမျိုးသားသ ဆက်ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁ ရက်တွင် ငလျင်ဒဏ်သင့် ပြည်သူများကို ကူညီရန် ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသည့် တရုတ်နိုင်ငံ ကြက်ခြေနီအသင်း၏ ကား ၉ စီးပါ ယာဉ်တန်းကို စစ်ကောင်စီတပ်ဘက်မှ နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာအနီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း TNLA ဘက်မှ ထုတ်ပြန်ခဲ့ရာ ယင်းနောက်တွင် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ဝန်ခံထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...