SSPP/SSA
ဆက်ကြေးကောက်ခံမှုတွေ့ရှိက ဆက်ဆံရေးရုံးပိတ်ခံမည်ဟု SSPP/SSA အား လားရှိုးစစ်တိုင်းရုံးခြိမ်းခြောက်
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း ရှိဆေးခန်းတခုအား ဆက်ကြေးပေးဆောင်ရန် SSPP/SSA ဖုန်းဆက်ဆင့်ခေါ် မှု ပြုသည်ဟု လားရှိုး ရမခတိုင်းက စွပ်စွဲပြောဆိုကာ ထိုသို့ ထပ်မံပြုလုပ်ပါက ဆက်ဆံရေးရုံး ပိတ်ပင်ခြင်းခံရမည်ဟု SSPP/SSA ဆက်ဆံရေးတာဝန်ခံအား စစ်တိုင်းရုံးက ဆင့်ခေါ်ပြောကြားသည်ဟု သိရသည်။ ၂၀၁၈ သြဂုတ်လ ၅ ရက်နေ့ ည...
SSPP/SSA ဌာနချုပ် ဝမ့်ဟိုင်းတွင် ကျပ်သိန်းပေါင်း ၁ သောင်းကျော်တန်ဖိုးရှိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးသည့်အခမ်းအနား ကျင်းပပြုလုပ်
သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် စိုက်ရာ ကျေးသီးမြို့နယ် ဝမ့်ဟိုင်းတွင်လည်း မူးယစ်ဆေးဝါးတန်ဖိုးကျပ်သိန်းပေါင်း ၁ သောင်းထက်မနည်း မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားပြုလုပ်ခဲ့ကြောင်းသိရသည်။ ဇွန်လ ၂၆ ရက်နေ့ ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့တွင် ၂၀၁၈ ခုနှစ်အတွင်း SSPP/SSA မှဖမ်းဆီးရမိခဲ့သော ယာဘအပြားပေါင်း ၅ သိန်းကျော်နှင့် ဘိန်းဖြူ ၊ ဘိန်းမဲ၊...
မိုင်းရှူးမြို့နယ်အတွင်း SSPP/SSA တပ်စခန်းကို အစိုးရတပ်မတော် တက်တိုက်
SHAN -
သျှမ်းပြည်တောင်ပိုင်း လွိုယ်လင်ခရိုင် မိုင်းရှူးမြို့နယ် အတွင်းရှိ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းတခုကို အင်အား ၁၀၀ ခန့်ရှိ အစိုးရတပ်မတော် စစ်ကြောင်းတခုက ယနေ့ မေ ၁၁ ရက် ၂၀၁၈ ခု နံနက်ပိုင်းက တက်တိုက်သဖြင့် ၂ ဖက်ကြား တိုက်ပွဲဖြစ်ပွားသည်ဟုသိရသည်။ အစိုးရတပ်မတော်...
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် TNLA နဲ့ SSPP အကြားစစ်ရေးဆက်လက်တင်းမာနေ
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းရင် ကျေးရွာ အုပ်စု တွင် SSPP ယာယီတပ်စခန်းအား TNLA အင်အားသုံးဝင်ရောက်တိုက်ခိုက်သည့်နေ့မှ စ၍ ယနေ့ ရ၊၅၊၂၀၁၈ အထိ စစ်ရေးတင်းမာနေသည်ဟု သိရသည်။ တိုက်ပွဲဖြစ်ပွားသည့် မေလ ၄ ရက်နေ့စ၍ SSPP ဘက် စစ်အင်အားထပ်မံဖြည့်တင်းသကဲ့သို့ TNLA ဘက်မှ...
SSPP တပ်စခန်းကို TNLA တက်တိုက် အစိုးရတပ်မတော်စစ်ကြောင်းအင်အားဖြည့်စောင့်ကြည့်
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းယင်ကျေးရွာအုပ်စုအတွင်းရှိ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တပ်စခန်းတခု ကို တအာင်းပလောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA မှ ၀င်ရောက်တိုက် ခိုက်စဉ် အစိုးရတပ်မတော် မှ စစ်ရေးအသင့်ပြင်စောင့်ဆိုင်းထားကြောင်းသိရသည်။ နမ္မတူမြို့နယ် မိုင်းယင် ကျေးရွာအုပ်စု(ရွာမ) အရှေ့မြောက်ဘက်ရှိ ၀မ့်ဆာအွန် ရှိ သျှမ်းပြည်တိုးတက်ရေး ပါတီ SSPP/SSA ယာယီတပ်စခန်းအား...
ဝမ့်ဟိုင်းဌာနချုပ်သို့ ငြိမ်းချမ်းရေးကော်မရှင် PC ရောက်ရှိစဉ် SSPP/SSA ၏ လွယ်ရင်ယာယီတပ်စခန်းအား အစိုးရတပ်မတော်တိုက်ခိုက်
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းရှိ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ လွယ်ရင်တပ်စခန်းအား အစိုးရတပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွါးခဲ့သည်။ မေလ ၂ ရက်နေ့ မနက် ၁၁ နာရီအချိန်တွင် အစိုးရတပ်မတော်၏ တပ်မမ ၇၇ လက်အောက်ခံ အင်အား ၃၀၀ ခန့်က လွယ်ရင်တောင်ပေါ်ရှိ SSPP/SSA...
ငြိမ်းချမ်းရေးတွင် အားလုံးပါ၀င်ခွင့်ရဖို့ SSPP တောင်းဆို
SHAN -
ငြိမ်းချမ်းရေးတွင် ပါ၀င်သင့်ပါ၀င်ထိုက်သူများ အားလုံးပါ၀င်ခွင့်ရရှိရေးအတွက် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA က ဦးသိန်းဇော်ဦးဆောင်သည့် နေပြည်တော် ငြိမ်းချမ်းရေးကော်မရှင် PC နှင့်ဆွေးနွေးစဉ် ပြောဆို လိုက်ကြောင်းသိရသည်။ ငြိမ်းချမ်းရေးကော်မရှင် PC ၏ ဒုတိယ ဥက္ကဌ ဦးသိန်းဇော် နှင့် အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)...
SSPP/SSA ခေါင်းဆောင်များအား ဦးသိန်းဇော် ဦးဆောင်သည့် ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့သွားရောက်ဆွေးနွေး
ငြိမ်းချမ်းရေးကော်မရှင် ဒုတိယ ဥက္ကဌ ဦးသိန်းဇော် နှင့် ဒုတိယ ဗိုလ်ချုပ်ြကီး ခင်ဇော်ဦး(ငြိမ်း) ဦးဆောင်သည့် ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ ဝမ့်ဟိုင်းဌာနချုပ်သို့ရောက်ရှိကာ SSPP/SSA ခေါင်းဆောင်များနှင့်တွေ့ဆုံကြောင်းကြားသိရသည်။ မေလ ၁ ရက်နေ့ ယနေ့မနက်ပိုင်း ဦးသိန်းဇော်နှင့်အဖွဲ့အား သျှမ်းပြည်တပ်မတော် SSPP/SSA ဒုတိယ ဉက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး...





