RCSS/SSA မှထုတ်ပယ်ထားသည့် အမှတ်၇၀၁ စစ်ဒေသမှူး SSPP/SSA နှင့်ပူးပေါင်း

တရုတ်-မြန်မာနယ်စပ်ရွှေလီမြစ်ဝှမ်းဒေသတွင် အခြေစိုက်လှုပ်ရှားသည့် တပ်မဟာ ၇၀၁ ၏ ယခင်က တပ်မဟာမှူး ဒု ဗိုလ်မှူးကြီး စွမ်မိန်းသည် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့်ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်လိုက်သည်။

Photo by SSPP/SSA – SSPP/SSA နှင့်ပူးပေါင်းသည့် တပ်မဟာ ရ၀၁ ၏ ယခင်က တပ်မဟာမှူး ဒု ဗိုလ်မှူးကြီး စွမ်မိန်း

စက်တင်ဘာလ ၃၀ ရက်နေ့ရက်စွဲဖြင့် အမှတ် ၇၀၁ စစ်ဒေသမှူးဟောင်း ဒု ဗိုလ်မှူးကြီး စွမ်မိန်း လက်မှတ် ရေးထိုးကာ “ သျှမ်းပြည်အမျိုးသားရေးအတွက် အကောင်းဆုံးဖြစ်အောင်ပြုလုပ်ချိန်တန်ပြီဖြစ်လို့ ၊ တယောက်နဲ့တယောက် ပြစ်တင်ပြောဆိုမှုတွေပြောနေဖို့မလိုတော့ဘူး။ ဒါကြောင့် ကျနော် တပ်မဟာ ၇၀၁ ကိုဦးဆောင်တဲ့ ဒုဗိုလ်မှူးကြီး စွမ်မိန်း အနေနဲ့ စဝ်ပန်ဖှ ဦးဆောင်တဲ့ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်ထံ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း ကြေငြာချက် လိုက်ပါတယ် ”- ဟု တစောင် ထုတ်ပြန်ခဲ့သည်။

၄င်းအနေဖြင့် SSPP/SSA မူဝါဒကိုလက်ခံကြောင်း၊ ထို့အတွက် ၇၀၁ တပ်မဟာရှိ ကေဒါတပ်သားများအား လုံးကိုလည်း လာရောက်ပူးပေါင်းရန် တိုက်တွန်းကြောင်း၊ အမျိုးသားရေးလုပ်ငန်းစဉ် အပေါ် နားလည် သဘောပေါက်စေလိုကြောင်း ကြေငြာချက်တွင်ရေးသားဖော်ပြထားသည်။

အမှတ် ၇၀၁ စစ်ဒေသသည် RCSS/SSA ၏ စစ်ဒေသတခုဖြစ်သည်။ ၂၀၁၅ ခုနှစ်အထိ ဒု ဗိုလ်မှူးကြီး စွမ်မိန်း က ဦးဆောင်ခဲ့သည်။ ထိုနောက်ပိုင်း ဒု ဗိုလ်မှူးကြီး စွမ်မိန်း အား RCSS/SSA မှ အလုပ်မှထုတ်ပယ်ရပ်နားထားခိုင်းလိုက်သည်။

“အမှတ် ၇၀၁ စစ်ဒေသမှူး ဒု ဗိုလ်မှူးကြီး စွမ်မိန်း မှလက်မှတ်ရေးထိုးထားသည့်ကြေငြာချက်နှင့်ပတ်သက်ပြီး RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းဦးက – စဝ်စွမ်မိန်းက အလုပ်ကနားထားတာ ၅ နှစ် ၆ နှစ်ရှိပြီ။ အခု SSPP/SSA နဲ့ပူးပေါင်းလာတယ်ဆိုတာ သူ့ပုဂ္ဂိုလ်ရေးအရ တဦးတည်းအနေနဲ့ဘဲ လာပြီးပူးပေါင်းလာတာနေပါမယ်။ အခုက တပ်မဟာ ၇၀၁ ခေါင်းဆောင်က သူ မဟုတ်တော့ဘူးလေ။ တခြားတယောက်ဖြစ်သွားပြီကော် ” – ဟု သျှမ်းသံတော်ဆင့်အားအတည်ပြုပြောဆိုသည်။

လက်ရှိတွင် တပ်မဟာ ၇၀၁ သည် တရုတ်မြန်မာနယ်စပ်တလျှောက်တွင် လှုပ်ရှားသွားလာနေကြောင်းလည်း သိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

0
ဖုန်တထောင်းထောင်း ထနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ မြေသားလမ်းပေါ်ရှိ ထိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှေ့တွင် စာရေးသူတို့ စီးနင်းလာသောကား ရုတ်တရက် ရပ်တန့်သွားသည်။ “အားလုံး ကားပေါ်က ဆင်းပေးကြပါ” ဟူသော ထိုင်းဘာသာစကားဖြင့် ပြောသည့် ညွှန်ကြားသံနှင့်အတူ ခရီးသည်အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရသည်။ စစ်ယူနီဖောင်းဝတ် ထိုင်းစစ်သားများကို ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ ကားပေါ်ပါလာသည့် ခရီးသည်များ၏...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...