Tuesday, January 27, 2026

RCSS/SSA မှထုတ်ပယ်ထားသည့် အမှတ်၇၀၁ စစ်ဒေသမှူး SSPP/SSA နှင့်ပူးပေါင်း

တရုတ်-မြန်မာနယ်စပ်ရွှေလီမြစ်ဝှမ်းဒေသတွင် အခြေစိုက်လှုပ်ရှားသည့် တပ်မဟာ ၇၀၁ ၏ ယခင်က တပ်မဟာမှူး ဒု ဗိုလ်မှူးကြီး စွမ်မိန်းသည် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့်ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်လိုက်သည်။

Photo by SSPP/SSA – SSPP/SSA နှင့်ပူးပေါင်းသည့် တပ်မဟာ ရ၀၁ ၏ ယခင်က တပ်မဟာမှူး ဒု ဗိုလ်မှူးကြီး စွမ်မိန်း

စက်တင်ဘာလ ၃၀ ရက်နေ့ရက်စွဲဖြင့် အမှတ် ၇၀၁ စစ်ဒေသမှူးဟောင်း ဒု ဗိုလ်မှူးကြီး စွမ်မိန်း လက်မှတ် ရေးထိုးကာ “ သျှမ်းပြည်အမျိုးသားရေးအတွက် အကောင်းဆုံးဖြစ်အောင်ပြုလုပ်ချိန်တန်ပြီဖြစ်လို့ ၊ တယောက်နဲ့တယောက် ပြစ်တင်ပြောဆိုမှုတွေပြောနေဖို့မလိုတော့ဘူး။ ဒါကြောင့် ကျနော် တပ်မဟာ ၇၀၁ ကိုဦးဆောင်တဲ့ ဒုဗိုလ်မှူးကြီး စွမ်မိန်း အနေနဲ့ စဝ်ပန်ဖှ ဦးဆောင်တဲ့ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်ထံ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း ကြေငြာချက် လိုက်ပါတယ် ”- ဟု တစောင် ထုတ်ပြန်ခဲ့သည်။

၄င်းအနေဖြင့် SSPP/SSA မူဝါဒကိုလက်ခံကြောင်း၊ ထို့အတွက် ၇၀၁ တပ်မဟာရှိ ကေဒါတပ်သားများအား လုံးကိုလည်း လာရောက်ပူးပေါင်းရန် တိုက်တွန်းကြောင်း၊ အမျိုးသားရေးလုပ်ငန်းစဉ် အပေါ် နားလည် သဘောပေါက်စေလိုကြောင်း ကြေငြာချက်တွင်ရေးသားဖော်ပြထားသည်။

အမှတ် ၇၀၁ စစ်ဒေသသည် RCSS/SSA ၏ စစ်ဒေသတခုဖြစ်သည်။ ၂၀၁၅ ခုနှစ်အထိ ဒု ဗိုလ်မှူးကြီး စွမ်မိန်း က ဦးဆောင်ခဲ့သည်။ ထိုနောက်ပိုင်း ဒု ဗိုလ်မှူးကြီး စွမ်မိန်း အား RCSS/SSA မှ အလုပ်မှထုတ်ပယ်ရပ်နားထားခိုင်းလိုက်သည်။

“အမှတ် ၇၀၁ စစ်ဒေသမှူး ဒု ဗိုလ်မှူးကြီး စွမ်မိန်း မှလက်မှတ်ရေးထိုးထားသည့်ကြေငြာချက်နှင့်ပတ်သက်ပြီး RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းဦးက – စဝ်စွမ်မိန်းက အလုပ်ကနားထားတာ ၅ နှစ် ၆ နှစ်ရှိပြီ။ အခု SSPP/SSA နဲ့ပူးပေါင်းလာတယ်ဆိုတာ သူ့ပုဂ္ဂိုလ်ရေးအရ တဦးတည်းအနေနဲ့ဘဲ လာပြီးပူးပေါင်းလာတာနေပါမယ်။ အခုက တပ်မဟာ ၇၀၁ ခေါင်းဆောင်က သူ မဟုတ်တော့ဘူးလေ။ တခြားတယောက်ဖြစ်သွားပြီကော် ” – ဟု သျှမ်းသံတော်ဆင့်အားအတည်ပြုပြောဆိုသည်။

လက်ရှိတွင် တပ်မဟာ ၇၀၁ သည် တရုတ်မြန်မာနယ်စပ်တလျှောက်တွင် လှုပ်ရှားသွားလာနေကြောင်းလည်း သိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...
TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...
SAC Arrested 3 SSPP in Namlan

သီပေါ ကျားဖြန့်ကိစ္စ တရုတ်နိုင်ငံသား ၅ ဦးနှင့် SSPP တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးဟု စစ်ကော်မရှင်ထုတ်ပြန်

0
သျှမ်းပြည် သီပေါမြို့နယ် နမ့်လန်မြို့အနီးတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၅) ဦးနှင့်အတူ SSPP တပ်ဖွဲ့ဝင် ၃ ဦးတို့ကို လက်နက်နှင့်အကွ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) နံနက်ပိုင်း ၉ နာရီကျော်တွင် သီပေါမြို့နယ် နမ့်လန်မြို့အထွက်...

SSPP/SSA ထိန်းချုပ်နယ်မြေ KTV ပိတ်ရန် ညွှန်ကြားသော်လည်း ဆက်လက်ဖွင့်နေဆဲ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA) ထိန်းချုပ်နယ်မြေအတွင်းရှိ ကေတီဗွီ KTV ဆိုင်များကို ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး ပိတ်သိမ်းရန် အမိန့်စာ ထုတ်ပြန်ခဲ့သော်လည်း ဆက်လက်ဖွင့်လှစ်နေကြောင်း သတင်းရရှိသည်။ SSPP/SSA တပ်ဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာ (၂၆)ရက်တွင် ၎င်းတို့ထိန်းချုပ်သည့် နယ်မြေအတွင်း လူမှုစာရိတ္တပျက်ပြားခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ အလုပ်အကိုင် ပျက်ခြင်း...

ကျောက်မဲမြို့နယ် SSPP တပ်စခန်းအနီး စစ်ကော်မရှင်တပ် ထိုးစစ်ဆင်၊ တိုက်ပွဲပြင်းထန်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းအနီး စစ်ကော်မရှင်တပ် မြေပြင် ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။