မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် TNLA နဲ့ SSPP အကြားစစ်ရေးဆက်လက်တင်းမာနေ  

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းရင် ကျေးရွာ အုပ်စု တွင် SSPP ယာယီတပ်စခန်းအား TNLA အင်အားသုံးဝင်ရောက်တိုက်ခိုက်သည့်နေ့မှ စ၍ ယနေ့ ရ၊၅၊၂၀၁၈ အထိ စစ်ရေးတင်းမာနေသည်ဟု သိရသည်။


တိုက်ပွဲဖြစ်ပွားသည့် မေလ ၄ ရက်နေ့စ၍ SSPP ဘက် စစ်အင်အားထပ်မံဖြည့်တင်းသကဲ့သို့ TNLA ဘက်မှ လည်း စစ်အင်အား စစ်ကြောင်းသုံးကြောင်း ထပ်မံဖြည့်တင်းနေကြောင်း၊ နှစ်ဘက်ဖြစ်ပွားသော တိုက်ပွဲများကြောင့် ဒေသခံ ၅၀၀ ကျော် နေရပ်မှ စွန့်ခွါနေရကြောင်း ကြားသိရသည်။

“ကျနော်တို့က တိုက်ပွဲမဖြစ်ချင်ဘူး။ ကျနော်တို့တော်တော်သီးခံလာခဲ့တယ်။ အဲဒီ့ဒေသ ထဲမှာ ရှိတဲ့ ကျနော်တို့ တပ်စခန်းကို ဒီဇင်ဘာက တကြိမ်၊ အခု တကြိမ် လာတိုက်တယ်။ သူတို့ဘက်လဲ စစ်အင်အားဖြည့်တယ်ကြား တယ်။ ကျနော်တို့လဲ ထပ်ဖြည့်ထားတယ်။” – ဟု SSPP ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆု က ပြောသည်။

မေလ ရ ရက် ယနေ့တွင်မူ တိုက်ပွဲဖြစ်ပွားသည့်သတင်းတော့မကြားရသေးကြောင်း၊ ဘုန်းကြီးကျောင်းသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များအား ကူညီထောက်ပံ့နိုင်ရေးအတွက် အဓိကလုပ်ဆောင်နေရကြောင်း နမ္မတူမြို့နယ်အတွင်း လူမှုကူညီရေးအဖွဲ့ မှ ဆရာစိုင်းဘဉာဏ်ကပြောသည်။

အဆိုပါတိုက်ပွဲဲနှင့် ပတ်သက်၍ TNLA ပြောခွင့်ရ ဗိုလ်မှူး မိုင်းအိုက်ကျော် က – ’’တိုက်ပွဲဖြစ်သွားတာက အဲဒီ ဘက်က ဒေသခံတွေက ပြော တယ်။ ကျနော်တို့က လိုက်မေး ကြည့်တော့ အောက်ခြေမှာက သတင်းက တက်လာတာတော့မ ရှိသေးဘူး။ တိုက်ပွဲမဖြစ်အောင် ကျနော်တို့အဖွဲ့က ဘယ်လိုလှုပ်ရှား မှုရှိတယ်။ သူတို့အဖွဲ့က ဘယ်လို မျိုးလှုပ်ရှားမှုရှိတယ်။ ဒီအောက် ခြေမှာလည်း တပ်အချင်းချင်း ဆက်သွယ်မှုရှိတယ်။ နှစ်ဖက်ထိ တွေ့မှု၊ မှားယွင်းမှုမဖြစ်အောင် အမြဲမပြတ် ကျနော်တို့ကတော့ ဆက်သွယ်မှုရှိတယ်’’ ဟု 7daydaily.com သတင်းဌာနသို့ ပြောဆိုထားသည်ကိုတွေ့ရှိရသည်။

မေလ ၄ ရက်နေ့ နံနက် ၉ နာရီ မှ မွန်းလွဲပိုင်း ၂ နာရီကျော်အချိန်တွင်တကြိမ်၊ မေလ ၅ ရက်နေ့တွင်တကြိမ် မေလ ၆ ရက်နေ့ မှ ယနေ့ အထိ တိုက်ပွဲ ဖြစ်ပွားမှုမရှိသော်လည်း နှစ်ဘက်စစ်အင်အားအပြိုင်ဖြည့်တင်း နေကြောင်း SSPP ဘက်က ပြော သည်။

မဟာမိတ်တပ်ဖွဲ့ဝင် နှစ်ဖွဲ့ကြားဖြစ်ပွားသော တိုက်ပွဲကြောင့် လူ ၆ ယောက်ထက်မနည်းသေဆုံးကြောင်း၊ SSPP ဘက်တွင် တဦးကျဆုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း၊ TNLA ဘက်တွက် ၆ ယောက်ထက် မနည်း သေကြေဒဏ်ရာရရှိကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းအသီးသီးက ပြောသော်လည်း သီးခြား အတည်ပြုချက် မရရှိပေ။

TNLA နှင့် SSPP တို့သည် ၀ တပ်ဖွဲ့ ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ရ ဖွဲ့တွင်ပါ၀င်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...