ငြိမ်းချမ်းရေးတွင် အားလုံးပါ၀င်ခွင့်ရဖို့ SSPP တောင်းဆို

ငြိမ်းချမ်းရေးတွင် ပါ၀င်သင့်ပါ၀င်ထိုက်သူများ အားလုံးပါ၀င်ခွင့်ရရှိရေးအတွက် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA က ဦးသိန်းဇော်ဦးဆောင်သည့် နေပြည်တော် ငြိမ်းချမ်းရေးကော်မရှင် PC နှင့်ဆွေးနွေးစဉ် ပြောဆို လိုက်ကြောင်းသိရသည်။

၀မ့်ဟိုင်းဌာနချုပ်တွင်ကျင်းပသော တွေ့ဆုံဆွေးနွေးမှုအပြီး ငြိမ်းချမ်းရေးကော်မရှင်PC နှင့် သျှမ်းပြည်တိုးတက်ရေးပါတီမှကိုယ်စားလှယ်များစုပေါင်းဓါတ်ပုံရိုက်ကြစဉ်

ငြိမ်းချမ်းရေးကော်မရှင် PC ၏ ဒုတိယ ဥက္ကဌ ဦးသိန်းဇော် နှင့် အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) ဦးဆောင်သည့် အဖွဲ့ သည် ငြိမ်းချမ်းရေး နှင် ့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ၀မ့်ဟိုင်း ဌာနချုပ်သို့ တည အိပ်ခရီးဖြင့် မေလ ၁ ရက်နေ့ကရောက်ရှိကာ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ကြသည်။

“တွေ့ဆုံမှု က အပြုသဘောဆောင်ပါတယ်။ အဓိက ကတော့ ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆွေးနွေးကြတယ်။ ငြိမ်းချမ်းရေး ကိစ္စ မှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေးပြသနာတွေကို စစ်ရေးနည်းနဲ့ မဖြေရှင်း နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ သွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာလဲ အားလုံးပါ၀င်ဖို့ပေါ့ ။ နောက်လူထုကို ကျေးဇူးဆပ်နိုင်ဖို့ ဖွံ့ဖြိုးရေးလုပ်ငန်းမှာ ပါ၀င်ကူညီဖို့ ဖြစ်တယ်။ မကြာမကြာတွေ့ဆုံနိုင်ဖို့လဲ နှစ်ဘက်သဘောထားရှိကြတယ်”- ဟု ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆု ကပြောသည်။

၀မ့်ဟိုင်းဌာနချုပ်သို့ ရောက်ရှိသည့် ဦးသိန်းဇော် နှင့် အဖွဲ့သည် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ခေါင်းဆောင်များနှင့်ဆွေးနွေးပြီး ၀မ့်ဟိုင်းတွင် တည အိပ်ကာ မေလ ၂ ရက်နေ့ နံနက်ပိုင်း တွင် ၀မ့်ဟိုင်းဌာန ချုပ်မှ လားရှိုးမြို့သို့ ပြန်လည်ထွက်ခွါသွားကြောင်း ကြားသိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ကျားဖြူပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း ၊ ဒုတိယ ဥက္ကဌ (၁) ဦးစိုင်းဆောင်ဆီ နှင် ့ ဒုတိယ ဥက္ကဌ (၂) ဦးစိုင်းလှကျော်တို့က အကျိုးတော်ဆောင်အနေဖြင့်ပါ၀င်ကြောင်း၊ ဦးစိုင်းအိုက်ပေါင်း အနေ ဖြင့်လည်း ‘NCA လမ်းကြောင်းဖြစ်မြောက်အောင်မြင်ရေးအတွက် ယုံကြည်မှုတည်ဆောက်နိုင်ရန် သျှမ်းပြည်တိုး တက် ရေးပါတီ၏ တောင်းဆိုချက်များအား ငြိမ်းချမ်းရေးကော်မရှင် PC အနေဖြင့် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေး ရန်’ လည်း အစည်းအဝေးတွင် ဦးသိန်းဇော်ထံ တိုက်တွန်းးပြောဆိုသည်ဟု ဆိုသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA သည် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်းရေးဆွဲစဉ် ညီညွှတ်သောတိုင်းရင်းသားလူမျိုးများကောင်စီ မှတဆင့် ပါ၀င်ရေးဆွဲခဲ့သည့်အားလျော်စွာ လက်ရှိတွင်လည်း သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA အနေဖြင့် NCA အား ဆန့်ကျင်ကန့်ကွက်ရန် သဘောထားမရှိ ဟုဆိုပါသည်။

သို့သော် ၄င်းသည် NCA လမ်းကြောင်း လက်မခံသည့် မြောက်ပိုင်းမဟာမိတ် အဖွဲ့ အတွင် ပါ၀င်သည်။ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်များဖြစ်ကြသည့်တအာင်း(ပလောင်) TNLA ၊ ကိုးကန့် MNDAA တို့ အား အစိုးရ နှင် ့တပ်မတော် က လက်မခံပေ။ ထို့ကြောင့် ငြိမ်းချမ်းရေးတွင် အားလုံးပါ၀င်ခွင့်ရရေးအတွက် SSPP/SSA မှ တောင်းဆိုခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

မိုင်းရယ် တောင်ယာထဲ ကျားဖြန့်လုပ်ကိုင်သူများ ပုန်းအောင်းနေခြင်းကြောင့် ဒေသခံစိုးရိမ်ထိတ်လန့်

0
သျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာများတွင် အွန်လိုင်းငွေလိမ် ( ကျားဖြန့်)လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ တတိယပတ်မှ စတင်ပြီး မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာတဲများသို့ သီပေါမြို့နယ် မန်မော်ကျေးရွာအုပ်စုဘက်မှ ထွက်ပြေးလာသည့် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေးနှင့်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...