SSPP/SSA ဌာနချုပ် ဝမ့်ဟိုင်းတွင် ကျပ်သိန်းပေါင်း ၁ သောင်းကျော်တန်ဖိုးရှိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးသည့်အခမ်းအနား ကျင်းပပြုလုပ်

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် စိုက်ရာ ကျေးသီးမြို့နယ် ဝမ့်ဟိုင်းတွင်လည်း မူးယစ်ဆေးဝါးတန်ဖိုးကျပ်သိန်းပေါင်း ၁ သောင်းထက်မနည်း မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားပြုလုပ်ခဲ့ကြောင်းသိရသည်။

ဇွန်လ ၂၆ ရက်နေ့ ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့တွင် ၂၀၁၈ ခုနှစ်အတွင်း  SSPP/SSA မှဖမ်းဆီးရမိခဲ့သော ယာဘအပြားပေါင်း ၅ သိန်းကျော်နှင့် ဘိန်းဖြူ ၊ ဘိန်းမဲ၊ ကိုးကင်း အစရှိမူးယစ်ဆေးဝါး စုစုပေါင်းကာလတန်ဖိုး ကျပ်ငွေသိန်းပေါင်း ၁ သောင်းထက်မနည်း မီးရှို့ဖျက်ဆီးခြင်းအခမ်းအနား ပြုလုပ်ခဲ့သည်။

SSPP/SSA ဒုတိယဥက္ကဌ ဗိုလ်ချုပ်ခွန်ဆိုင်က အခမ်းအနားဖွင့်လှစ်ခြင်း အမှာစကားပြောကြားရာတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ထိုင်းနိုင်ငံမှ ဆီးစစ်ကိရိယာ ထောင်ချီကိုဝယ်ယူကာ မူးယစ်ဆေးဝါးသုံးစွဲသူများအား စစ်ဆေးဖမ်းဆီးပြီးအကျင့် စာရိတ္တပြုပြင်ပေးခဲ့ကြောင်းပြောဆိုသည် ။

ထို့အပြင် အတွင်းရေးမှူး ၂ ဒု ဗိုလ်မှူးကြီးစိုင်းဆုက SSPP/SSA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းစဉ် များနှင့် ဖမ်းဆီးရမိသောမူးယစ်ဆေးဝါးများ နှင့်ပတ်သက်ပြီးရှင်းလင်းပြောကြား ခဲ့သည်။

“ဒီမူးယစ်ဆေးတွေဟာ ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်းဖမ်းမိတဲ့ မူးယစ်ဆေးတွေဖြစ်ပါတယ်။ ဒီတနှစ်အတွင်း မူးယစ်မှုပေါင်း ၃၃၂ ကျော် ကနေဖမ်းဆီးရမိတဲ့ ဆေးဝါးတွေဖြစ်တယ်။ ဘိန်းဖြူ  ၊ ဘိန်းမဲ ပိသာ ၂၀ ကျော်တယ်။ ယာဘက အပြားပေါင်း ၅ သိန်းကျော်တယ်။  ကာလတန်ဖိုး တွက် မယ်ဆိုရင်တော့ ကျပ်သိန်းပေါင်း ၁ သောင်းထက်မနည်းဘူးလို့ခန့်မှန်းရပါတယ်။ အခမ်းအနားတက်ရောက်သူ လူထုနဲ့ ကေဒါတပ်သား စုစုပေါင်း ၂၀၀၀ ကျော်ရှိပါတယ် ”- ဟု ဒု ဗိုလ်မှူးကြီးစိုင်းဆုကပြောသည်။

မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများလျော့ကျစေရေးအတွက်ရည်ရွယ်ကြောင်း၊ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများကို လူထုထံပြန်လည်ရောက်ရှိမသွားစေရန်ရည်ရွယ်ကြောင်း ဗိုလ်မှူးကြီးစိုင်းဆု ကပြောသည်။

 

“မူးယစ်ဆေးဝါး သုံးစွဲသူတွေဟာ မိမိဆန္ဒအလျောက် ကျနော်တို့ထံလာရောက်ဝန်ခံသူအား အပြစ်မပေးဘူး ။ ၃ လတာပြုပြင်ပေးတယ်။ အဲလိုမဟုတ်ဘဲ  ဖမ်းဆီးရမိတယ်ဆိုရင်တော့ ၆ လ ဖမ်းဆီးပြစ်ဒဏ်ပေးပြီး ပြုပြင်ပေးတယ်၊ ရောင်းဝယ်သူတွေကိုဖမ်းမိရင် ဒဏ်ငွေဆောင်ခိုင်းတယ် ထောင်ဒဏ် ၁ နှစ် အလုပ်ကြမ်းနဲ့ အပြစ်ပေးတယ်။ ဒါကြောင့် မူးယစ်ဆေးဝါးကိုမစိုက်ပျိုးဖို့ မရောင်းဝယ်ဖို့ မသုံးစွဲဖို့ တားမြစ်ထားတယ်။ ကျယ်ကျယ်ပြန့်ပြန့် လက်လှမ်းမမှီနိုင်သေးလို့ တခြားဒေသကလာတဲ့ မူးယစ်ဆေးဝါးတွေလည်းရှိနေတော့ လုံး၀ကင်းစင်အောင်တော့ မတိုက်ဖျက်နိုင်သေးဘူး။”  – ဟု ဗိုလ်မှူးကြီးစိုင်းဆုကပြောသည်။

ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှ ထုတ်ပြန်ကြေငြာသော SSPP/SSA ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်သည့်စက်ရုံရှိသည်ဟူသော စွပ်စွဲချက်နှင့်ပတ်သက်ပြီး   ဗိုလ်မှူးကြီးစိုင်းဆုက – “တိကျသေချာတဲ့မြေပုံအညွန်းနဲ့တကွ ကျနော်တို့ကိုပေးပို့ပါ ။ ရှင်းလင်းတိုက်ဖျက်ရေးမှာ လက်တွဲပူးပေါင်းဖို့ကျနော်တို့က အသင့်ရှိနေပါတယ်။ သို့မဟုတ် လူကြီးမင်းတို့မလာနိုင်ဘူးဆိုရင်လည်း ကျနော်တို့ကိုယ်တိုင်ကွင်းဆင်းရှင်းလင်းပေးလည်းရတယ်။ တိကျသောမြေပုံအညွှန်းမပါရင်တော့ ဒါ စွပ်စွဲတာသက်သက်ပါဘဲ ”- ဟု ပြောဆိုသည်။

ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ ကို ၁၉၈၇ ခုနှစ်က စတင်သတ်မှတ်ခဲ့ရာ  ၃၁ နှစ်မြောက်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံတွင် အစိုးရဘက်ကရော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ များဘက်ကပါ  အခမ်းအနားများကျင်းပခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

မိုင်းရယ် တောင်ယာထဲ ကျားဖြန့်လုပ်ကိုင်သူများ ပုန်းအောင်းနေခြင်းကြောင့် ဒေသခံစိုးရိမ်ထိတ်လန့်

0
သျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာများတွင် အွန်လိုင်းငွေလိမ် ( ကျားဖြန့်)လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ တတိယပတ်မှ စတင်ပြီး မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာတဲများသို့ သီပေါမြို့နယ် မန်မော်ကျေးရွာအုပ်စုဘက်မှ ထွက်ပြေးလာသည့် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေးနှင့်...