Tuesday, January 27, 2026

SSPP/SSA ဌာနချုပ် ဝမ့်ဟိုင်းတွင် ကျပ်သိန်းပေါင်း ၁ သောင်းကျော်တန်ဖိုးရှိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးသည့်အခမ်းအနား ကျင်းပပြုလုပ်

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် စိုက်ရာ ကျေးသီးမြို့နယ် ဝမ့်ဟိုင်းတွင်လည်း မူးယစ်ဆေးဝါးတန်ဖိုးကျပ်သိန်းပေါင်း ၁ သောင်းထက်မနည်း မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားပြုလုပ်ခဲ့ကြောင်းသိရသည်။

ဇွန်လ ၂၆ ရက်နေ့ ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့တွင် ၂၀၁၈ ခုနှစ်အတွင်း  SSPP/SSA မှဖမ်းဆီးရမိခဲ့သော ယာဘအပြားပေါင်း ၅ သိန်းကျော်နှင့် ဘိန်းဖြူ ၊ ဘိန်းမဲ၊ ကိုးကင်း အစရှိမူးယစ်ဆေးဝါး စုစုပေါင်းကာလတန်ဖိုး ကျပ်ငွေသိန်းပေါင်း ၁ သောင်းထက်မနည်း မီးရှို့ဖျက်ဆီးခြင်းအခမ်းအနား ပြုလုပ်ခဲ့သည်။

SSPP/SSA ဒုတိယဥက္ကဌ ဗိုလ်ချုပ်ခွန်ဆိုင်က အခမ်းအနားဖွင့်လှစ်ခြင်း အမှာစကားပြောကြားရာတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ထိုင်းနိုင်ငံမှ ဆီးစစ်ကိရိယာ ထောင်ချီကိုဝယ်ယူကာ မူးယစ်ဆေးဝါးသုံးစွဲသူများအား စစ်ဆေးဖမ်းဆီးပြီးအကျင့် စာရိတ္တပြုပြင်ပေးခဲ့ကြောင်းပြောဆိုသည် ။

ထို့အပြင် အတွင်းရေးမှူး ၂ ဒု ဗိုလ်မှူးကြီးစိုင်းဆုက SSPP/SSA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းစဉ် များနှင့် ဖမ်းဆီးရမိသောမူးယစ်ဆေးဝါးများ နှင့်ပတ်သက်ပြီးရှင်းလင်းပြောကြား ခဲ့သည်။

“ဒီမူးယစ်ဆေးတွေဟာ ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်းဖမ်းမိတဲ့ မူးယစ်ဆေးတွေဖြစ်ပါတယ်။ ဒီတနှစ်အတွင်း မူးယစ်မှုပေါင်း ၃၃၂ ကျော် ကနေဖမ်းဆီးရမိတဲ့ ဆေးဝါးတွေဖြစ်တယ်။ ဘိန်းဖြူ  ၊ ဘိန်းမဲ ပိသာ ၂၀ ကျော်တယ်။ ယာဘက အပြားပေါင်း ၅ သိန်းကျော်တယ်။  ကာလတန်ဖိုး တွက် မယ်ဆိုရင်တော့ ကျပ်သိန်းပေါင်း ၁ သောင်းထက်မနည်းဘူးလို့ခန့်မှန်းရပါတယ်။ အခမ်းအနားတက်ရောက်သူ လူထုနဲ့ ကေဒါတပ်သား စုစုပေါင်း ၂၀၀၀ ကျော်ရှိပါတယ် ”- ဟု ဒု ဗိုလ်မှူးကြီးစိုင်းဆုကပြောသည်။

မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများလျော့ကျစေရေးအတွက်ရည်ရွယ်ကြောင်း၊ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများကို လူထုထံပြန်လည်ရောက်ရှိမသွားစေရန်ရည်ရွယ်ကြောင်း ဗိုလ်မှူးကြီးစိုင်းဆု ကပြောသည်။

 

“မူးယစ်ဆေးဝါး သုံးစွဲသူတွေဟာ မိမိဆန္ဒအလျောက် ကျနော်တို့ထံလာရောက်ဝန်ခံသူအား အပြစ်မပေးဘူး ။ ၃ လတာပြုပြင်ပေးတယ်။ အဲလိုမဟုတ်ဘဲ  ဖမ်းဆီးရမိတယ်ဆိုရင်တော့ ၆ လ ဖမ်းဆီးပြစ်ဒဏ်ပေးပြီး ပြုပြင်ပေးတယ်၊ ရောင်းဝယ်သူတွေကိုဖမ်းမိရင် ဒဏ်ငွေဆောင်ခိုင်းတယ် ထောင်ဒဏ် ၁ နှစ် အလုပ်ကြမ်းနဲ့ အပြစ်ပေးတယ်။ ဒါကြောင့် မူးယစ်ဆေးဝါးကိုမစိုက်ပျိုးဖို့ မရောင်းဝယ်ဖို့ မသုံးစွဲဖို့ တားမြစ်ထားတယ်။ ကျယ်ကျယ်ပြန့်ပြန့် လက်လှမ်းမမှီနိုင်သေးလို့ တခြားဒေသကလာတဲ့ မူးယစ်ဆေးဝါးတွေလည်းရှိနေတော့ လုံး၀ကင်းစင်အောင်တော့ မတိုက်ဖျက်နိုင်သေးဘူး။”  – ဟု ဗိုလ်မှူးကြီးစိုင်းဆုကပြောသည်။

ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှ ထုတ်ပြန်ကြေငြာသော SSPP/SSA ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်သည့်စက်ရုံရှိသည်ဟူသော စွပ်စွဲချက်နှင့်ပတ်သက်ပြီး   ဗိုလ်မှူးကြီးစိုင်းဆုက – “တိကျသေချာတဲ့မြေပုံအညွန်းနဲ့တကွ ကျနော်တို့ကိုပေးပို့ပါ ။ ရှင်းလင်းတိုက်ဖျက်ရေးမှာ လက်တွဲပူးပေါင်းဖို့ကျနော်တို့က အသင့်ရှိနေပါတယ်။ သို့မဟုတ် လူကြီးမင်းတို့မလာနိုင်ဘူးဆိုရင်လည်း ကျနော်တို့ကိုယ်တိုင်ကွင်းဆင်းရှင်းလင်းပေးလည်းရတယ်။ တိကျသောမြေပုံအညွှန်းမပါရင်တော့ ဒါ စွပ်စွဲတာသက်သက်ပါဘဲ ”- ဟု ပြောဆိုသည်။

ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ ကို ၁၉၈၇ ခုနှစ်က စတင်သတ်မှတ်ခဲ့ရာ  ၃၁ နှစ်မြောက်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံတွင် အစိုးရဘက်ကရော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ များဘက်ကပါ  အခမ်းအနားများကျင်းပခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

သီပေါ-မိုင်းရယ် စစ်တပ် ဆက်တိုက်ဖမ်းဆီးနေသည့် မူးယစ်ဆေးဝါးအမှု တရားခံမပေါ်သေး

0
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသော်လည်း တရားခံ မပေါ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်...
TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...
SAC Arrested 3 SSPP in Namlan

သီပေါ ကျားဖြန့်ကိစ္စ တရုတ်နိုင်ငံသား ၅ ဦးနှင့် SSPP တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးဟု စစ်ကော်မရှင်ထုတ်ပြန်

0
သျှမ်းပြည် သီပေါမြို့နယ် နမ့်လန်မြို့အနီးတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၅) ဦးနှင့်အတူ SSPP တပ်ဖွဲ့ဝင် ၃ ဦးတို့ကို လက်နက်နှင့်အကွ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) နံနက်ပိုင်း ၉ နာရီကျော်တွင် သီပေါမြို့နယ် နမ့်လန်မြို့အထွက်...

SSPP/SSA ထိန်းချုပ်နယ်မြေ KTV ပိတ်ရန် ညွှန်ကြားသော်လည်း ဆက်လက်ဖွင့်နေဆဲ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA) ထိန်းချုပ်နယ်မြေအတွင်းရှိ ကေတီဗွီ KTV ဆိုင်များကို ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး ပိတ်သိမ်းရန် အမိန့်စာ ထုတ်ပြန်ခဲ့သော်လည်း ဆက်လက်ဖွင့်လှစ်နေကြောင်း သတင်းရရှိသည်။ SSPP/SSA တပ်ဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာ (၂၆)ရက်တွင် ၎င်းတို့ထိန်းချုပ်သည့် နယ်မြေအတွင်း လူမှုစာရိတ္တပျက်ပြားခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ အလုပ်အကိုင် ပျက်ခြင်း...