Tuesday, January 27, 2026

TNLA ထံမှသွားရောက်ခေါ်ဆောင်လာသည့် နမ့်ခမ်းမြို့သူနန်းမိုဟွမ်အား မိသားစုလက်ထံ SSPP/SSA မှတဆင့် ပြန်လည်ပေးအပ်

တအာင်းတပ်ဖွဲ့ TNLA မှ ၂ လ နီးပါးအကြာဖမ်းဆီးသွားသော နမ့်ခမ်းမြို့သူ နန်းမိုဟွမ်အား သွားရောက်ကြိုလာသည့် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA က သူမ၏ မိသားစုထံပြန်လည်အပ်နှံသည့်အခမ်းအနားတရပ် ၀မ့်ဟိုင်းဌာနချုပ်တွင် ပြုလုပ်ခဲ့သည်။

Photo by Tai Hun Mai/TNLA ထံမှသွားရောက်ခေါ်ဆောင်လာသည့် နမ့်ခမ်းမြို့သူနန်းမိုဟွမ်အား မိသားစုလက်ထံ SSPP/SSA ပြန်လည်ပေးအပ်ခြင်းအခမ်းအနားတွင်တွေ့ရသော နန်းမိုဟွမ်

အောက်တိုဘာလ ၁၇ ရက်နေ့ ယနေ့မနက် ၉ နာရီခန့်က စတင်ခဲ့ခြင်းဖြစ်ပြီး SSPP/SSA ဘက်က ဒု ဗိုလ်မှူးကြီး စိုင်းဆု ၊ ဒုဗိုလ်မှူးကြီး စိုင်းဆိုင်ဟန်နှင့် ဗိုလ်မှူး သန်းအောင် တို့မှ နန်းမိုဟွမ်အား သူမ၏ ဆွေမျိုး ၁၈ ဦးထံပြန်လည်အပ်နှံပေးခဲ့ကြောင်းသိရသည်။

“အဲဒီအပ်နှံပွဲမှာ တက်ရောက်ခဲ့သူစုစုပေါင်း ၂၀၀ ကျော်ရှိပါတယ်။ ကျောင်းသူကျောင်းသားတွေရော၊ ရပ်မိရပ်ဖ တွေအပါအဝင်ပေါ့။ SSPP/SSA ဘက်က ဒု ဗိုလ်မှူးကြီး စိုင်းဆု ကတော့ – နန်းမိုဟွမ် စစ အဖမ်းခံရ ကတည်းက သူမ ကိုပြန်လွှတ်ပေးဖို့အတွက် SSPP/SSA ဘက်က တတ်စွမ်းနိုင် သလောက်ကြိုးစား ခဲ့တယ်။ တခြားသောအဖွဲ့ အစည်းတွေ နဲ့ချိတ်ဆက်ပြီးတော့လည်း TNLA ကို တိုက်တွန်းတောင်းဆိုတယ်။ အဘက်ဘက်နဲ့ ချိတ်ဆက် ဆောင်ရွက်ခဲ့ပါတယ်။အခုတော့ သူမ ပြန်လွှတ်လာတဲ့အတွက် SSPP/SSA ဘက်က ကြိုးစားဆောင်ရွက်မှု အောင်မြင်တယ်လို့ပြောလို့ရပါတယ်- လို့ပြောဆိုသွားပါတယ် ”- ဟု အခမ်းအနားတက်ရောက်သူ ၀မ့်ဟိုင်းဒေသခံ စိုင်းဦး ကသျှမ်သံတော်ဆင့်အားပြောပြသည်။

Photo by Tai Hun Mai/ TNLA ထံမှသွားရောက်ခေါ်ဆောင်လာသည့် နမ့်ခမ်းမြို့သူနန်းမိုဟွမ်အား မိသားစုလက်ထံ SSPP/SSA ပြန်လည်ပေးအပ်ခြင်းအခမ်းအနား

နန်းမိုဟွမ်အား သြဂုတ်လ ၁၇ ရက်နေ့က TNLA တအာင်းတပ်ဖွဲ့က သူမ၏ နေအိမ်တွင် ၀င်ရောက်ဖမ်းဆီးခဲ့သည်။ ၂၀၁၇ ခုနှစ်က ၄င်းအိမ်ဆိုင်အား ကျပ်ငွေ ၁၁ သိန်းဝင်ကောက်ရာမှအပြန် တအာင်းတပ်သား ၂ ဦးအား အစိုးရတပ်မတော်က ခြုံခိုတိုက်ခိုက်ရာတွင် TNLA တပ်သားတဦးသေဆုံးပြီး တဦး ဒဏ်ရာဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသည့်အပေါ် နန်းမိုဟွမ်မှ သတင်းပေးသည်ဟုဆိုကာ ၀င်ရောက်ဖမ်းဆီးခဲ့သည်။ ၄င်းနှင့်ပတ်သက်ပြီး နန်းမိုဟွမ်ထံ ဖုန်းဖြင့်ဆက်သွယ်ပြောဆိုရာတွင် နန်းမိုဟွမ်က မိသားစု အသက် လုံခြုံရေးသည် ငွေကြေး ၁၁ ထက် ပိုပြီးအဖိုးတန်ကြောင်းထို့အတွက် မိမိမှ အကြောင်းကြားခြင်းလုံးဝမပြုရကြောင်း ပြောဆိုခဲ့သည်ဟု မိသားစုဝင်များထံမှသိရသည်။

Photo by Tai Hun Mai/ TNLA ထံမှသွားရောက်ခေါ်ဆောင်လာသည့် နမ့်ခမ်းမြို့သူနန်းမိုဟွမ်အား မိသားစုလက်ထံ SSPP/SSA ပြန်လည်ပေးအပ်ခြင်းအခမ်းအနား

အသက် ၃၆ နှစ်အရွယ် နန်းမိုဟွမ် တွင် လူမမယ် အရွယ် သားသမီး ၃ ဦးရှိကြောင်းသိရသည်။ သူမ ပြန်လည်လွှတ်မြောက်ရေးအတွက် နမ့်ခမ်းဒေသခံလူထုတရပ်လုံးက စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့သည်။ အလားတူ နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၊ လူမှုအခြေပြုအဖွဲ့အစည်းများအပြင် အစိုးရ၏ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနချုပ် NRPC က ကြေငြာချက်များအသီးသီးထုတ်ပြန်ကာ TNLA အား တိုက်တွန်းခဲ့ကြသည်။

နို၀င်ဘာလ ၁၀ ရက်နေ့က မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ FPNCC ၏ ကြားဝင်ကူညီပေးမှုကြောင့် နမ့်ခမ်းဒေသခံလူငယ်ကိုယ်စားလှယ် ၄ ဦးနှင့် TNLA ကိုယ်စားလှယ်တို့ ပန်ခမ်း မြို့တွင်တွေ့ဆုံခွင့်ရရှိကာ နန်းမိုဟွမ်အား အမြန်ဆုံးပြန်လည်လွှတ်ပေးမည်ဖြစ်ကြောင်း ကြေငြာချက်တစောင်ထုတ်ပြန်ခဲ့သည်။

နို၀င်ဘာလ ၁၅ ရက်နေ့တွင်မူ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် SSPP/SSA ကိုယ်စားလှယ်များက နန်းမိုဟွမ်အား TNLA ထံမှ သွားရောက် ခေါ်ဆောင်လာခဲ့ပြီး ယနေ့မနက်တွင် မိသားစုထံပြန်လည်အပ်နှံပေးခဲ့ကြောင်းသိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမည်ဟု TNLA ဥက္ကဋ္ဌ ပြော

0
မိမိတို့ ထိန်းချုပ်ဒေသအတွင်းတွင် ရှိသော သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့် နှင့် အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်သောကြောင့် လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမှာဖြစ်သည်ဟု တအာင်းတပ် (TNLA)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။ ယနေ့ ဇန်နဝါရီ...
TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...