TNLA ထံမှသွားရောက်ခေါ်ဆောင်လာသည့် နမ့်ခမ်းမြို့သူနန်းမိုဟွမ်အား မိသားစုလက်ထံ SSPP/SSA မှတဆင့် ပြန်လည်ပေးအပ်

တအာင်းတပ်ဖွဲ့ TNLA မှ ၂ လ နီးပါးအကြာဖမ်းဆီးသွားသော နမ့်ခမ်းမြို့သူ နန်းမိုဟွမ်အား သွားရောက်ကြိုလာသည့် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA က သူမ၏ မိသားစုထံပြန်လည်အပ်နှံသည့်အခမ်းအနားတရပ် ၀မ့်ဟိုင်းဌာနချုပ်တွင် ပြုလုပ်ခဲ့သည်။

Photo by Tai Hun Mai/TNLA ထံမှသွားရောက်ခေါ်ဆောင်လာသည့် နမ့်ခမ်းမြို့သူနန်းမိုဟွမ်အား မိသားစုလက်ထံ SSPP/SSA ပြန်လည်ပေးအပ်ခြင်းအခမ်းအနားတွင်တွေ့ရသော နန်းမိုဟွမ်

အောက်တိုဘာလ ၁၇ ရက်နေ့ ယနေ့မနက် ၉ နာရီခန့်က စတင်ခဲ့ခြင်းဖြစ်ပြီး SSPP/SSA ဘက်က ဒု ဗိုလ်မှူးကြီး စိုင်းဆု ၊ ဒုဗိုလ်မှူးကြီး စိုင်းဆိုင်ဟန်နှင့် ဗိုလ်မှူး သန်းအောင် တို့မှ နန်းမိုဟွမ်အား သူမ၏ ဆွေမျိုး ၁၈ ဦးထံပြန်လည်အပ်နှံပေးခဲ့ကြောင်းသိရသည်။

“အဲဒီအပ်နှံပွဲမှာ တက်ရောက်ခဲ့သူစုစုပေါင်း ၂၀၀ ကျော်ရှိပါတယ်။ ကျောင်းသူကျောင်းသားတွေရော၊ ရပ်မိရပ်ဖ တွေအပါအဝင်ပေါ့။ SSPP/SSA ဘက်က ဒု ဗိုလ်မှူးကြီး စိုင်းဆု ကတော့ – နန်းမိုဟွမ် စစ အဖမ်းခံရ ကတည်းက သူမ ကိုပြန်လွှတ်ပေးဖို့အတွက် SSPP/SSA ဘက်က တတ်စွမ်းနိုင် သလောက်ကြိုးစား ခဲ့တယ်။ တခြားသောအဖွဲ့ အစည်းတွေ နဲ့ချိတ်ဆက်ပြီးတော့လည်း TNLA ကို တိုက်တွန်းတောင်းဆိုတယ်။ အဘက်ဘက်နဲ့ ချိတ်ဆက် ဆောင်ရွက်ခဲ့ပါတယ်။အခုတော့ သူမ ပြန်လွှတ်လာတဲ့အတွက် SSPP/SSA ဘက်က ကြိုးစားဆောင်ရွက်မှု အောင်မြင်တယ်လို့ပြောလို့ရပါတယ်- လို့ပြောဆိုသွားပါတယ် ”- ဟု အခမ်းအနားတက်ရောက်သူ ၀မ့်ဟိုင်းဒေသခံ စိုင်းဦး ကသျှမ်သံတော်ဆင့်အားပြောပြသည်။

Photo by Tai Hun Mai/ TNLA ထံမှသွားရောက်ခေါ်ဆောင်လာသည့် နမ့်ခမ်းမြို့သူနန်းမိုဟွမ်အား မိသားစုလက်ထံ SSPP/SSA ပြန်လည်ပေးအပ်ခြင်းအခမ်းအနား

နန်းမိုဟွမ်အား သြဂုတ်လ ၁၇ ရက်နေ့က TNLA တအာင်းတပ်ဖွဲ့က သူမ၏ နေအိမ်တွင် ၀င်ရောက်ဖမ်းဆီးခဲ့သည်။ ၂၀၁၇ ခုနှစ်က ၄င်းအိမ်ဆိုင်အား ကျပ်ငွေ ၁၁ သိန်းဝင်ကောက်ရာမှအပြန် တအာင်းတပ်သား ၂ ဦးအား အစိုးရတပ်မတော်က ခြုံခိုတိုက်ခိုက်ရာတွင် TNLA တပ်သားတဦးသေဆုံးပြီး တဦး ဒဏ်ရာဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသည့်အပေါ် နန်းမိုဟွမ်မှ သတင်းပေးသည်ဟုဆိုကာ ၀င်ရောက်ဖမ်းဆီးခဲ့သည်။ ၄င်းနှင့်ပတ်သက်ပြီး နန်းမိုဟွမ်ထံ ဖုန်းဖြင့်ဆက်သွယ်ပြောဆိုရာတွင် နန်းမိုဟွမ်က မိသားစု အသက် လုံခြုံရေးသည် ငွေကြေး ၁၁ ထက် ပိုပြီးအဖိုးတန်ကြောင်းထို့အတွက် မိမိမှ အကြောင်းကြားခြင်းလုံးဝမပြုရကြောင်း ပြောဆိုခဲ့သည်ဟု မိသားစုဝင်များထံမှသိရသည်။

Photo by Tai Hun Mai/ TNLA ထံမှသွားရောက်ခေါ်ဆောင်လာသည့် နမ့်ခမ်းမြို့သူနန်းမိုဟွမ်အား မိသားစုလက်ထံ SSPP/SSA ပြန်လည်ပေးအပ်ခြင်းအခမ်းအနား

အသက် ၃၆ နှစ်အရွယ် နန်းမိုဟွမ် တွင် လူမမယ် အရွယ် သားသမီး ၃ ဦးရှိကြောင်းသိရသည်။ သူမ ပြန်လည်လွှတ်မြောက်ရေးအတွက် နမ့်ခမ်းဒေသခံလူထုတရပ်လုံးက စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့သည်။ အလားတူ နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၊ လူမှုအခြေပြုအဖွဲ့အစည်းများအပြင် အစိုးရ၏ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနချုပ် NRPC က ကြေငြာချက်များအသီးသီးထုတ်ပြန်ကာ TNLA အား တိုက်တွန်းခဲ့ကြသည်။

နို၀င်ဘာလ ၁၀ ရက်နေ့က မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ FPNCC ၏ ကြားဝင်ကူညီပေးမှုကြောင့် နမ့်ခမ်းဒေသခံလူငယ်ကိုယ်စားလှယ် ၄ ဦးနှင့် TNLA ကိုယ်စားလှယ်တို့ ပန်ခမ်း မြို့တွင်တွေ့ဆုံခွင့်ရရှိကာ နန်းမိုဟွမ်အား အမြန်ဆုံးပြန်လည်လွှတ်ပေးမည်ဖြစ်ကြောင်း ကြေငြာချက်တစောင်ထုတ်ပြန်ခဲ့သည်။

နို၀င်ဘာလ ၁၅ ရက်နေ့တွင်မူ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် SSPP/SSA ကိုယ်စားလှယ်များက နန်းမိုဟွမ်အား TNLA ထံမှ သွားရောက် ခေါ်ဆောင်လာခဲ့ပြီး ယနေ့မနက်တွင် မိသားစုထံပြန်လည်အပ်နှံပေးခဲ့ကြောင်းသိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...