ဆက်ကြေးကောက်ခံမှုတွေ့ရှိက ဆက်ဆံရေးရုံးပိတ်ခံမည်ဟု SSPP/SSA အား လားရှိုးစစ်တိုင်းရုံးခြိမ်းခြောက်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း ရှိဆေးခန်းတခုအား ဆက်ကြေးပေးဆောင်ရန် SSPP/SSA ဖုန်းဆက်ဆင့်ခေါ် မှု ပြုသည်ဟု လားရှိုး ရမခတိုင်းက စွပ်စွဲပြောဆိုကာ ထိုသို့ ထပ်မံပြုလုပ်ပါက ဆက်ဆံရေးရုံး ပိတ်ပင်ခြင်းခံရမည်ဟု SSPP/SSA ဆက်ဆံရေးတာဝန်ခံအား စစ်တိုင်းရုံးက ဆင့်ခေါ်ပြောကြားသည်ဟု သိရသည်။

သျှမ်းပြည်မြောက်ပိုင်းမှ ကုန်သည်များ မိမိဆန္ဒအလျောက် SSPP/SSA ရုံးချုပ်သို့ရောက်ရှိကာ ကူညီထောက်ပ့ံမှုများပေးအပ် (Photo: SSPP Info)

၂၀၁၈ သြဂုတ်လ ၅ ရက်နေ့ ည ၈ နာရီ ၅ မိနစ် အချိန် SSPP/SSA ထံ ပိုက်ဆံလာသွင်းရန် လားရှိုးမြို့ ရပ် ကွက် ၃ အတွင်းရှိ ဆေးခန်းတခုအား 092*****241 နံပါတ်ဖြင့် ဖုန်းဆက်ပြောကြားသည်ဟုဆိုကာ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဆင်ရေး G1 စစ်ဦးစီးအရာရှိပထမတန်း ဒုတိယ ဗိုလ်မှူးကြီး ဗညားဝင်းက SSPP/SSA ၏လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးအောင်လတ် အား – အဆိုပါ ကိစ္စမျိုးထပ်မံကြားသိ တွေ့ရှိပါက ဆက်ဆံရေးရုံးပိတ်ခြင်းခံရမည် – ဟု ခေါ်ယူပြောဆိုခဲ့ကြောင်း ကြားသိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သျှမ်းပြည်တပ်မတော် SSPP/SSA ပြောရေးဆိုခွင့် ဗိုလ်မှူးစိုင်းသန်းအောင် က – “ကျနော်တို့မှ စည်းမဲ့ကမ်းမဲ့ ဟိုကြေးဒီကြေးလိုက်ကောက်တာမရှိဘူး။ လက်အောက်ငယ်သားတွေလဲ လုပ်ခွင့် ပေးမထားဘူး၊ အောင်ဆေးခန်းကို ဖုန်းဆက်ပိုက်ဆံတောင်းတယ်ဆိုတာလဲ ကျနော်တို့ မဟုတ်ဘူး။ မလိုလား တဲ့အဖွဲ့က ကျနော်တို့ကို နာမည်ဖျက်တာဘဲ ”- ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ SSPP/SSA ၏ ၀မ့်ဟိုင်းဌာနချုပ် အရာရှိကြီးတဦးက- သျှမ်းပြည်တပ်မတော် အနေ ဖြင့် လမ်းပိတ်ပိုက်ဆံတောင်းခံခြင်း၊ ဆိုင်အတွင်း နေအိမ်အတွင်း ပစ်စာချ ပိုက်ဆံကောက်ခံခြင်း လုပ်စရာ မလိုအပ်ကြောင်း၊ သျှမ်းပြည်တပ်မတော် ဖြစ်သည့်အားလျော်စွာ သျှမ်းပြည်တွင်းနေ မိဘပြည်သူများ စီးပွားရေးလုပ်ငန်းရှင်များက စေတနာဆန္ဒအလျောက် ကိုယ်တိုင်ကိုယ်ကျ ရံပုံငွေလာရောက် ထောက်ပံ့ကြောင်း- ပြောသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA သည် ၀ တပ်ဖွဲ့ ဦးဆောင်သည့်မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွင်ပါ၀င်ပြီး တနိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ချုပ်ဆိုခြင်း မရှိသေးသည့် သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့ဖြစ်သည်။ သို့သော် ပြည်နယ်အဆင့်ပြည်ထောင်စုအဆင့်အား ၂၀၁၂ ခုနှစ်ဦးပိုင်းက ဦးသိန်းစိန်အစိုးရနှင့် လက်မှတ်ရေး ထိုးထားသောကြောင့် လားရှိုးမြို့၊ ခိုလမ်မြို့၊ မူစယ်မြို့ တို့တွင် ဆက်ဆံရေးရုံးဖွင့်လှစ်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

လားရှိုးမြို့ “ခိုင်”သစ်သီးပွဲရုံ မီးလောင်

0
သျှမ်းပြည် လားရှိုးမြို့အဝင် လွယ်လွမ့်ကျေးရွာရှိ “ခိုင်”သစ်သီးပွဲရုံ မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၇ ရက်) နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့အဝင်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် လွယ်လွမ့်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် “ခိုင်” သစ်သီးပွဲရုံရှိ ဂိုထောင်တစ်ခု...

လားရှိုးမှ သယ်ဆောင်လာသည့် ကျပ် ၉ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှ စီးဆင်းလာသည့် ခန့်မှန်းခြေ ကျပ် ၉ ဒသမ ၈၅ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများကို သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ဧပြီလ ၁၂ ရက်မှ ဧပြီလ ၃၀ ရက်အတွင်း ဘိန်းဖြူ ၇၇ ကီလိုဂရမ်နှင့် စိတ်ကြွဆေးပြား...

လားရှိုးတွင် မူးယစ်ဆေးဝါးအကြောင်းပြပြီး MNDAA ဖမ်းဆီးသွားသည့်လူငယ်(၇၀)ကျော် ပြန်မလွတ်သေး

0
သျှမ်းပြည် လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စုတွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မူးယစ်ဆေးဝါးအကြောင်းပြကာ လူငယ်အမျိုးသား (၇၀) ယောက်ကျော်ကို ဖမ်းဆီးသွားခဲ့ပြီးနောက် သုံးပတ်ကျော် ကြာသည်အထိ ပြန်မလွတ်ပေးသေးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA သွားလာလှုပ်ရှားနေသည့် ၁၂ မိုင်၊ ၁၃ မိုင်၊ အီနိုင်းနှင့် မန်တောင်းကျေးရွာများတွင်...