Tuesday, January 27, 2026

ဝမ့်ဟိုင်းဌာနချုပ်သို့ ငြိမ်းချမ်းရေးကော်မရှင် PC ရောက်ရှိစဉ် SSPP/SSA ၏ လွယ်ရင်ယာယီတပ်စခန်းအား အစိုးရတပ်မတော်တိုက်ခိုက်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းရှိ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ လွယ်ရင်တပ်စခန်းအား အစိုးရတပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွါးခဲ့သည်။

မေလ ၂ ရက်နေ့ မနက် ၁၁ နာရီအချိန်တွင် အစိုးရတပ်မတော်၏ တပ်မမ ၇၇ လက်အောက်ခံ အင်အား ၃၀၀ ခန့်က လွယ်ရင်တောင်ပေါ်ရှိ  SSPP/SSA ၏ယာယီတပ်စခန်းအား ၂ နာရီခန့်အကြာဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

SSPP/SSA ယာယီတပ်စခန်းအား အစိုးရတပ်မှ အင်အားသုံးတိုက်ခိုက်စဉ် မြန်မာ့ငြိမ်းချမ်းရေးကော်မရှင် မှ ဒုတိယ ဥက္ကဌ ဦးသိန်းဇော်ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည့် SSPP/SSA ဌာနချုပ် ဝမ့်ဟိုင်းသို့ ရောက်ရှိကာ ငြိမ်းချမ်း ရေးအတွက်ဆွေးနွေးနေချိန်ဖြစ်ကြောင်း SSPP/SSA ဘက်ကပြောသည်။

လွယ်ရင်တောင်သည် ကျောက်မဲမြို့နယ် တော့ဆန်အုပ်စုနှင့် ၃ မိုင်ခန့်အကွာတွင်တည်ရှိပါသည်။ အစိုးရတပ်မတော်မှ SSPP/SSA တပ်စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်နေချိန် တပြိုင်တည်းမှာပင် လွယ်ရင်တောင်၏ မြောက်ဘက်အရပ်ရှိ တအာင်းတပ်စခန်းအားလည်း အစိုးရမှ တိုက်ခိုက်ခဲ့ကြောင်း ၊အစိုးရဘက်မှ 79mm – 60mm – 81 mm အမျိုးအစား လက်နက်ကြီးများပစ်ခတ်အသုံးပြုကြောင်း ကျောက်မဲမြို့နယ်အတွင်း တာဝန်ကျလှုပ်ရှားနေသည့် SSPP အရာရှိ တဦးကပြောသည်။

တော့ဆန်ရွာနားမှာ လာပြီးမြှုပ်နှံထားတဲ့ အလောင်း ၂ လောင်းတွေ့ရတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း သယ်သွားတာတွေ့ရတယ်။   – ဟု တော့ဆန်ရွာသားများကပြောသည်။

အဆိုပါတပ်ရင်းသည် စစ်ကြောင်း ၂ ကြောင်းခွဲကာ လွယ်ရင်တောင်တက်ကြောင်း၊ တကြောင်းမှာ လွယ်ရင်တောင်၏ မြောက်ဘက်ခြမ်းတွင်တက်သဖြင့်  မြောက်ဘက်ခြမ်းရှိ တအာင်းတပ်နှင့်တိုက်ပွဲဖြစ်ပွါးကြောင်း၊ ကျန်တကြောင်းမှာ လွယ်ရင်တောင်၏ တောင်ဘက်ခြမ်းမှတက်ကြောင်း   SSPP အရာရှိကပြောသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA သည် ဦးသိန်းစိန် အစိုးရလက်ထက်က ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေးလက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်သည်။ မေလ ၁ ရက်နှင့် ၂ ရက်ကလည်း ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ငြိမ်းချမ်းရေးကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...
TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

0
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...

ပင်လောင်းစစ်‌ရှောင်များ နေရပ်ပြန်လာသော်လည်း ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာသို့ နေရပ်ပြန်လာကြသော စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် နေအိမ်ပျက်စီးမှုများကို ပြန်လည်ပြုပြင်မှု မလုပ်နိုင်သေးကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင်း ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာ မှ...