ဝမ့်ဟိုင်းဌာနချုပ်သို့ ငြိမ်းချမ်းရေးကော်မရှင် PC ရောက်ရှိစဉ် SSPP/SSA ၏ လွယ်ရင်ယာယီတပ်စခန်းအား အစိုးရတပ်မတော်တိုက်ခိုက်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းရှိ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ လွယ်ရင်တပ်စခန်းအား အစိုးရတပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွါးခဲ့သည်။

မေလ ၂ ရက်နေ့ မနက် ၁၁ နာရီအချိန်တွင် အစိုးရတပ်မတော်၏ တပ်မမ ၇၇ လက်အောက်ခံ အင်အား ၃၀၀ ခန့်က လွယ်ရင်တောင်ပေါ်ရှိ  SSPP/SSA ၏ယာယီတပ်စခန်းအား ၂ နာရီခန့်အကြာဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

SSPP/SSA ယာယီတပ်စခန်းအား အစိုးရတပ်မှ အင်အားသုံးတိုက်ခိုက်စဉ် မြန်မာ့ငြိမ်းချမ်းရေးကော်မရှင် မှ ဒုတိယ ဥက္ကဌ ဦးသိန်းဇော်ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည့် SSPP/SSA ဌာနချုပ် ဝမ့်ဟိုင်းသို့ ရောက်ရှိကာ ငြိမ်းချမ်း ရေးအတွက်ဆွေးနွေးနေချိန်ဖြစ်ကြောင်း SSPP/SSA ဘက်ကပြောသည်။

လွယ်ရင်တောင်သည် ကျောက်မဲမြို့နယ် တော့ဆန်အုပ်စုနှင့် ၃ မိုင်ခန့်အကွာတွင်တည်ရှိပါသည်။ အစိုးရတပ်မတော်မှ SSPP/SSA တပ်စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်နေချိန် တပြိုင်တည်းမှာပင် လွယ်ရင်တောင်၏ မြောက်ဘက်အရပ်ရှိ တအာင်းတပ်စခန်းအားလည်း အစိုးရမှ တိုက်ခိုက်ခဲ့ကြောင်း ၊အစိုးရဘက်မှ 79mm – 60mm – 81 mm အမျိုးအစား လက်နက်ကြီးများပစ်ခတ်အသုံးပြုကြောင်း ကျောက်မဲမြို့နယ်အတွင်း တာဝန်ကျလှုပ်ရှားနေသည့် SSPP အရာရှိ တဦးကပြောသည်။

တော့ဆန်ရွာနားမှာ လာပြီးမြှုပ်နှံထားတဲ့ အလောင်း ၂ လောင်းတွေ့ရတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း သယ်သွားတာတွေ့ရတယ်။   – ဟု တော့ဆန်ရွာသားများကပြောသည်။

အဆိုပါတပ်ရင်းသည် စစ်ကြောင်း ၂ ကြောင်းခွဲကာ လွယ်ရင်တောင်တက်ကြောင်း၊ တကြောင်းမှာ လွယ်ရင်တောင်၏ မြောက်ဘက်ခြမ်းတွင်တက်သဖြင့်  မြောက်ဘက်ခြမ်းရှိ တအာင်းတပ်နှင့်တိုက်ပွဲဖြစ်ပွါးကြောင်း၊ ကျန်တကြောင်းမှာ လွယ်ရင်တောင်၏ တောင်ဘက်ခြမ်းမှတက်ကြောင်း   SSPP အရာရှိကပြောသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA သည် ဦးသိန်းစိန် အစိုးရလက်ထက်က ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေးလက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်သည်။ မေလ ၁ ရက်နှင့် ၂ ရက်ကလည်း ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ငြိမ်းချမ်းရေးကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ဖမ်းဆီးခံရသည့် ရွာသားနှစ်ဦး ပြန်မလွှတ်သေး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဖမ်းဆီးခဲ့သည့် ရွာသားများထဲမှ အချို့မှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ (၁၀) ရက်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...