SSPP တပ်စခန်းကို TNLA တက်တိုက် အစိုးရတပ်မတော်စစ်ကြောင်းအင်အားဖြည့်စောင့်ကြည့်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းယင်ကျေးရွာအုပ်စုအတွင်းရှိ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တပ်စခန်းတခု ကို တအာင်းပလောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA မှ ၀င်ရောက်တိုက် ခိုက်စဉ် အစိုးရတပ်မတော် မှ စစ်ရေးအသင့်ပြင်စောင့်ဆိုင်းထားကြောင်းသိရသည်။

တိုက်ပွဲဖြစ်ပွါးသောနေရာပြမြေပုံ

နမ္မတူမြို့နယ် မိုင်းယင် ကျေးရွာအုပ်စု(ရွာမ) အရှေ့မြောက်ဘက်ရှိ ၀မ့်ဆာအွန် ရှိ သျှမ်းပြည်တိုးတက်ရေး ပါတီ SSPP/SSA ယာယီတပ်စခန်းအား တအာင်း(ပလောင်) TNLA တပ်က ယနေ့ နံနက် ၈ နာရီကျော်က စ၍တက် တိုက်ခဲ့ကြောင်း၊ တိုက်ပွဲငယ်မှ တိုက်ပွဲ ကြီး အသွင်သို့ကူးပြောင်းလာနေကြောင်း၊ နှစ်ဘက်အင်အား ရာဂဏန်း အထိ ဖြည့်တင်းကာ မွန်းလွဲ ၂ ကျော်အထိ ပစ်ခတ်တိုက်ခိုက်နေကြကြောင်း၊ မဟာမိတ်တပ်အချင်းချင်း တိုက် ပွဲဖြစ်ပွားနေ စဉ် အစိုးရတပ်မတော်မှ တိုက်ပွဲမှ ၁ မိုင်ကျော် အကွာတွင် အသင့်ပြင် စောင့်ဆိုင်း နေကြောင်း ဒေသခံများ ပြောပြချက် အရသိရ သည်။

“ပလောင်တပ်က ၀မ့်ဆာလုံမှာ ရှိတယ်။ ကျနော်တို့တပ်က ၀မ့်ဆာအွန်မှာရှိတယ်။ အစိုးရတပ်ကတော့ မိုင်းယင် မြောက်ဘက် ကုန်းမုံ ရွာမှာ ရှိတယ်။ ဒီနေရာတွေက နီးနီးလေးရယ်။ ပလောင်က အင်အား သုံးရာကျော်နဲ့လာ တိုက်တယ်။ ကျနော်တို့ဘက်က တရာကျော်ကျော်ရှိတယ်။ အပြန်အလှန် အင်အားဖြည့်တိုက်ခိုက်နေလို့ တိုက် ပွဲကြီးအသွင်ပြောင်းလာနေတယ် ”- ဟု ဒုတိယ ဗိုလ်မှူးကြီးစိုင်းဆုကပြောသည်။

ပြန်ကြားရေးအရာရှိ တားအိုက်ကျော်ကို သျှမ်းသံတော်ဆင့်မှ ကြိုးစားဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပေ။

သို့သော် ဒေသအတွင်းလှုပ်ရှားနေသည့် TNLA တပ်မှူးတဦးက – SSPP/SSA အနေဖြင့် ၄င်းတို့လှုပ်ရှားရာလမ်းကြောင်းအား ပိတ်ဆို့ထားသောကြောင့် အထက်အမိန့်အရ တိုက်ခိုက်ချေမှုန်းရခြင်း ဖြစ်သည်ဟု ပြောသည်။

လက်နက်ကြီးကျည်ကျသဖြင့်ထိမှန်ဒဏ်ရာရရှိသောဦးလုံးစိုင်းအား ဆေးရုံသို့ပို့ဆောင်ကြစဉ်

နှစ်ဘက်ဖြစ်ပွားသော တိုက်ပွဲကြောင့် ၀မ့်ဆာအွန်ကျေးရွာ အတွင်းလက်နက်ကြီးကျရာ ရွာသား လုံးစိုင်း ဘယ်ဘက်ရင်အုံ တွင် ကျည်စ ထိမှန်ဒဏ်ရာရရှိကာ လားရှိုးဆေးရုံတွင်ဆေးကုသမှုခံယူနေရကြောင်း၊ ၄င်းအိမ်လည်းပျက်စီးသွားကြောင်း၊ အလားတူ ရွာသူအမျိုးသမီးတဦးလည်းဒဏ်ရာရရှိကာ နမ္မတူဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း၊ ၀မ့်ဆာအွန် ကျေးရွာ ရွာသူရွာသား တရာကျော်လည်း မိုင်းယင်တို့ ထွက်ပြေးခိုလှုံလာနေကြောင်း၊ မိုင်းယင် အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းက ပြောသည်။

တအာင်းတပ် TNLA နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့သည် အဆိုပါဒေသတွင်စစ်ရေးတင်းမာနေကြသည်မှာ လဝက်ကျော်ကြာပြီဖြစ်ကြောင်းလည်းသိရသည်။

၂၀၁၇ ခု ဒီဇင်ဘာ ၅ ရက် တုန်းကလည်း အဆိုပါဒေသ အတွင်းရှိ SSPP/SSA တပ်အား TNLA ဘက်မှ တကြိမ် တက်တိုက်ခဲ့ပါသေးသည်။ ထိုစဉ်ကလည်း ရွာအတွင်း TNLA ၏ လက်နက်ကြီးကျည်ကျ ရောက် မှုကြောင့် ၀ိန်းနန်ရွာသူ ဒေါ်နန်းအိုင်၏ နေအိမ်ပျက်စီးသွားခဲ့သည်။

SSPP/ SSA နှင့် TNLA တို့သည် ၀ တပ်ဖွဲ့ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ် အဖွဲ့ ရ ဖွဲ့ တွင် ပါ၀င်သည်။
ယခု ဖြစ်ပွားသော တိုက်ပွဲသည် SSPP/ SSA နှင့် နေပြည်တော် ငြိမ်းချမ်းရေးကောင်စီ တွေ့ဆုံမှုကြောင့်ဖြစ်နိုင် သည်ဟုဆိုသော်လည်း TNLA ဘက်မှ ပလောင်ပြည်နယ်ထူထောင်နိုင်ရေး ဆန္ဒပြင်းပြမှုကြောင့် လည်းဖြစ်နိုင် သည်ဟု လားရှိုးမြို့နေ နိုင်ငံရေးလေ့လာ စောင့်ကြည့်သူ ဆရာစိုင်းထွန်း ကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...