မိုင်းရှူးမြို့နယ်အတွင်း SSPP/SSA တပ်စခန်းကို အစိုးရတပ်မတော် တက်တိုက်  

သျှမ်းပြည်တောင်ပိုင်း လွိုယ်လင်ခရိုင် မိုင်းရှူးမြို့နယ် အတွင်းရှိ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းတခုကို အင်အား ၁၀၀ ခန့်ရှိ အစိုးရတပ်မတော် စစ်ကြောင်းတခုက ယနေ့ မေ ၁၁ ရက် ၂၀၁၈ ခု နံနက်ပိုင်းက တက်တိုက်သဖြင့် ၂ ဖက်ကြား တိုက်ပွဲဖြစ်ပွားသည်ဟုသိရသည်။


အစိုးရတပ်မတော် ခြေမြန်တပ်ရင်း ခမရ ၅၂၅ က လက်အောက်ခံ စစ်ကြောင်းတကြောင်းက မိုင်းရှူးမြို့ အရှေ့မြောက်ဘက် နမ့်တောင် ကျေးရွာအုပ်စု ပါခီးကျေးရွာ တောင်ဘက်ရှိ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်း ကို မေလ ၁၁ ရက် နံနက် ၉ နာရီခန့်မှစ၍ တက်တိုက်ခဲ့ကြောင်း၊ တနာရီကျော်ကြာ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး တပ်မတော် စစ်ကြောင်းက တပ်ဆုတ်သွားသည့်အတွက် တိုက်ပွဲငြိမ်သွားကြောင်း ဌာနချုပ် ပြန်ကြားရေးအရာရှိ တဦးကပြောသည်။

“လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက ဒီစစ်ကြောင်း ဒီဒေသ ထဲ ကို ၀င်ရောက်လှုပ်ရှားသွား လာနေ တာ။ ဒီလိုလုပ်ရင်တိုက်ပွဲက ဖြစ်တော့မှာဘဲ ဆိုတာ ကျနော်တို့ ကြိုသိထားတယ်။ အခုလဲတောနင်းလာတာ ဒီစစ်ကြောင်းက ” – ဒေသ အတွင်း SSPP/SSA တပ်မှူး ကြီးတဦးက ပြောသည်။

အဆိုပါဒေသအတွင်း အစိုးရတပ်မတော်နှင့် SSPP/SSA သျှမ်းပြည်တပ်မတော် တို့အကြား ၂၀၁၅-၁၆ က မကြာခဏ တိုက်ပွဲဖြစ်ပွားခဲ့ဖူးသည်။ တိုက်ပွဲကြောင့် အဆိုပါဒေသအတွင်းရှိ မိုင်းရှူး၊ ကျေးသီး၊ တန့်ယန်းမြို့ နယ် (တချို့ကျေးရွာ) တို့ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိခဲ့ပေ။

သျှမ်းပြည်တပ်မတော် SSPP-SSA သည် လက်နက်ကိုင်တပ်ဖွဲ့များအားလုံး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးစာချုပ် NCA ပါ၀င်မှလက်မှတ်ရေးထိုးမှသာ စစ်မှန်သည့်ငြိမ်းခြမ်းရေးရရှိနိုင်မည် ဆိုသည့် မူကို စွဲကိုင် ထားသောကြောင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်းရေးဆွဲစဉ်ပါ၀င်သော်လည်း NCA စာချုပ် လက်မှတ်ရေးထိုး နိုင်ခြင်းမရှိသေးပါ။

ပလောင် TNLA ၊ ကိုးကန့် MNDAA ရခိုင် AA တို့ NCA လက်မှတ်ရေး ထိုးရန်တပ်မတော်က ငြင်းပါယ်လိုက်သည့်နောက်ပိုင်း ၄င်းအဖွဲ့များအားလုံးပါ၀င်ပြီး ၀ တပ်ဖွဲ့ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ FPNCC တွင် SSPP/SSA သျှမ်းပြည်တပ်မတော်က အဖွဲ့ဝင်အဖြစ် ပါ၀င်သွားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

မိုင်းရယ် တောင်ယာထဲ ကျားဖြန့်လုပ်ကိုင်သူများ ပုန်းအောင်းနေခြင်းကြောင့် ဒေသခံစိုးရိမ်ထိတ်လန့်

0
သျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာများတွင် အွန်လိုင်းငွေလိမ် ( ကျားဖြန့်)လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ တတိယပတ်မှ စတင်ပြီး မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာတဲများသို့ သီပေါမြို့နယ် မန်မော်ကျေးရွာအုပ်စုဘက်မှ ထွက်ပြေးလာသည့် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေးနှင့်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...