SSPP/SSA
မူဆယ်မြို့နယ် မန့်ဟီးရိုးနယ်စပ်ဂိတ်ကို တရုတ်ဘက်မှ အစမ်းဖွင့်လှစ်
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့နယ် မန့်ဟီးရိုးမြို့ရှိ နယ်စပ်ဂိတ်ကို တရုတ်နိုင်ငံဘက်မှ စမ်းသပ်ဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံအချို့ ဖြတ်သန်းနိုင်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) နံနက်ပိုင်းမှ စတင်ပြီး မူဆယ်မြို့နယ် မန်ဟီးရိုးမြို့ရှိ မြန်မာ-တရုတ် နှစ်ပြည်တစ်ရွာ နယ်စပ်ဂိတ်ကို တရုတ်နိုင်ငံဘက်မှ စမ်းသပ်ဖွင့်လှစ်ပေးခဲ့ရာ ရွှေလီမြစ်တစ်ဘက်ကမ်း မန်ဟီးရိုးမြို့နှင့် အနီးတဝိုက်...
မိုးမိတ် SSPP/SSA သေနတ်ပစ်ဖောက်သည့်ကိစ္စ ဖြေရှင်းပေးရန် TNLA စာပို့အကြောင်းကြား
သျှမ်းပြည် မိုးမိတ်မြို့နယ်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ သေနတ်ပစ်ဖောက်ခဲ့သည့် ကိစ္စကို မဟာမိတ် ဂုဏ်သိက္ခာရှိစွာဖြင့် လာရောက်ဖြေရှင်းရန် TNLA က စာပေးပို့ အကြောင်းကြားခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ မတ်လ (၂၃) ရက်တွင် မိုးမိတ်မြို့နယ် မန်ဖွယ်ကျေးရွာရှိ SSPP/SSA စခန်းချနေရာကို တအာင်း(ပလောင်)...
မိုင်းရှူးမြို့နယ်ရှိ ကျားဖြန့်ဂိုဏ်းတခုကို SSPP က ဝင်ရောက်ဖမ်းဆီး
သျှမ်းပြည် မိုင်းရှူးမြို့နယ်တွင် အခြေစိုက်လုပ်ကိုင်းနေသည့် ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဝင်ရောက် ဖမ်းဆီးလိုက်ကြောင်း ယနေ့ ( မတ်လ (၂၄)ရက် တွင် သတင်းထုတ်ပြန်သည်။ သျှမ်းပြည် မိုင်းရှူးမြို့နယ် နှင့် မိုင်းနောင်မြို့နယ် နယ်စပ်ကြားရှိ တောတွင်တစ်နေရာတွင် တရားမဝင် ကျားဖြန့်ငွေလိမ်ဂိုဏ်း...
TNLA မှ မိုးမိတ် SSPP/SSA တပ်စခန်းကို ဖိအားပေး မောင်းထုတ် နှစ်ဘက်ကြား စစ်ရေးတင်းမာနေ
သျှမ်းပြည် မြောက်ပိုင်း မိုးမိတ်မြို့နယ်တွင် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA ) မှ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်( SSPP/SSA) ကို စစ်ရေးအရ ဖိအားပေး မောင်းထုတ်မှုကြောင့် နှစ်ဘက်ကြား စစ်ရေးတင်းမာမှုများဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၃) ရက် နေ့လယ် ၁၂ နာရီဝန်းကျင် နှင့်...
“ပဋိပက္ခ မဖြစ်ပွားဖို့က သက်ဆိုင်ရာ တာဝန်ရှိ ထိပ်သီးခေါင်းဆောင်တွေ တာဝန်ယူ တာဝန်ခံမှုအနေနဲ့ ထိန်းသိမ်းပေးဖို့ လိုတယ်”
ဖေဖော်ဝါရီ (၇) ရက် သျှမ်းပြည်အမျိုးသားနေ့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်TNLA ထိန်းချုပ်ထားသည့် သီပေါမြို့ရှိ မြို့ဝင်မုခ်ဦး ဆေးရောင်ပြောင်းသုတ်ခံရပြီး သျှမ်းပြည်အလံပါ ဝါစိမ်းနီ အရောင်များဖြင့် ဆေးခြယ်ထားသည့် သျှမ်းပြည်မြေပုံလည်း အရောင်ပြောင်း ဆေးခြယ်ခံလိုက်ရသည်။ သီပေါမြို့ဝင်ဆိုင်းဘုတ် ဆေးရောင်ပြောင်းခြင်းကို TNLA လက်အောက်ခံ မြို့နယ်စည်ပင်သာယာရေးက မြို့အဝင်ရှိ ကျေးရွာဖွံ့ဖြိုးရေးနှင့် ဆိုင်းဘုတ်ရှိ...
နမ့်စန်မြို့နယ် SSPP နှင့် RCSS တိုက်ပွဲအတွင်း ကျေး/လက်ဆေးပေးခန်း လက်နက်ကြီးထိမှန်
သျှမ်းပြည် နမ့်စန်မြို့နယ်တွင် SSPP နှင့် RCSS တိုက်ပွဲအတွင်း ကျေးလက်ဆေးပေးခန်းကို လက်နက်ကြီးထိမှန်ခဲ့ပြီး စစ်ဘေးရှောင်များ ထပ်မံထွက်ပြေးနေရကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၁၅) ရက် ညပိုင်းတွင် နမ့်စန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စုရှိ နမ့်မိုရွာအနီးတွင် သျှမ်းတပ်နှစ်တပ်ဖြစ်သည့် SSPP နှင့် RCSS တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့ရာ နမ့်မိုကျေးလက်ဆေးပေးခန်းကို...
ကျေးသီးမြို့နယ် စစ်ကောင်စီ နှင့် SSPP စစ်မှုထမ်းအတွက် အပြိုင်အဆိုင်လူသစ်စုဆောင်း
သျှမ်းပြည် ကျေးသီးမြို့ပေါ် ရပ်ကွက်များတွင် စစ်ကောင်စီတပ်နှင့် SSPP/SSA တို့မှ စစ်မှုထမ်းရန် အပြိုင်အဆိုင် လူသစ်စုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလဆန်းပိုင်းမှ စတင်ပြီး ကျေးသီးမြို့ပေါ် ရပ်ကွက်များတွင် စစ်ကောင်စီတပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့မှ စစ်မှုထမ်းရန် အပြိုင်အဆိုင် လူသစ်စုဆောင်းနေပြီး SSPP မှ မြို့ပေါ်ရပ်ကွက်...
နမ္မတူမြို့နယ် SSPP မှ စစ်မှုထမ်းရန် မိဘများ ဖမ်းဆီးပြီး သားသမီးနှင့် အစားထိုးလဲလှယ်ခိုင်း
သျှမ်းပြည် နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာအုပ်စုတွင် သျှမ်းတပ် SSPP/SSA မှ တပ်သားသစ်စုဆောင်းရန် မိဘများကို ဖမ်းဆီးပြီး သားသမီးနှင့် လဲလှယ်ခိုင်းကြောင်း စုံစမ်းသိရသည်။ ယမန်နှစ် ၂၀၂၄ ဒီဇင်ဘာ လဆန်းပိုင်းကတည်းက နမ္မတူမြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ တပ်သားသစ် စုဆောင်းရန် မိုင်းရင်ကျေးရွာအုပ်စုအတွင်း ဖမ်းဆီးခေါ်ဆောင်သွားသည့်...
မိုးမိတ်မြို့နယ်အတွင်း SSPP မှ လူထုတွေ့ဆုံပွဲပြုလုပ်
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် သျှမ်းတပ် SSPP/SSA မှ လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီး အုပ်ချုပ်ရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စများ ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၇) ရက် နံနက်ပိုင်းတွင် မိုးမိတ်မြို့နယ်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA မှ မန်ဖွယ်ရွာသစ်၊ မန်အုံ၊ မိုးဘုံ၊ မန်ပတ်၊ လယ်ကြီးနှင့်...
နမ့်စန်မြို့နယ်အတွင်း RCSS နှင့် SSPP တိုက်ပွဲဖြစ်
သျှမ်းပြည် နမ့်စန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စုရှိ ကျောက်မီးသွေးတွင်းများမှ အခွန်ကောက်ခံရန် သျှမ်းတပ်နှစ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ပထမပတ်အတွင်း နမ့်စန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စု နမ့်မိုကျေးရွာအနီးတွင် SSPP နှင့် RCSS တပ်ဖွဲ့တို့ ဒရုန်းဖြင့် အပြန်အလှန် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနီးပတ်ဝန်းကျင် ကျေးရွာများရှိ အိမ်ခြေ (၂၀၀) ကျော်မှ...





