သီပေါမြို့နယ် စိန်ကျော့ပြည်သူ့စစ်ဌာနချုပ်ကို MNDAA ထိန်းချုပ်၊ ပန်ဆိုင်း SSPP နှင့် MNDAA မြေပြင်ထိတွေ့မှုရှိ

သျှမ်းပြည် သီပေါမြို့နယ်ရှိ စိန်ကျော့ဌာနေ ပြည်သူ့စစ် ဌာနချုပ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းကြောင့် စိန်ကျော့ပြည်သူ့စစ်အားလုံး တပ်ဆုတ်ခွာပေးခဲ့ရကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဧပြီလ ၂၉ ရက်) နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် ဆင်ကျော့ကျေးရွာအုပ်စုရှိ စိန်ကျော့ဌာနေပြည်သူ့စစ် ဌာနချုပ် အနီးတဝိုက်ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းကြောင့် စဝ်ဆိုင်ဟန် ဦးဆောင်သည့် စိန်ကျော့ပြည်သူ့စစ်အဖွဲ့ဝင် (၁၀၀) ခန့်သည် ညနေ ၄ နာရီကျော်တွင် ဌာနချုပ်နေရာမှ တပ်ဆုတ်ခွာပေးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

“အခုတော့ စိန်ကျော့ပြည်သူ့စစ် ဌာနချုပ်နေရာမှာ ကိုးကန့်စစ်သားတွေ အကုန်နေရာယူထားပြီ။ ပြည်သူ့စစ်လုပ်တဲ့ သျှမ်းစစ်သား တစ်ယောက်မှ မရှိတော့ဘူး။ လူကြီးတွေက မဟာမိတ်လို့ ပြောတာကိုး၊ အခု သူများမောင်းထုတ်တော့ မဟာမိတ်လည်း တပ်ဆုတ်ပေးရတာပဲ”ဟု သီပေါဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တိုက်ပွဲအတွင်း MNDAA ဘက်မှ တပ်သား ၂ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်း ရှိကာ ထိခိုက်သေဆုံးမှု အသေးစိတ်ကို မသိရသေးကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဧပြီလ ၂၉ ရက်) နံနက်ပိုင်းတွင် ကိုးကန့်တပ် MNDAA မှ နမ္မကျေးရွာအုပ်စုရှိ နမ္မကျောက်မီးသွေးတွင်းမှ SSPP တပ်သားများကို လာရောက်မောင်းထုတ်ခဲ့ရာ နှစ်ဘက်သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

အလားတူ ယမန်နေ့ ညနေပိုင်းတွင် သီပေါမြို့နယ် ဆောင်ကြဲကျေးရွာအုပ်စု၊ လင်တိ (လႅၼ်တီႈ)၊ ဝမ်စန့်ကျေးရွာများဘက်သို့ MNDAA ဘက်မှ (၁၀၀၀) ခန့် စစ်အင်အားဖြည့်လာခြင်းကြောင့် ဒေသခံများမှာ တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

ယမန်နှစ် ၂၀၂၄ စက်တင်ဘာလ ၅ ရက်တွင် စိန်ကျော့ပြည်သူ့စစ်အဖွဲ့ ဥက္ကဋ္ဌ စဝ်လွယ်မောဝ် ဦးဆောင်ပြီး စိန်ကျော့ဌာနေပြည်သူ့စစ်နှင့် ယခင် SSPP မိုင်းခေး တပ်မဟာ (၃) မှ စစ်အင်အား (၁၀၀၀) ခန့်သည် လက်နက်အပြည့်အစုံဖြင့် မူရင်း SSPP/SSA ထံ ပြန်လည်ပူးပေါင်းခဲ့သည်။

MNDAA ထိန်းချုပ်လိုက်သည့် စိန်ကျော့ပြည်သူ့စစ် ဌာနချုပ်သည် ၂၀၁၀ ခုနှစ် မတိုင်မီအချိန်ထိ SSPP/SSA ၏ ယခင် ဌာနချုပ်ဟောင်း ဖြစ်ခဲ့ဖူးပြီး ယမန်နှစ် ၂၀၂၄ ဩဂုတ်လအတွင်း ၎င်းအနီးရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-၂၃ နှင့် ခလရ -၁၄၇ တို့ကို MNDAA မှ တိုက်ခိုက်သိမ်းပိုက်ထားသည်။

SSPP/SSA နှင့် ပြန်လည်ပူးပေါင်းလာသည့် စိန်ကျော့ပြည်သူ့စစ်အဖွဲ့ တပ်ဖွဲ့ဝင်များအား ၂ဝ၂၄ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်

အလားတူ ယမန်နေ့ (ဧပြီ ၂၉ ရက်) နေ့လယ် ၁၂ နာရီခွဲခန့်တွင် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့အနီး နမ့်ဆွမ်းကျေးရွာရှိ SSPP စစ်ဆေးရေးဂိတ်တစ်ခုကို MNDAA တပ်သားများ လာရောက်မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် ၎င်းဂိတ်ရှိ SSPP အစောင့်တပ်သားများကို နမ့်ပန်းကျေးရွာရှိ MNDAA စစ်ဆေးရေးဂိတ်ဘက် နာရီဝက်ကြာ ခေါ်ဆောင်သွားခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း ပန်ဆိုင်းဒေသခံများက ပြောသည်။

“နမ့်ဆွမ်း တံတားနားမှာ SSPP ဂိတ်တစ်ခုရှိတယ်။ နေ့လယ် ၁၂ နာရီခွဲလောက်မှာ အဲ့ဂိတ်ကို ကိုးကန့်တပ်သားတွေ ဝိုင်းလာပြီး ဂိတ်စောင့်တွေကို နမ့်ပန်းဘက် ဖမ်းခေါ်သွားတယ်။ ပြီးတော့ ဂိတ်နေရာကို ကိုးကန့်က မီးရှို့လိုက်တယ်၊ တည်းတဲ့နေရာကိုတော့ မရှို့ဘူး။ နာရီဝက်ကြာတော့ အဲ့ဒီ SSPP တပ်သားတွေကို ပြန်လွှတ်လာတယ်၊ အခု SSPP ပြန်ထိုင်နေပြီ။ နမ္မမှာ တိုက်ပွဲဖြစ်လို့ အကြောင်းရှာချင်တာ”ဟု ပန်ဆိုင်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

MNDAA အနေဖြင့် တရုတ်ဖိအားကြောင့် လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လွှဲအပ်လိုက်သော်လည်း လားရှိုးမြို့ပြင်ရှိ ကျေးရွာများတွင် ဆက်လက်တပ်စွဲထားပြီး သီပေါမြို့နယ်ရှိ နမ္မကျောက်မီးသွေးတွင်းကို အပြည့်အဝ ထိန်းချုပ်နိုင်ရန်အတွက် သျှမ်းတပ် SSPP/SSA နှင့် တိုက်ပွဲများ ဖော်ဆောင်လာကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

ကျားဖြန့်သမားများကို တိုက်ဖျက် ဖမ်းဆီးသော်လည်း ဆက်လက် ကြီးထွားနေဆဲ

0
သျှမ်းပြည်အတွင်းရှိ စစ်ကော်မရှင် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံတို့သည် အွန်လိုင် ငွေလိမ်လည်မှု (ကျားဖြန့် )တိုက်ဖျက်မှုကို ပြုလုပ်သွားမည်ဟု ကြွေးကြော်နေသော်လည်း လက်ရှိအချိန်ထိ ဆက်လက် ကြီးထွား နေသေးကြောင်း စုံစမ်းသိရသည်။ ယမန့်နေ့( သြဂုတ် ၄)ရက် တွင် သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်လစ်ကျေးရွာအုပ်စု နားရိုင်းရွာသစ် ကျေးရွာ၏...