Tuesday, January 27, 2026

သီပေါမြို့နယ် စိန်ကျော့ပြည်သူ့စစ်ဌာနချုပ်ကို MNDAA ထိန်းချုပ်၊ ပန်ဆိုင်း SSPP နှင့် MNDAA မြေပြင်ထိတွေ့မှုရှိ

သျှမ်းပြည် သီပေါမြို့နယ်ရှိ စိန်ကျော့ဌာနေ ပြည်သူ့စစ် ဌာနချုပ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းကြောင့် စိန်ကျော့ပြည်သူ့စစ်အားလုံး တပ်ဆုတ်ခွာပေးခဲ့ရကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဧပြီလ ၂၉ ရက်) နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် ဆင်ကျော့ကျေးရွာအုပ်စုရှိ စိန်ကျော့ဌာနေပြည်သူ့စစ် ဌာနချုပ် အနီးတဝိုက်ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းကြောင့် စဝ်ဆိုင်ဟန် ဦးဆောင်သည့် စိန်ကျော့ပြည်သူ့စစ်အဖွဲ့ဝင် (၁၀၀) ခန့်သည် ညနေ ၄ နာရီကျော်တွင် ဌာနချုပ်နေရာမှ တပ်ဆုတ်ခွာပေးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

“အခုတော့ စိန်ကျော့ပြည်သူ့စစ် ဌာနချုပ်နေရာမှာ ကိုးကန့်စစ်သားတွေ အကုန်နေရာယူထားပြီ။ ပြည်သူ့စစ်လုပ်တဲ့ သျှမ်းစစ်သား တစ်ယောက်မှ မရှိတော့ဘူး။ လူကြီးတွေက မဟာမိတ်လို့ ပြောတာကိုး၊ အခု သူများမောင်းထုတ်တော့ မဟာမိတ်လည်း တပ်ဆုတ်ပေးရတာပဲ”ဟု သီပေါဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တိုက်ပွဲအတွင်း MNDAA ဘက်မှ တပ်သား ၂ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်း ရှိကာ ထိခိုက်သေဆုံးမှု အသေးစိတ်ကို မသိရသေးကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဧပြီလ ၂၉ ရက်) နံနက်ပိုင်းတွင် ကိုးကန့်တပ် MNDAA မှ နမ္မကျေးရွာအုပ်စုရှိ နမ္မကျောက်မီးသွေးတွင်းမှ SSPP တပ်သားများကို လာရောက်မောင်းထုတ်ခဲ့ရာ နှစ်ဘက်သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

အလားတူ ယမန်နေ့ ညနေပိုင်းတွင် သီပေါမြို့နယ် ဆောင်ကြဲကျေးရွာအုပ်စု၊ လင်တိ (လႅၼ်တီႈ)၊ ဝမ်စန့်ကျေးရွာများဘက်သို့ MNDAA ဘက်မှ (၁၀၀၀) ခန့် စစ်အင်အားဖြည့်လာခြင်းကြောင့် ဒေသခံများမှာ တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

ယမန်နှစ် ၂၀၂၄ စက်တင်ဘာလ ၅ ရက်တွင် စိန်ကျော့ပြည်သူ့စစ်အဖွဲ့ ဥက္ကဋ္ဌ စဝ်လွယ်မောဝ် ဦးဆောင်ပြီး စိန်ကျော့ဌာနေပြည်သူ့စစ်နှင့် ယခင် SSPP မိုင်းခေး တပ်မဟာ (၃) မှ စစ်အင်အား (၁၀၀၀) ခန့်သည် လက်နက်အပြည့်အစုံဖြင့် မူရင်း SSPP/SSA ထံ ပြန်လည်ပူးပေါင်းခဲ့သည်။

MNDAA ထိန်းချုပ်လိုက်သည့် စိန်ကျော့ပြည်သူ့စစ် ဌာနချုပ်သည် ၂၀၁၀ ခုနှစ် မတိုင်မီအချိန်ထိ SSPP/SSA ၏ ယခင် ဌာနချုပ်ဟောင်း ဖြစ်ခဲ့ဖူးပြီး ယမန်နှစ် ၂၀၂၄ ဩဂုတ်လအတွင်း ၎င်းအနီးရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-၂၃ နှင့် ခလရ -၁၄၇ တို့ကို MNDAA မှ တိုက်ခိုက်သိမ်းပိုက်ထားသည်။

SSPP/SSA နှင့် ပြန်လည်ပူးပေါင်းလာသည့် စိန်ကျော့ပြည်သူ့စစ်အဖွဲ့ တပ်ဖွဲ့ဝင်များအား ၂ဝ၂၄ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်

အလားတူ ယမန်နေ့ (ဧပြီ ၂၉ ရက်) နေ့လယ် ၁၂ နာရီခွဲခန့်တွင် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့အနီး နမ့်ဆွမ်းကျေးရွာရှိ SSPP စစ်ဆေးရေးဂိတ်တစ်ခုကို MNDAA တပ်သားများ လာရောက်မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် ၎င်းဂိတ်ရှိ SSPP အစောင့်တပ်သားများကို နမ့်ပန်းကျေးရွာရှိ MNDAA စစ်ဆေးရေးဂိတ်ဘက် နာရီဝက်ကြာ ခေါ်ဆောင်သွားခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း ပန်ဆိုင်းဒေသခံများက ပြောသည်။

“နမ့်ဆွမ်း တံတားနားမှာ SSPP ဂိတ်တစ်ခုရှိတယ်။ နေ့လယ် ၁၂ နာရီခွဲလောက်မှာ အဲ့ဂိတ်ကို ကိုးကန့်တပ်သားတွေ ဝိုင်းလာပြီး ဂိတ်စောင့်တွေကို နမ့်ပန်းဘက် ဖမ်းခေါ်သွားတယ်။ ပြီးတော့ ဂိတ်နေရာကို ကိုးကန့်က မီးရှို့လိုက်တယ်၊ တည်းတဲ့နေရာကိုတော့ မရှို့ဘူး။ နာရီဝက်ကြာတော့ အဲ့ဒီ SSPP တပ်သားတွေကို ပြန်လွှတ်လာတယ်၊ အခု SSPP ပြန်ထိုင်နေပြီ။ နမ္မမှာ တိုက်ပွဲဖြစ်လို့ အကြောင်းရှာချင်တာ”ဟု ပန်ဆိုင်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

MNDAA အနေဖြင့် တရုတ်ဖိအားကြောင့် လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လွှဲအပ်လိုက်သော်လည်း လားရှိုးမြို့ပြင်ရှိ ကျေးရွာများတွင် ဆက်လက်တပ်စွဲထားပြီး သီပေါမြို့နယ်ရှိ နမ္မကျောက်မီးသွေးတွင်းကို အပြည့်အဝ ထိန်းချုပ်နိုင်ရန်အတွက် သျှမ်းတပ် SSPP/SSA နှင့် တိုက်ပွဲများ ဖော်ဆောင်လာကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ကွမ်းလုံတံတားတွင် MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်း

0
သျှမ်းပြည် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးပေါ်ရှိ ကွမ်းလုံတံတားတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာသည့် ခရီးသည်နှင့် ယာဉ်မောင်းများကို ကွမ်းလုံတံတားတွင်...

လားရှိုး-မိုင်းရယ်တွင် ရွေးကောက်ပွဲနောက်ပိုင်း ဒေသခံများကို MNDAA အခွန်ဆောင်ခိုင်း

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များကို ၂၀၂၆ နှစ်ဆန်းပိုင်းမှ စတင်ပြီး တစ်လချင်း အခွန်ပေးဆောင်ရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၂ ရက်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့်...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...