TNLA မှ မိုးမိတ် SSPP/SSA တပ်စခန်းကို ဖိအားပေး မောင်းထုတ် နှစ်ဘက်ကြား စစ်ရေးတင်းမာနေ

သျှမ်းပြည် မြောက်ပိုင်း မိုးမိတ်မြို့နယ်တွင် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA ) မှ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်( SSPP/SSA) ကို စစ်ရေးအရ ဖိအားပေး မောင်းထုတ်မှုကြောင့် နှစ်ဘက်ကြား စစ်ရေးတင်းမာမှုများဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မတ်လ ၂၃) ရက် နေ့လယ် ၁၂ နာရီဝန်းကျင် နှင့် ည ၇ နာရီကျော်တွင် မိုးမိတ်မြို့နယ် မန်ဖွယ်ကျေးရွာရှိ SSPP/ SSA တပ်စခန်း ကို TNLAမှ စစ်ရေးအရဖိအားပေး မောင်းထုတ်မှုများ ပြုလုပ်ခဲ့ပြီး နှစ်ဘက်ကြား စစ်ရေးတင်းမာမှုရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဟုတ်တယ် စစ်ရေးတင်းမှာမှု တကယ်ဖြစ်ခဲ့တာ အမှန်ပါ။ PDF နဲ့ကိစ္စ ငြိပြီးတော့ ကျနော်တို့ ဒီလယ်ကြီးရွာက အဖွဲ့ကို ဖယ်ဖို့လာပြောတယ်။ ကျနော်တို့ဘက်က သတိပေးမှုတွေ တော့ရှိတယ်” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဉီးက ပြောသည်။

ဆက်လက်ပြီး ယမန်နေ့တွင် လယ်ကြီးကျေးရွာရှိ SSPP တပ်စခန်းကို ထပ်မံ ဆုတ်ခွာရန် TNLA က နှစ်ကြိမ်တိုင်လာရောက်ပြောဆိုမှုကြောင်း နှစ်ဘက် စစ်ရေးတင်းမာနေကြောင်း သိရသည်။

“သူတို့ ဖယ်ပေးခိုင်းတဲ့နေရာကတော့ ကျနော်တို့ နေတဲ့ လယ်ကြီးရွာ(ဝၢၼ်ႈလွၵ်းလူင်)နဲ့ မန်ဖွယ်ရွာ (ဝၢၼ်ႈၽၢႆၵဝ်ႇ) ကို ဖယ်ပေးခိုင် တာပါ။ကျနော်တို့က တော့ အခုချိန်ထိဖယ်ပေးတာမျိုးမရှိပါဘူး။”ဟု ၎င်းကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး TNLA ပြန်ကြားရေး လွေးယေဉီးကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း မရရှိခဲ့ပေ။

SSPP တပ်စခန်းရှိသည့် မန်ဖွယ်ကျေးရွာ

သျှမ်းပြည်မြောက်ပိုင်းတွင် TNLA နှင့် SSPP တို့ကြား နယ်မြေ အငြင်းပွားမှု မကြာခဏဖြစ်ပွားခဲ့ပြီး၊ ပြီးခဲ့သည် ၂၀၂၄ခုနစ် ဇူလိုင် ၁၃ရက်တွင် SSPP နှင့် TNLA တို့ကြားဖြစ်ပွားသည့် အငြင်းပွားမှုကြောင့် “ဝ”တပ်ဖွဲ့ (UWSA) ဉီးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးမှု ညှိနှိုင်းရေး ကော်မတီ (FPNCC) က ညှိနှိုင်းပေးမှုကြောင့် ပြေလည်မှု ရရှိခဲ့သည်။

FPNCC အဖွဲ့များသည် UWSA၊ SSPP/SSA၊ TNLA နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မိုင်းလားတပ်မတော် (NDAA) ၊ ကိုးကန့်တပ်မတော် (MNDAA) နှင့် ရက္ခိုင်တပ်တော်(AA)တို့ ပါဝင်သည်။

မိုးမိတ်မြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အများအပြား အခြေစိုက်လှုပ်ရှားပြီး မန္တလေးတိုင်း သပိတ်ကျင်း၊ မိုးကုတ်မြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်ပြီး စစ်ရေးအရလည်း အရေးပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...